Friday, October 14, 2016

( 14.10.2016 )မောင်တောမြို့နယ်အတွင်းရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းများအား အကြမ်းဖက် တိုက်ခိုက်မှု အခြေအနေဆိုင်ရာ သတင်းထုတ်ပြန်ချက်အမှတ် (၁/၂၀၁၆)

                                        
                                           ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
သတင်းထုတ်ပြန်ချက်အမှတ် (၁/၂၀၁၆)
(၁၃၇၈ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၃ ရက်)
(၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ  ၁၄ ရက်)
မောင်တောမြို့နယ်အတွင်းရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းများအား အကြမ်းဖက် တိုက်ခိုက်မှု အခြေအနေဆိုင်ရာ သတင်းထုတ်ပြန်ချက်

 ၁။ ၂ဝ၁၆ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်အတွင်းရှိ အမှတ်(၁) နယ်ခြားစောင့်ရဲကွပ်ကဲမှုဌာနချုပ်(ကျီးကန်းပြင်)၊ ကိုးတန်ကောက် ရဲကင်း စခန်းနှင့် ငါးခူရ နယ်မြေရုံးများသို့ အကြမ်းဖက်သမားများက အလစ်အငိုက် ရယူ၍ အကြမ်းဖက် စီးနင်း တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ပါသည်။အကြမ်း ဖက်သမားများ၏ တိုက်ခိုက်မှု ကြောင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၉ ဦး ကျဆုံးခဲ့ပြီး လက်နက်မျိုးစုံ ၄၈ လက်၊ ကျည်မျိုးစုံ ၆၆၂၄ တောင့်၊ လှံစွပ် ၄၇ ချောင်း၊ ကျည်အိမ် ၁၆၄ ခု ဆုံးရှုံးခဲ့ရပါသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပြန်လည်ခုခံမှုကြောင့် အကြမ်းဖက်သမား ၈ ဦး၏ အလောင်း များ ရရှိခဲ့ပြီး ၂ ဦးအား အရှင် ဖမ်းမိခဲ့ပါသည်။ ၎င်းတို့ထံမှ လုပ်သေနတ်ပစ္စတို ၁ လက်၊ ၎င်းကျည် ၂ တောင့်နှင့် ကျည်အိမ် ၁ ခု သိမ်းဆည်းရမိခဲ့ပါသည်။

၂။ ယူဆောင်သွားသော လက်နက်ခဲယမ်းများနှင့် အကြမ်းဖက်သမားများသည် မောင်တောခရိုင် အတွင်း လှည့်vလည်သွားလာ၍ အကြမ်းဖက်မှုများဆက်လက်လုပ်ဆောင်လာခဲ့ရာ တပ်မတော် တပ်ရင်း တပ် ဖွဲ့ များနှင့် မြန်မာvနိုင်ငံ ရဲတပ်ဖွဲ့ဝင်များက ပူးပေါင်း၍ အကြမ်းဖက်တိုက်ဖျက်ရေး လုပ်ငန်းများကို လုပ်ဆောင် ခဲ့ပါသည်။ 
တပ်မတော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ပူးပေါင်း စစ်ကြောင်းများက အကြမ်းဖက် သမားများ ခိုအောင်းနေထိုင်ရာဒေသများတွင် နယ်မြေ ရှင်းလင်းမှုဆိုင်ရာ စစ်ဆင်ရေးများဆင်နွဲခဲ့ရာ အကြမ်းဖက် သမားများနှင့် မကြာခဏ ထိတွေ့မှုများ ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်အထိ တပ်မတော်သား ၅ ဦး အသက်ပေး လှူခဲ့ရပါသည်။

၃။       ဖမ်းဆီးရမိသော အကြမ်းဖက်သမား ၂ ဦးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြန်လည် လွှဲပြောင်း ပေး ခဲ့သည့် အကြမ်းဖက်သမား ၂ ဦးတို့ကို ပဏာမစစ်ဆေးဖော်ထုတ်ချက် အရ မောင်တော မြို့နယ် အတွင်း ဖြစ်ပွားလျက်ရှိသော အကြမ်းဖက်တိုက်ခိုက်မှုများ သည် ပြည်ပမှ ငွေကြေးထောက်ပံ့မှု၊ ပြည်ပ အကြမ်းဖက် အဖွဲ့အစည်းဝင်များ၏ ပံ့ပိုးမှုကူညီမှုတို့ဖြင့် အချိန်ယူကာ စနစ်တကျ ကြိုတင် ဆောင် ရွက် ခဲ့သော အကြမ်းဖက် တိုက်ခိုက်မှု များဖြစ်ကြောင်း တွေ့ရှိရပါသည်။ 

၄။       မောင်တောဒေသ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်သည် ၎င်းဒေသတွင် အများစု ရောက်ရှိ နေထိုင် လျက်ရှိသော အစ္စလာမ်ဘာသာဝင်များအတွင်း အစွန်းရောက်အကြမ်းဖက်ဝါဒ တိုးမြင့်လာစေရန် အချိန် ယူ ၍ စည်းရုံး သိမ်းသွင်းဆောင်ရွက် ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးဖော်ထုတ် ရရှိခဲ့ပါ သည်။ မောင်တော ဒေ သကို ခြေကုတ်ယူ၍ ဘူးသီးတောင်၊ မောင်တောဒေသ ကို သိမ်းပိုက်နိုင်ရန် ကြိုးပမ်း အားထုတ် ခဲ့ခြင်း ဖြစ် ပြီး အရှေ့အလယ်ပိုင်းနိုင်ငံအချို့ရှိ အစွန်းရောက်ပုဂ္ဂိုလ်များ၏ ငွေကြေးပံ့ပိုးမှု အလုံးအရင်း ရယူခဲ့ခြင်းဖြစ်ပါ သည်။ ငွေကြေးများ ထောက်ပံ့မှုပြုရာတွင် အဖွဲ့အစည်းအလိုက် ဆောင်ရွက်ခြင်း မပြုဘဲ လူပုဂ္ဂိုလ်တစ်ဦး ချင်းဆက်သွယ်မှုဖြင့် လျှို့ဝှက်ဆောင် ရွက် ခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ် ရရှိခဲ့ပါသည်။

၅။       မောင်တောဒေသ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်သည် RSO အကြမ်းဖက်အဖွဲ့နှင့် ဆက်နွယ် သောမောင်တောဒေသတွင် လှုပ်ရှားသည့် Aqa Mul Mujahidin (အကာလ်မူလ် မူဂျာဟီဒင်န်) အဖွဲ့၏ ဆောင်ရွက် ချက်ဖြစ်ကြောင်း စစ်ဆေးဖော်ထုတ်ရရှိခဲ့ပါသည်။ ၎င်းအဖွဲ့ကို ဦးဆောင်သူ မှာ မောင်တောမြို့နယ်၊ ကျောက်ပြင်ဆိပ်ကျေးရွာနေ ဘာသာရေး၊ လူမျိုးရေး အစွန်းရောက် တစ်ဦးဖြစ်သည့် ဟာဗစ်တူဟာရ် ဖြစ်ကြောင်း၊ အသက် ၄၅ နှစ်ခန့်ရှိသည့် ဟာဗစ်တူဟာရ်သည် ပါကစ္စတန်နိုင်ငံရှိ တာလီဘန်များထံ ၆ လ သင်တန်းတက်ရောက်ခဲ့သူဖြစ်ပြီး ၎င်း၏အစ်မ ၄ ဦးနှင့် အစ်ကို ၁ ဦး တို့ မှာ ဆော် ဒီအာရေးဗီးယားနိုင်ငံတွင် နေထိုင်လျက်ရှိကြောင်း၊ ဟာဗစ်တူဟာရ်သည် ဘင်္ဂလားဒေ့ ရှ်နိုင်ငံ၊ တက္ကနာ့ဖ် အနီးရှိ ကျေးရွာတစ်ရွာတွင်လည်း သွားရောက် နေထိုင်လေ့ရှိပြီး ဒုက္ခသည်အမည်ခံ၍ အရှေ့ အလယ် ပိုင်းနိုင်ငံများရှိ အဖွဲ့အစည်းများထံမှ ငွေကြေး ထောက်ပံ့မှုများ ရယူလျက်ရှိကြောင်း၊ ၎င်းနှင့်အတူ ပူးပေါင်းဆောင်ရွက်နေသူများမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံနေ ငါးခူရကျေးရွာတွင် ရောက်ရှိနေသော ပါကစ္စ တန်နိုင်ငံသား ခါလစ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ကူတာပါလောင် ဒုက္ခသည် စခန်းတွင်နေထိုင်သော အီဗရာ ဟိန်း၊ အဇာ၊ အာရပ်တူလာ၊ နီလာဒုက္ခသည် စခန်းတွင် နေထိုင်သော ဇူဘိုင်၊ အစ္စလာမ်ဆို သူအပါ အဝင် (၁၂)ဦးဖြစ်ကြောင်း၊ ခါလစ်သည် ပါကစ္စတန် နိုင်ငံတွင် အကြမ်းဖက် သင်တန်း တက်ရောက်ထားသူ တစ် ဦးဖြစ်ပြီး မြန်မာ၊ ဘင်္ဂလီ၊ ရခိုင်၊ မလေး၊ ပါကစ္စတန်နှင့် အင်္ဂလိပ် ဘာသာစကားများ ကျွမ်းကျင် စွာပြော ဆိုနိုင်ကြောင်း၊ ၎င်းတို့သည် လွန်ခဲ့သော (၅) လခန့်မှစ၍  ဟာဗစ်တူဟာရ်၏ အစီအ စဉ်ဖြင့် မောင်တော  ဒေသသို့ ဝင်ရောက်လာပြီး ဟာဗစ် တူဟာရ် စည်းရုံး ထားသော ဒေသနေ အစွန်းရောက်လူငယ်များကို အကြမ်းဖက် သင်တန်း များ ပေး ခဲ့ခြင်း ဖြစ်ကြောင်း ဖော်ထုတ်ရရှိပါသည်။

၆။       ငါးခူရအလယ်ရွာတွင် အဓိက စည်းရုံးလှုပ်ရှားခဲ့သူများဖြစ်သော ငါးခူရကျေးရွာနေအဒူရာမန်၊ မူနက်၊ ကာဖိုက်တူလာ၊ အာကစ်တို့(၄) ဦး သည်လည်း RSO  စစ်သင်တန်း တက်ရောက်ပြီး သူ များဖြစ် ကြောင်း၊ ဟာဗစ်တူဟာရ်၊ ခါလစ်နှင့်ကျီးကန်းပြင်စခန်းအား တိုက်ခိုက်ရာ တွင်ဦးဆောင် သူ  မောင်နှမ ကျေးရွာနေ မာဘူယာ တို့ သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒုက္ခသည် စခန်းမှ ဝင်ရောက်လာသည့် အကြမ်းဖက် အဖွဲ့ဝင် ၁၂ ဦးနှင့်ပေါင်း၍ မောင်တောမြို့နယ်၊ ဖားဝပ်ချောင်းကျေးရွာ၊ အလယ် သံကျော်ကျေးရွာနှင့် ငန်းချောင်းကျေးရွာ တို့တွင် ဓါးပြတိုက်ခဲ့ဘူးကြောင်း စစ်ဆေးဖော်ထုတ်ရရှိခဲ့ပါသည်။

၇။       ဟာဗစ်တူဟာရ်နှင့် အဖွဲ့သည် မောင်တောဒေသအတွင်းရှိ အစွန်းရောက်လူငယ်များကို စည်းရုံး သိမ်းသွင်းကာတောတွင်းနှင့် တောင်ပေါ်လူသူအရောက်အပေါက်နည်းသည့် နေရာများတွင် လည်းကောင်း ၊ငါးခူရအလယ်ကျေးရွာရှိအဒူရာမန်၏ နေအိမ်ခြံဝင်းအတွင်းတွင် လည်းကောင်း၊ ကျောက်ပြင် ဆိပ်ကျေး ရွာအနီး တောတွင်းတွင် လည်းကောင်း သေနတ်ပစ် သင်တန်းနှင့် ကိုယ်ခံပညာ သင်တန်းများကို တိတ်တ ဆိတ်သင်ကြားပေးခဲ့ကြောင်း၊ ၎င်းနောက် အကြမ်းဖက် တိုက်ခိုက်မှုများ ဆောင်ရွက်ရန် စီစဉ်ဆောင်ရွက် ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးဖော်ထုတ်ရရှိခဲ့ပါသည်။

၈။       ဟာဗစ်တူဟာရ်သည် အမှတ်(၁)နယ်ခြားစောင့်ရဲကွပ်ကဲမှုဌာနချုပ်(ကျီးကန်းပြင်)ကို မာဘူယာ ဦးဆောင်၍ အကြမ်းဖက်သမားအင်အား ၁ဝဝ ဦးခန့်ဖြင့်လည်းကောင်း၊ ငါးခူရ နယ်မြေ စခန်းကို ခါလစ်နှင့် အဒူရာမန် ဦးဆောင်၍ အကြမ်းဖက်သမား အင်အား ၁ဝဝ ဦးခန့်ဖြင့်လည်းကောင်း၊  ကြိမ်ချောင်း နယ်မြေစခန်းကိုဝါကဒ်စ်ဦးဆောင်၍အကြမ်းဖက်သမားအင်အား၅ဝဦးခန့်ဖြင့် လည်းကောင်း၊ ကျောက်လှေ ကားနယ်မြေစခန်းကို အာဇာ ဦးဆောင်၍ အကြမ်းဖက်သမား အင်အား ၅ဝ ဦးခန့်ဖြင့်လည်းကောင်း၊ ရွက်ညိုတောင် နယ်မြေ စခန်းကို ရော်ပိုင် ဦးဆောင်၍ အကြမ်းဖက်သမား အင်အား ၅ဝ ဦးခန့်ဖြင့် လည်းကောင်း၊ ကိုးတန်ကောက်ရဲကင်းစခန်းကို အဘူကူးမား ဦးဆောင်၍ အကြမ်းဖက် သမားအင်အား ၁၂ ဦးခန့်ဖြင့်လည်းကောင်း၊ အကြမ်းဖက်သမား အင်အား ၄ဝဝ နီးပါးဖြင့် နေရာ ၆ နေရာကို တစ်ချိန်တည်း တစ်ပြိုင်တည်း အကြမ်းဖက် တိုက်ခိုက်ရန် စီစဉ်ခဲ့သော် လည်း ကျီး ကန်းပြင် ဌာနချုပ်၊ ငါးခူရနယ်မြေ စခန်းနှင့် ကိုးတန်ကောက်ရဲကင်းစခန်း စုစုပေါင်း(၃)နေရာ ကိုသာ အောက် တိုဘာလ ၉ ရက်နေ့တွင် တိုက် ခိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊  စခန်းများကို တိုက်ခိုက် ပြီးနောက် ရဲတပ်ဖွဲ့ဝင်များကို သတ်ဖြတ်ပြီး လက် နက်များနှင့် ပစ္စည်းများရယူရန်၊ ရရှိသည့် လက်နက်များဖြင့် အနီးပတ်ဝန်းကျင်ရှိ တပ်မတော်နှင့် ရဲတပ် ဖွဲ့စခန်းများအား ဆက်လက် တိုက်ခိုက်ရန် ဟာဗစ်တူဟာရ် က ညွန်ကြားထားကြောင်း၊ ဝင်ရောက် တိုက်ခိုက်မှုမပြုလုပ်မီ အဖွဲ့ခေါင်းဆောင်များမှ အကြမ်းဖက်အဖွဲ့ဝင် များကို တိုက်ခိုက်မည့် အစီအမံအား စနစ်တကျ ရှင်းလင်းခဲ့ကြောင်း သိရှိရပါသည်။

၉။       Aqa Mul Mujahidin (အကာလ်မူလ် မူဂျာဟီဒင်န်) အဖွဲ့သည် ကမ္ဘာအနှံ့ရှိ အကြမ်းဖက် တိုက်ခိုက်မှုများတွင် ဆောင်ရွက်လေ့ရှိသည့် နည်းဗျူဟာများ အတိုင်း ပြည်ပငွေကြေး ထောက်ပံ့မှု (အရှေ့ အလယ်ပိုင်းရှိမောင်တောဒေသ အနွယ်)၊ အကြမ်းဖက်တိုက်ခိုက်မှုစစ်သင်တန်း (ပါကစ္စတန်-တာလီဘန်၊ ဘင်္ဂလားဒေ့ရှ်-RSO) စသည်တို့ဖြင့် စတင်၍ ပဋိပက္ခဖြစ်ပွားခဲ့သော မောင်တောဒေသ အတွင်းရှိအ စွန်းရောက် လူငယ်များကို ဘာသာရေးအရ စည်းရုံးဆောင်ရွက်သောနည်းဗျူဟာကို ကျင့်သုံးဖော်ဆောင် ခဲ့ခြင်း ဖြစ်ကြောင်း၊ အစ္စလာမ်ဘာသာဝင် အများစုနေထိုင်ရာ ဘူးသီးတောင်၊ မောင်တောဒေသကို သိမ်း ပိုက်ရယူပြီးနောက် ပြည်ပထောက်ခံမှု၊ ငွေကြေးပံ့ပိုးမှုများ မြင့်တက် လာစေရန်၊ ပြည်တွင်း၊ ပြည်ပမှ ဘာ သာရေး အစွန်းရောက်များ ပူးပေါင်းပါဝင်လာစေရန်အတွက် တာလီဘန်၊ အယ်လ်ကိုင်းဒါး၊ ISIS စသည့် အကြမ်းဖက် အဖွဲ့အစည်းများ၏ နည်းနာ အတိုင်း အင်တာနက်နှင့် လူမှု ကွန် ရက်များတွင် ဗီဒီယိုဖိုင် များလွှင့်တင်ကာ ဝါဒဖြန့်ချိလျက်ရှိကြောင်း စစ်ဆေး ဖော်ထုတ်ရရှိခဲ့ပါသည်။

၁၀။     လက်ရှိအချိန်တွင် ဟာဗစ်တူဟာရ် ဦးဆောင်သော အကြမ်းဖက်အဖွဲ့ငယ်သည် အစွန်းရောက် အကြမ်း ဖက်သမား ၄ဝဝ နီးပါးခန့်ဖြင့် မောင်တောဒေသအတွင်း အကြမ်းဖက် တိုက်ခိုက်မှုများ ဆက် လက် ဆောင်ရွက်နိုင်ရန် ကြိုးပမ်းလျက် ရှိပါသည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးတာဝန်၊ တပ်မ တော်စစ်ကြောင်းများက နယ်မြေ ရှင်းလင်းရေးတာဝန်များကို အင်အား အပြည့် အဝဖြင့် ဆောင်ရွက်လျက်ရှိရာ မကြာခဏဆိုသလို ထိတွေ့မှုများဖြစ်ပွားလျက် ရှိပါသည်။ တစ်ချိန်တည်း မှာပင် ပြည်တွင်း၊ ပြည်ပရှိ အကြမ်းဖက်အဆက်အသွယ်များ၊ အကြမ်းဖက် အားပေးသူ များကို ဆက်လက် စုံစမ်းစစ်ဆေးလျက်ရှိပြီး ထပ်မံရရှိသည့် သ တင်း အချက်အလက်များကို ပြည်သူအများ သိရှိစေရန် ဆက် လက် ထုတ်ပြန်ပေးသွားမည် ဖြစ်ပါသည်။

၁၁။     မောင်တောဒေသ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်သည် ပြည်ပရှိ အကြမ်းဖက်အဖွဲ့စည်းများ၊ အကြမ်းဖက်အားပေး လူပုဂ္ဂိုလ်များ၏ ပံ့ပိုးကူညီမှုများရယူကာ အချိန်ယူပြင်ဆင်ပြီး စနစ်တကျ စီစဉ် ဆောင် ရွက်ခဲ့သောအကြမ်းဖက်မှုဖြစ်ပါသည်။ ထိုအကြမ်းဖက်တိုက်ခိုက်မှုများသည် နိုင်ငံတော်၏ အမျိုးသား လုံခြုံရေး၊ နိုင်ငံသူ နိုင် ငံသားများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်နှင့် လုံခြုံရေးတို့ကို ထိခိုက်ဖျက်ဆီးရန် ကြိုး ပမ်းဆောင်ရွက်လာခြင်း ဖြစ်ပါသည်။ အကြမ်းဖက်တိုက်ခိုက်မှုများ၊ အကြမ်းဖက် တိုက်ခိုက်ရန် ကြိုး ပမ်းဆောင်ရွက်မှုများ စသည်တို့ အား လုံးကို ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနှင့် အခြားလုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ တည်ဆဲဥပဒေများနှင့်အညီ ထိထိ ရောက်ရောက် ကာ ကွယ်၊ တုံ့ပြန်ချေမှုန်း တိုက်ဖျက်သွားမည်ဖြစ်ပါသည်။ မောင်တောဒေသ အကြမ်းဖက် တိုက်ခိုက်မှု သာမက မည်သို့သော အကြမ်းဖက်တိုက်ခိုက်ခြင်း၊ အကြမ်း ဖက်တိုက်ခိုက်ရန် ကြိုးပမ်း အားထုတ်ခြင်းမှန်သမျှကို ထိထိရောက်ရောက် တုံ့ပြန်ချေမှုန်း သွားမည် ဖြစ်ပါသည်။ အကြမ်းဖက် သမားများ ၏ နောက် ကွယ် မှကြိုးကိုင်စီစဉ်သူများ၊ တိတ်တဆိတ် ပံ့ပိုးကူညီသူများ၊ အကြမ်းဖက် အားပေးသော အဖွဲ့အစည်း၊ လူပုဂ္ဂိုလ် များအား လုံးကိုလည်း ဆက်လက် စုံစမ်း ဖော်ထုတ်၍ ထိထိ ရောက်ရောက် အရေးယူဆောင် ရွက်သွား မည် ဖြစ်ပါသည်။ ၎င်းအပြင် ဖြစ်ပွားနေသော အကြမ်းဖက် တိုက်ခိုက်မှုများကို အခွင့်ကောင်း ယူ၍ ပြည် သူများ အကြား ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခနှင့် မတည်မငြိမ်မှုများ ဖြစ်ပေါ် လာစေ ရန် သွေး ထိုး လှုံ့ ဆော် သူများ၊ သွေးထိုး လှုံ့ဆော်ရန် ကြိုးပမ်းသူများ ကိုလည်း ဥပဒေနှင့် အညီ ပြင်းပြင်းထန်ထန် အရေး ယူသွား မည် ဖြစ်ပါသည်။

၁၂။     သို့ပါ၍ နိုင်ငံသူနိုင်ငံသားများအနေဖြင့် လက်ရှိနိုင်ငံတော်အစိုးရက ဆောင်ရွက်နေသည့် အခြေ အနေများကို သိရှိနားလည်ပြီး အကြမ်းဖက်အန္တရာယ်ကို သတိဖြင့် ဂရုပြုကြရန်၊ မိမိတို့ လူ့အဖွဲ့ အ စည်း အတွင်း ဘာသာရေး၊ လူမျိုးရေး သွေးထိုးလှုံ့ဆော်မှုများ ပြုလုပ်ခြင်းမပြုကြရန်၊ အခြား ဒေသများသို့ ပဋိပက္ခ များ ကူးစက်ဖြစ်ပွားခြင်း မရှိစေရေး တာဝန်ရှိသူ များနှင့် ပူးပေါင်းဆောင်ရွက် ပေးကြရန်၊ ဘာ သာရေး၊ လူ မှုရေးခေါင်းဆောင်များ အနေဖြင့်လည်း ပဋိပက္ခများ မဖြစ်ပေါ်စေရေး တတ်နိုင်သမျှ ဝိုင်းဝန်း ထိန်းသိမ်း ကူညီကြရန်၊ အမျိုးသား လုံခြုံရေးနှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် နိုင်ငံတော်အစိုး ရနှင့်အ တူ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံလျက် သတင်း ထုတ်ပြန်အပ်ပါသည်။


No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */