Wednesday, October 12, 2016

ရခိုင်မှာ လေးရက်မြောက် ပစ်ခတ်မှုတွေ ဆက် ဖြစ်ပြီး ရွာသားတွေ ထွက်ပြေးနေ

BBC 
12.10.2016
                                                      ရခိုင်မှာ လေးရက်မြောက် ပစ်ခတ်မှုတွေ ဆက် ဖြစ်ပြီး ရွာသားတွေ ထွက်ပြေးနေ
 
ရခိုင်ပြည်နယ် မောင်တော မြို့နယ် ထဲမှာ နယ်ခြားစောင့် စခန်း တွေ စီနင်း ခံခဲ့ရ အပြီး အောက်တိုဘာ ၁၂ ရက် ဗုဒ္ဓဟူးနေ့ အထိ ပစ်ခတ်မှုတချို့ လေးရက်မြောက် ဆက်လက် ဖြစ်ပေါ်ခဲ့ပါတယ်။

ဝက်သိုက်နဲ့ အလယ်သံကျော် ရွာ အနီး ပစ်ခတ်မှုတွေ ပေါ်ပေါက်ခဲ့ပြီး ပတ်ဝန်းကျင်က ဒေသခံ ရခိုင် ရွာသားတွေ လုံခြုံရေး စိုးရိမ်မှုကြောင့် ထွက်ပြေး ခဲ့ရတယ်လို့ အဲဒီက လာတဲ့ သတင်းတွေက ဆိုပါတယ်။

ကြက်ရိုးပြင် ဆိုတဲ့ ရွာထဲမှာလည်း အစိုးရ လုံခြုံရေး တပ်ဖွဲ့ဝင် တွေက နယ်မြေ ရှင်းလင်းတုန်း အတိုက်အခိုက် ခံလာရ တဲ့ အတွက် အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားပြီး တိုက်ခိုက် လာသူတွေ ထဲက အလောင်း ၁ဝ လောင်း ကျန်ရစ် ခဲ့တယ် လို့ အစိုးရ စစ်တပ်က ပြောပါတယ်။

မောင်တော မြို့နယ် မြို့သူကြီးရွာ က မွတ်ဆလင် တစ်ဦးကတော့ အစိုးရ လုံခြုံရေး တပ်ဖွဲ့တွေဟာ မွတ်ဆလင်မ် ရွာတွေထဲ ဝင်ရောက် ပြီး လူတွေ့ တာနဲ့ အစစ်ဆေး အမေးမြန်း မရှိ ပစ်ခတ်နေ တယ်လို့ ဘီဘီစီကို ပြောပါတယ်။

သူ့မျက်စိရှေ့တင် အသက် ၁၄ နှစ်ကနေ အသက် ၃ဝ ကျော် အတွင်း ရှိမယ့် အရပ်သား ၇ ယောက် အပစ် ခံခဲရ တယ် လို့ အဲဒီ့ မျက်မြင် ကြုံတွေ့ ခဲ့ရသူက ဆိုပါတယ်။

ပြန်ကြားရေး ဝန်ကြီး ဒေါက်တာ ဖေမြင့် ဦးဆောင်တဲ့ အဆင့်မြင့် အစိုးရ အရာရှိတွေ လည်း ရခိုင် ပြည်နယ် မှာ ရောက်ရှိ နေပြီး စစ်တွေနဲ့ မောင်တော မြို့တွေမှာ ဗုဒ္ဓဘာသာနဲ့ မွတ်ဆလင် နှစ်ဘက် အသိုင်းအဝိုင်းကို သီးခြားစီ တွေဆုံ ခဲ့ပါတယ်။

မွတ်ဆလင်တွေ တွေ့ကြုံ နေရတဲ့ စိုးရိမ်မှုတွေကို အစည်းအဝေးမှာ ပြောပြ ခဲ့တယ်လို့ စစ်တွေ မွတ်ဆလင် အသိုင်း အဝိုင်းက ရပ်မိရပ်ဖ တစ်ဦး ဖြစ်တဲ့ ဦးလှကျော်က ပြောပါတယ်။

တာဝန် ရှိသူတွေကလည်း မွတ်ဆင်လင်မ် အသိုင်းအဝိုင်းကို မစိုးရိမ်ဖို့ ပြောကြား ခဲ့သလို အစိုးရနဲ့ ပူးပေါင်းပြီး မသင်္ကာသူ တွေကို တွေ့ရရင်လည်း သတင်းပို့ တိုင်းကြားဖို့ တိုက်တွန်း ခဲ့တယ်လို့ ဆိုပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */