" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, April 2, 2019

ပျက်စီးလာသောဗလီများ မူလအတိုင်း ပြန်ပြင်ခွင့်ရှိ ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

The Nyang News
ဧပြီ (၂)၊ ၂၀၁၉၊ ရန်ကုန်
ဗလီများ ယိုယွင်းပျက်စီးလာခြင်းကြောင့် မူလအတိုင်း ပြန်လည်ပြင်ဆင်ခြင်းသည် လုပ်ပိုင်ခွင့်ရှိသည့် ကိစ္စ ဖြစ် ကြာင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ယခုလ (၂)ရက်က ပန်းတနော်မြို့၌ ဒေသခံများနှင့် တွေ့ဆုံစဉ် ဘာသာပေါင်းစုံအဖွဲ့မှ အစ္စလာမ်ဘာသာဝင် ဦးစိန်ဝင်းက ဗလီအချို့ အမိုး မိုးယိုခြင်း၊ အောက်ခြေပျက်စီးခြင်းများကိုပင် ပြင်ဆင်ခွင့်မရကြောင်း တင်ပြမှုကို ဒေါ်အောင်ဆန်းစုကြည်က ယင်းကဲ့သို့ ပြန်လည်ပြောကြားခဲ့ခြင်း ဖြစ်သည်။

" ဒီလိုမူလအတိုင်း ပျက်စီးနေလို့ ပြန်ပြီးတော့ ပြင်ဆင်ထိုက်တာကို ပြင်ဆင်ဖို့ဆိုတာဟာ လုပ်ပိုင်ခွင့်ရှိတဲ့ ကိစ္စဖြစ်ပါတယ်။ အဲဒါကို ကျွန်မတို့ ကြည့်ပြီး လုပ်ပေးပါ့မယ် " ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။

မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ကိုးကွယ်ရာဘာသာကိုအခြေခံ၍ ခွဲခြားဆက်ဆံမှု မရှိစေရဟု ပြဌာန်းထားကြောင်း၊ နိုင်ငံ၏ ဂုဏ်သိက္ခာဆိုသည်မှာ နိုင်ငံအတွင်း မှီတင်းနေထိုင်သူများ အားလုံး၏ လုံခြုံ မျှတရေးပင်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောဆိုသည်။

ထို့အတူ ညီညွတ်အေးချမ်းမှုကို မလိုလားသောသူများသည် နေရာတိုင်းတွင်ရှိပြီး အရေးကြီးသည်မှာ အေးချမ်းမှုကို လိုလားသူများက ပိုမိုအင်အားရှိရန်ပင်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောသည်။

" တရားဥပဒေအရ မှန်မှန်ကန်ကန် ဖြစ်ရေးကို ကျွန်မတို့ အစိုးရက တာဝန်ယူရမှာ ဖြစ်ပါတယ်။ တာဝန်လည်း ယူပါ့မယ် " ဟု ဒေါ်အောင်ဆန်းစုကြည် က ကတိပြုခဲ့သည်။

မတ်လ (၁၅) ရက်နေ့က ပဲခူးမြို့၌ ပြုလုပ်ခဲ့သော လူထုတွေ့ဆုံပွဲတွင်လည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပဲခူးဒေသခံတစ်ဦးက မှတ်ပုံတင်နှင့် နိုင်ငံကူးလက်မှတ် ပြုလုပ်ရာတွင် ဟိန္ဒူဘာ သာဝင်များနှင့် အစ္စလာမ်ဘာသာဝင်များကို ခွဲခြားဆက်ဆံမှုများ ရှိနေကြောင်း တင်ပြခဲ့ရာ အဆိုပါကိစ္စကို လဝက ဝန်ကြီးနှင့် တိုင်ပင်၍ အမြန်ဆုံး ဖြေရှင်းပေးမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ကလည် ပြန် ပြောကြားခဲ့သည်။

မှတ်ပုံတင်နှင့် နိုင်ငံကူးလက်မှတ်ပြုလုပ်ရာတွင် နိုင်ငံတော်သို့ တရားဝင်ပေးသွင်းရသော ငွေကြေးမှအပ အပိုငွေကြေး မပေးကြရန်နှင့် သတ်မှတ်ငွေကြေးထက် ပိုမပေးရဘဲ မှတ်ပုံတင် ရရှိအောင် ဆောင်ရွက်ပေး မည် ဖြစ်ကြောင်းလည်း ၎င်းက ပြန်လည် ဖြေကြားခဲ့သည်။

ဓာတ်ပုံ - နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး

ပန်းတနော်မြို့၌ လူထုနှင့် တွေ့ဆုံနေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်


The Nyang News
(ပုံမှာ ၂၀၁၄ ခုနှစ်က အကြမ်းဖက်သမား တို့လက်ချက်ကြောင့် ပျက်စီးသွားခဲ့သော ကြို့ပင်ကောက် ပလီကြီး )

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */