" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, October 14, 2016

( 14.10.2016 )ကာကွယ်ရေးနဲ့ လုံခြုံရေး ဆိုင်ရာ အထူး အစည်းအဝေး ကျင်းပ

၁၄ အောက်တိုဘာလ ၂၀၁၆
ကာကွယ်ရေးနဲ့ လုံခြုံရေး ဆိုင်ရာ အထူး အစည်းအဝေး ကျင်းပ

မြန်မာ နိုင်ငံမှာ လက်ရှိ ဖြစ်ပေါ်နေတဲ့ ကာကွယ်ရေး လုံခြုံရေး ကိစ္စရပ်တွေနဲ့ ဆိုင်တဲ့ အထူး အစည်း အဝေးကို နေပြည်တော်က နိုင်ငံတော်သမ္မတ အိမ်တော်မှာ အောက်တိုဘာလ ၁၄ ရက်နေ့က ကျင်းပခဲ့ ပါတယ်။

သမ္မတ ဦးထင်ကျော်၊ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ပါဝင် တက်ရောက် ခဲ့ကြတဲ့ အဲဒီ အစည်း အဝေး အပြီးမှာ မှာ ရခိုင်ပြည်နယ် မောင်တော မြို့နယ်အတွင်းက နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းတွေကို အကြမ်းဖက် တိုက်ခိုက်ခဲ့သူတွေက ဘယ်သူတွေ ဆိုတာနဲ့ လက်ရှိ ဆောင်ရွက်ချက်၊ ရှေ့ဆက် ဆောင်ရွက်မယ့် အစီအစဉ်တွေကို သတင်းထုတ်ပြန်ခဲ့ ပါတယ်။

မောင်တောမြို့နယ်အတွင်းက နယ်ခြားစောင့် စခန်းတွေ ကို တိုက်ခိုက်ခဲ့သူတွေဟာ RSO အကြမ်းဖက်အဖွဲ့နဲ့ ဆက်နွယ်တဲ့ မောင်တော ဒေသမှာ လှုပ်ရှားတဲ့ Aqu Mul Mujahidin အကာလ်မူလ် မူဂျာဟီဒင်န် ဖွဲ့က လုပ် ဆောင် တာလို့ ထုတ်ပြန်ချက်မှာ ပါရှိ ပါတယ်။

တိုက်ခိုက်မှုတွေကို နိုင်ငံတကာမှာ အကြမ်းဖက်မှုတွေ လုပ်ဆောင်နေတဲ့ ISIS အကြမ်းဖက် သမားတွေ လုပ် ဆောင်ပုံ အတိုင်း လုပ်သွားတာ တွေ့ရ တယ်လို့ နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။

ပြည်တွင်းက ပဋိပက္ခဖြစ်ရာ ဒေသမှာ အစွန်းရောက် စိတ်ထားတွေ ထက်သန် သွားနိုင်တဲ့ အနေအထားကို အခွင့်ကောင်းယူပြီး ပြည်ပကနေ ချိတ်ဆက် လုပ်ဆောင်သွားတာ လို့လည်း သူက ပြောပါတယ်။

နိုင်ငံတော် အစိုးရ အနေနဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကို လုံးဝ သည်းခံ ခွင့်လွှတ်မှာ မဟုတ်ကြောင်းနဲ့ အကြမ်းဖက်မှုကို နှိမ်နင်းတဲ့နေရာမှာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေ၊ ကာကွယ်ရေး လုံခြုံရေး ဥပဒေတွေ အရ ဆောင်ရွက် သွားမယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

အခု ဖြစ်ရပ်ဟာ အကြမ်းဖက် တိုက်ခိုက်မှုသာ ဖြစ်ပြီး ဘာသာရေး လူမျိုးရေးကိစ္စ မဟုတ်ဘူး လို့လည်း သူက အခိုင်အမာ ပြောပါတယ်။

ဒါကြောင့် အခု အခြေအနေကို အခွင့်ကောင်း ယူပြီး သွေးထိုးလှုံ့ဆော်မယ် ဆိုရင် ထိထိ ရောက်ရောက် အရေးယူမယ်လို့ လည်း ဦးဇော်ဌေးက ပြောပါတယ်။

Link : Here 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */