" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, February 27, 2020

မြန်မာနဲ့ ဖွံဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ဂျာမဏီ ရပ်ဆိုင်း

VOA
ဗွီအိုအေ (မြန်မာပိုင်း)
27 ဖေဖော်ဝါရီ၊ 2020
ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဂျာမနီဝန်ကြီး Gerd Muller
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ထွက်ပြေးခိုလှုံနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ဘေးရန်ကင်းကင်းနဲ့ သူတို့နေ ရပ် ကို ပြန်နိုင်ပြီး မြန်မာနိုင်ငံတွင်းက ရိုဟင်ဂျာတွေကို အကာအကွယ်ပေးဖို့ လုပ်ဆောင်ချိန်ထိ မြန်မာနိုင်ငံနဲ့ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကို ရပ်ဆိုင်းထားမှာဖြစ်တယ်လို့ ဂျာမနီနိုင်ငံက ကြေ ညာ ပါတယ်။
ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဂျာမနီဝန်ကြီး Gerd Muller ဟာ Cox’s Bazar ဒေသက Kutupalong ဒုက္ခသည် စခန်းကို ဗုဒ္ဓဟူးနေ့က သွားရောက်ပြီးတဲ့နောက် အခုလို ကြေညာလိုက်တာပါ။

ဘင်္ဂလားဒေ့ရှ်မှာ ရောက်နေတဲ့ ရိုဟင်ဂျာတွေနဲ့ သူတို့ကိုလက်ခံထားတဲ့ဒေသက လူထုအတွက် ပညာရေးနဲ့ သန့်ရှင်းရေးဆိုင်ရာ အကူအညီအဖြစ် ရန်ပုံငွေ ယူရို ၁၅ သန်း ထောက်ပံ့မယ်လို့လည်း ဝန်ကြီး Muller ရဲ့ ဗုဒ္ဓဟူးနေ့ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ဂျာမန်ဝန်ကြီးဟာ နှစ်ရက်ကြာ ခရီးစဉ်အဖြစ် ဘင်္ဂလားဒေ့ရှ်မှာ ရောက်နေတာဖြစ်ပြီး Kutupalong ဒုက္ခသည် စခန်းကိုသွားပြီးတော့ ဒုက္ခသည်တွေနဲ့ တွေ့ဆုံ ပြောဆိုခဲ့တာပါ။

မြန်မာနိုင်ငံအပေါ် ဖိအားတိုးပေးဖို့နဲ့ နိုင်ငံတကာ ရာဇဝတ်တရားခုံရုံး ICC ရဲ့ အရေးယူ လုပ်ဆောင်ချက် တွေ ကို ထောက်ခံဖို့ အချိန်ရောက်ပြီလို့လည်း ဝန်ကြီး Muller က ပြောပါတယ်။

ဒါ့အပြင် ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်ကန့်သတ်တာလို ဒါမှမဟုတ် ကုန်သွယ်ရေးဆိုင်ရာ အရေးယူတာကို နောက်ထပ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ရေး ဥရောပအနေနဲ့ အလေးအနက်ထား စဉ်းစားသင့်ပြီလို့လည်း ဝန်ကြီး Muller ကပြောပါတယ်။

ရိုဟင်ဂျာလို့ခေါ်ဆိုတာကို လက်မခံတဲ့ မြန်မာအစိုးရကတော့ ဒုက္ခသည်တွေကို ပြန်ပြီးလက်ခံဖို့ ဘင်္ဂ လား ဒေ့ရှ် နဲ့ချုပ်ဆိုထားတဲ့ နှစ်နိုင်ငံသဘောတူစာချုပ်အရ လုပ်ဆောင်မယ်လို့ ပြောထားပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */