BBC
23.10.2016
နယ်ခြားစောင့် စခန်းတွေ အတိုက် ခံရမှု နောက်ဆက်တွဲ ဖမ်းဆီးတာတွေ ပြုလုပ်
ရခိုင်ပြည်နယ် မောင်တော မြို့နယ်မှာ နယ်ခြားစောင့် စခန်း တွေကို တိုက်ခိုက်ခဲ့တဲ့ လက်နက်ကိုင်တွေနဲ့ အဆက် အစပ် ရှိတယ် ဆိုတဲ့ စွဲချက်နဲ့ စုစုပေါင်း လူ ၅ ယောက် အဖမ်း ခံလိုက် ရပါတယ်။မောင်တော မြို့ပေါ် က တစ်ယောက်နဲ့ ဇီးပင်ဆိပ်တောင် ရွာက ၄ ယောက် ဖြစ်ပါတယ်။
မောင်တော မြို့နယ်ထဲမှာ နယ်ခြားစောင့် စခန်းတွေ နောက်ထပ် အခု ၃ဝ တိုးမြှင့် ဖွင့်လှစ်ဖို့ အစိုးရက စီစဉ် နေပါတယ်။
ဒါ့ကြောင့် စခန်းပေါင်း ၁၂၆ ခု အထိ ရှိလာမှာ ဖြစ်ပြီး ရဲ တပ်ဖွဲ့ အင်အားတွေလည်း တိုးမြှင့် ချထားမှာ ဖြစ်တယ်လို့ ရခိုင်ပြည်နယ် လူမှုရေး ဝန်ကြီး ဒေါက်တာ ချမ်းသာက ဘီဘီစီကို ပြောပါတယ်။
အခု အချိန်ထိ အစိုးရ စစ်တပ်က မောင်တော မြို့နယ်ထဲ လုံခြုံရေး ယူထားဆဲ ဖြစ်ပြီး အခြေအနေ တည်ငြိမ် နေတယ်လို့ အာဏာပိုင် ဘက်က ပြောပါတယ်။ #

Link : Here
No comments:
Post a Comment