Wednesday, November 9, 2016

ရသေ့တောင် အနောက်ပြင်ရွာမှ ရိုဟင်ဂျာ များကို နေ့ရော ညပါ အိမ်ပြင် မထွက်ရန် စစ်တပ်မှ အမိန့်ထုတ်ထား

MYARF
RB News
09.01.2016

ရသေ့တောင် ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင် မြို့နယ်၊ ကူတောင် အခြေစိုက် ခမရ (၅၅၁) တပ်ရင်းမှ ဗိုလ်ကြီး စိုင်းအောင်ကျော်သည် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလတွင် အနောက်ပြင် ကျေးရွာမှ ရိုဟင်ဂျာ အချို့ကို ရခိုင်များထံမှ စပါး ခိုးယူခဲ့သည်ဟု စွပ်စွဲ ဖမ်းဆီး၍ ရိုက်နှက်ပြီး ငွေညှစ်ခဲ့သည်။ ရခိုင်ရွာတွင် စပါးသွားရိတ် လိုသည့် ရိုဟင်ဂျာများ ထံမှ ငွေကျပ် ၃၀၀၀ စီကောက်ခံခဲ့သည်။ ဗိုလ်ကြီး သက်ပိုင်ဦးနှင့် အဖွဲ့အချိန်မတော် ရွာ ထဲသို့ဝင်ပြီး ရိုဟင်ဂျာများကို ရိုက်နှက်ခဲ့သည်။
ထိုသတင်းကို RB News တွင် ဖော်ပြပြီးနောက် အဆိုပါ စစ်ဗိုလ်များက ဒေါသထွက်ကာ အနောက်ပြင်ရွာရှိ ရိုဟင်ဂျာများကို နေ့ရောညပါ အိမ်ပြင် မထွက်ရန် အမိန့် ထုတ်ပြန်ခဲ့သည်။ ကူတောင်နှင့် ရွှေလောင်းတောင် စခန်းများမှ စစ်သားများ အနောက်ပြင်သို့ လာရောက်ပြီး နေ့ရောညပါ ကင်းလှည့်လျက် ရှိကြောင်း ဒေသခံ များက RB News သို့ပြောပါသည်။ အိမ်အပြင်ဘက်တွင် တွေ့ရှိသမျှ ကလေး၊ မိန်းမ၊ ယောကျ်ား မရွေး ရိုက်နှက်လျက် ရှိသည်ဟု ဆိုသည်။

ဇန်နဝါရီလ (၅) ရက်နေ့ နေ့လည်ပိုင်းတွင် ဦးနော်ဇိရ်အာမတ်နှင့် အမျိုးသမီး နှစ်ဦးကို လမ်းပေါ်တွင် တွေ့ရှိ၍ စစ်သားများက လူမဆန်စွာ ရိုက်နှက်ခဲ့သည်။ ယခုဆိုလျှင် ရွာသားများမှာ အိမ်ပြင်ထွက်၍ မရသောကြောင့် ရိက္ခာ သိုလှောင် ထားခြင်း မရှိသည့် ဆင်းရဲသား မိသားစုများမှာ အစာငတ်ခံ နေရသည်။


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */