" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, October 12, 2016

ရခိုင်မှာ အင်အားသုံးစွဲမှုကို အစွမ်းကုန် ထိန်းချုပ် လုပ်ဆောင်ဖို့ ကုလကိုယ်စားလှယ် တိုက်တွန်း

BBC
12.10.2016
 
ရခိုင်မှာ အင်အားသုံးစွဲမှုကို အစွမ်းကုန် ထိန်းချုပ် လုပ်ဆောင်ဖို့ ကုလကိုယ်စားလှယ် တိုက်တွန်း

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ တနင်္ဂနွေ နေ့က အစိုးရရဲ့ နယ်ခြားစောင့် တပ်ဖွဲ့ဝင်တွေကို ဘယ်သူ ဘယ်ဝါတွေမှန်း မသိရတဲ့ လူတွေက တိုက်ခိုက်လာတဲ့ ဖြစ်ရပ်ရဲ့ နောက်ဆက်တွဲ အနေနဲ့ တိုက်ခိုက်မှုတွေ ဆက်လက် ဖြစ်ပေါ် လာပြီး လုံခြုံရေး တပ်ဖွဲ့ဝင်တွေ၊ အရပ်သားတွေ အသေအပျောက် ရှိနေတဲ့ အပေါ် အင်မတန် စိုးရိမ် မိတယ် လို့ ကုလသမဂ္ဂရဲ့ မြန်မာ နိုင်ငံ ဆိုင်ရာ အထူး ကိုယ်စားလှယ် ဗီဂျေ နမ်ဘီးယားက ပြောဆို လိုက်ပါတယ်။

အခင်းဖြစ်ရာ နယ်မြေတွေမှာ လူမျိုးနွယ်စု နဲ့ ဘာသာတရား တို့ အပေါ် မူတည်လို့ ပစ်မှတ်ထား တုံ့ပြန် ကိုင် တွယ် တာမျိုး မလုပ်ပဲ၊ အင်အားသုံးစွဲ ဖြေရှင်း တာမျိုးကို အစွမ်းကုန် ထိန်းချုပ် လုပ်ကိုင် ပါ ဆိုပြီး တော့လည်း မစ္စတာ နမ်ဘီယာ က ပြောပါတယ်။ #ဘီဘီစီမြန်မာပိုင်း

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ တနင်္ဂနွေ နေ့က အစိုးရရဲ့ နယ်ခြားစောင့် တပ်ဖွဲ့ဝင် တွေကို ဘယ်သူ ဘယ်ဝါတွေမှန်း မသိရတဲ့ လူတွေက တိုက်ခိုက်လာတဲ့ ဖြစ်ရပ်ရဲ့ နောက်ဆက်တွဲ အနေနဲ့ တိုက်ခိုက်မှုတွေ ဆက်လက် ဖြစ်ပေါ် လာပြီး လုံခြုံရေး တပ်ဖွဲ့ဝင်တွေ၊ အရပ်သားတွေ အသေအပျောက် ရှိနေတဲ့ အပေါ်အင်မတန် စိုးရိမ် မိတယ် လို့ ကုလသမဂ္ဂရဲ့ မြန်မာ နိုင်ငံ ဆိုင်ရာ အထူး ကိုယ်စားလှယ် ဗီဂျေ နမ်ဘီးယား က ပြောဆို လိုက်ပါတယ်။

အခုလို အခြေအနေမျိုးမှာ ဗုဒ္ဓဘာသာနဲ့ မွတ်ဆလင်မ် အသိုင်းအဝိုင်းတွေ အကြား အပြန်အလှန် အမုန်း ထား ရန်လိုတဲ့ စကားမျိုးတွေ ပြောဆိုခြင်း အားဖြင့် သွေးဆူ အုံကြွ လာအောင် ပြုလုပ်တာမျိုး ကို ရှောင်ကြဉ် ကြဖို့လည်း ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရဲ့ မြန်မာ နိုင်ငံဆိုင်ရာ အထူး အကြံပေး မစ္စတာ နမ်ဘီးယားက တိုက်တွန်း နေပါတယ်။

အခင်းဖြစ်ရာ နယ်မြေတွေမှာ လူမျိုးနွယ်စု နဲ့ ဘာသာတရား တို့ အပေါ် မူတည်လို့ ပစ်မှတ်ထား တုံ့ပြန်ကိုင် တွယ်တာမျိုး မလုပ်ပဲ၊ အင်အားသုံးစွဲ ဖြေရှင်း တာမျိုးကို အစွမ်းကုန် ထိန်းချုပ် လုပ်ကိုင်ပါ ဆိုပြီး တော့လည်း မစ္စတာ နမ်ဘီယာ က ပြောပါတယ်။

အပြစ်မဲ့ အရပ်သားတွေ ရဲ့ အသက်အိုးအိမ် စည်းစိမ် တွေ မထိခိုက် မဆုံးရှုံး စေဖို ဂရုတစိုက် ကိုင်တွယ်ပြီး၊ဒေသ ခံတွေ အပေါ် ခြိမ်းခြောက် ရန်ပြုတာမျိုးတွေ မပြုလုပ် ကြဖို့ကိုလည်း အစိုးရ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကိုမစ္စတာ နမ်ဘီယာက တိုက်တွန်း ထားပါတယ်။

မြန်မာ အစိုးရကတော့ အခင်းဖြစ်ရာ ဒေသတွေဆီ နောက်ထပ် စစ်ကူ အင်အားတွေ စေလွှတ် နေပြီး၊ ဗုဒ္ဓဘာသာနဲ့ မွတ်ဆလင်မ် အသိုင်းအဝိုင်း နှစ်ခုအကြား အခြေအနေဟာ တင်းမာ နေပါတယ်။အောက်တိုဘာ ၁၁ ရက်  အင်္ဂါ နေ့က အစိုးရ လုံခြုံရေး တပ်ဖွဲ့ဝင် လေးဦး ထပ်မံ သေဆုံး သွားတယ် လို့ သတင်းတွေ ရရှိ ထားပါတယ်။

တနင်္လာ နေ့တုန်း ကလည်း အနည်းဆုံး ရိုဟင်ဂျာ မွတ်ဆလင်မ် ရွာသား အနည်းဆုံး ၄ ဦး သေဆုံး ခဲ့ပါတယ်။

အခြေအနေကို ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်ကြဖို့ ဥရောပ သမဂ္ဂကလည်း တိုက်တွန်း နေပါတယ်။တကယ် လို့ အစိုးရ နယ်ခြားစောင့် စခန်းတွေကို ရခိုင်ပြည်နယ် အခြေစိုက် ရိုဟင်ဂျာအုပ်စု တစ်ခုကတိုက်ခိုက် ခဲ့တာ ဆိုရင်တော့ ကာလ ကြာညောင်း ခဲ့ပြီဖြစ်တဲ့ ရခိုင် ပြည်နယ် အကြပ်အတည်း ပြဿနာဟာ ပိုပြီး အန္တရာယ်ကြီး လာတဲ့ အဆင့်ကို ကူးပြောင်း ရောက်ရှိသွားပြီ လို့ ပြောရမှာ ဖြစ်တယ် ဆိုပြီး ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */