BBC
ရက်စွဲ့။( 25.10.2016 )
ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ ၂ ပတ် အတွင်း ရဲ ဝန်ထမ်း ၉ ယောက် အသတ်ခံရပြီး နောက် စစ်တပ်က နယ်မြေ ရှင်းလင်းရေးတွေ လုပ်ခဲ့တဲ့ အတွင်း မွတ်ဆလင် တွေ ကို မတရား ဖမ်းဆီး နှိပ်စက် သတ်ဖြတ်တာတွေ ရှိနေ တယ် ဆိုတဲ့ သတင်းတွေကို စုံစမ်း စစ်ဆေးဖို့ ကုလ သမဂ္ဂ လူ့အခွင့်အရေး ကျွမ်းကျင်သူတွေက ဆော်သြ လိုက်ပါတယ်။

တိုက်ခိုက်သူတွေကို ရှာဖွေဖို့ လုပ်တဲ့ အာဏာပိုင်တွေရဲ့ စစ်ဆင်ရေးတွေ အတွင်း ဒီလို ဖမ်းဆီး သတ်ဖြတ်မှုတွေ ဖြစ်နေတယ် ဆိုတဲ့ စွပ်စွဲမှုတွေ ရရှိ ထားတယ် လို့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စ ယန်ဟီးလီး က ပြောကြား ခဲ့ပါတယ်။
အမှန်တကယ် ဖြစ်နေတာတွေကို သေချာ သိနိုင်ဖို့ ခက်ခဲနေပြီး ဒီနယ်မြေကို အဝင်အထွက် ခက်ခဲနေလို့ အဲဒီဒေသက လူ့အဖွဲ့အစည်းတွေအတွက် ရိက္ခာနဲ့ နေရေးထိုင်ရေး ခက်ခဲနေတယ်လို့ သူက ဆိုပါတယ်။
ဒီနယ်မြေမှာ စစ်တပ်က အဆက်အသွယ်တွေ ဖြတ်တောက် ထားပေမယ့် ဓာတ်ပုံ ဗီဒီယို တွေ နဲ့ ဒီလို သတ်ဖြတ်တယ် ဆိုတဲ့ စွပ်စွဲမှုတွေ လူမှု ကွန်ယက်တွေမှာ ထွက်ပေါ်လာတာကို မတားဆီးနိုင် ဖြစ်နေပါတယ်။
Link : Here
No comments:
Post a Comment