Monday, October 17, 2016

မောင်တောဒေသ နယ်ခြားစောင့်တပ်ဖွဲ့ ရဲမှူးချုပ် ပြောင်းလဲခန့်အပ်

BBC 
17.10.2016  
ရခိုင်ပြည်နယ်ထဲမှာ မြန်မာ အစိုးရရဲ့ နယ်ခြားစောင့် စခန်းတွေကို ချိန်ကိုက် တိုက်ခိုက် ခဲ့တဲ့ အပေါ် ရှုတ်ချ ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဌာနက ထုတ်ပြန် ထားပါတယ်။

ကျူးလွန်ခဲ့သူတွေကို လက်ရ ဖမ်းပြီး ဥပဒေနဲ့ အညီ စီရင် နိုင်ဖို့ လိုအပ်တယ် ဆိုတဲ့ အချက် အပေါ်မှာလည်း အရေး တကြီး သဘော ထားကြောင်းလည်း အဲဒီ့ ထုတ်ပြန်ချက်ထဲ ရေးသား ထားပါတယ်။

တာဝန်သိတဲ့ အိမ်နီးနားချင်း နိုင်ငံတစ်ခု အနေနဲ့ ကျူးလွန်သူတွေ ဘင်္ဂ္လားဒေ့ရှ်ဘက် ထွက်ပြေး မလာနိုင် အောင် အောက်တိုဘာ ၁ဝရက်နေ့ အစောပိုင်းက စလို့ နယ်စပ်တလျှောက် လုံခြုံအောင် ပိတ်ဆို့ ပေးထား တယ် လို့လည်း ဆိုပါတယ်။

ဒါ့ကြောင့် အဲဒီ့နေ့ နေ့တွင်းချင်းမှာပဲ ရခိုင်ပြည်နယ်ဘက်က ပြေးလာတဲ့ မွတ်ဆလင်မ် နှစ်ဦးကို မြန်မာ အစိုးရ လက်ထဲ ပြန်လည် လွှဲပေး နိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲ ဖော်ပြ ထားပါတယ်။

နှစ်နိုင်ငံကြား အာဏာပိုင်တွေ အဆက်အသွယ် အဆက်မပြတ် ရှိနေပြီး မြန်မာ အစိုးရဘက်က တောင်းဆို သမျှဖြည့် ဆည်း ပေးနေတယ်လို့ ဘင်္ဂလားဒေ့ရှ်ဘက်က ဆိုထားပါတယ်။

မူးယစ် ဆေးဝါးနဲ့ လူကုန်ကူးမှု က အစ ရာဇဝတ်မှုတွေနဲ့ အဓိကရုဏ်း မငြိမ်သက်မှု တွေက အစ သူပုန် ထမှုတွေကို အပြည့်အဝ ဖြေရှင်း နိုင်ဖို့ ဆိုရင် နှစ်နိုင်ငံကြား တိကျတဲ့ ဥပဒေ ဆိုင်ရာ မူဘောင်တွေ ချမှတ်ပြီး အဖွဲ့အစည်း တွေ အလိုက် ပူးပေါင်း ဆောင်ရွက်ဖို့ လိုအပ် နေတယ်လို့ ဘင်္ဂလားဒေ့ရှ် ဘက်က သတိပေး ပြောကြားနေတာ ၂ နှစ်တာမျှ ရှိနေပြီ လို့လည်း ထုတ်ပြန် ချက်ထဲ ဆိုထား ပါတယ်။

ဘင်္ဂ္လားဒေ့ရှ် ဘက်က ပူးပေါင်း ဆောင်ရွက် မှုတွေ လုပ်ဆောင် နေတဲ့ အကြောင်း မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဌာနကလည်း ဘီဘီစီကို အတည်ပြု ပါတယ်။

ရခိုင် နယ်ခြားစောင့် စခန်းတွေ အစီးနင်း ခံခဲ့ရတဲ့ ကိစ္စနဲ့ နယ်ခြားစောင့် စခန်းတွေ တိုက်ခိုက် ခံခဲ့ ရတဲ့ ရခိုင် ပြည် နယ် မောင်တောဒေသ နယ်ခြားစောင့် တပ်ဖွဲ့ ရဲမှူးချုပ် မောင်မောင်ခင် နေရာမှာ ရဲမှူးချုပ် သူရ စန်းလွင်ကို အစားထိုး ခန့်ထား လိုက်ပါတယ်။

အခုလို ရာထူး ပြောင်းလဲမှုကို မောင်တောမှာ ရောက်နေတဲ့ ပြည်ထဲရေး ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေက သတင်းထောက် တွေကို ပြောခဲ့တာ ဖြစ်ပြီး၊ သူရ စန်းလွင်ဟာ အရင်တုန်းက တပ်မ ၉၉ ခလရ ၁၀ တုန်းက သူရဘွဲ့ ရရှိ ခဲ့သူ ဖြစ်ပါတယ်။

နောက်ပြီးသူက ဆက်ပြော ရာမှာ တိုင်းရင်းသားတွေ အနေနဲ့ ဒီနယ်မြေ ကနေ မစွန့်ခွာ ကြဖို့နဲ့ စွန့်ခွာ သွားခဲ့ရင် ဒီနေရာ ကို တခြား လူတွေ ဝင်ရောက် လာလိမ့် မယ်လို့ ဆိုပါတယ်။

လုံခြုံရေး ကိုတော့ တပ်မတော်နဲ့ ရဲတပ်ဖွဲ့က တာဝန်ယူပေးမှာ ဖြစ်ပြီး၊ အကြမ်းဖက် သမားတွေရဲ့ တလက္မ မှ ကျူးကျော် တာကို ခံမှာ မဟုတ်ဘူးလို့ လည်း ဝန်ကြီးက ပြောပါတယ်။

ဒေသခံ သတင်းထောက် တဦးကတော့ ပြည်ထဲရေး ဝန်ကြီး အခုလို ပြောပေမယ့်လည်း နောက်ကျ နေပြီ ဖြစ်ကြောင်းနဲ့ နယ်ခြားစောင့် တပ်ဖွဲ့တွေ အပါ အဝင် နိုင်ငံတော် အပိုင်း ကပါ နဲနဲ ပေါ့လျော့မှု ရှိတာ ကြောင့် အခုလို ခံရတာ လို့ သူက ပြောပါတယ်

တနင်္လ࿿ာနေ့ အထိလည်း မောင်တော မြောက်ပိုင်းမှာ တိုက်ပွဲတွေ ဆက်ဖြစ် နေသေးတယ်လို့ အဲဒီ နယ်မြေခံ သတင်းထောက်က ပြောပါတယ်။

နေပြည်တော် သတင်းစာရှင်းလင်းပွဲ
 
ရခိုင်ပြည်နယ် မောင်တော မြို့နယ်က နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း တိုက်ခိုက် ခံရမူနဲ့ ပတ်သက်ပြီး ရခိုင် ပြည်နယ် ကို သွားရောက် လေ့လာ ခဲ့တဲ့ တာဝန်ရှိ သူတွေက တနင်္လ࿿ာနေ့ မှာပဲ နေပြည်တော်မှာ သတင်းစာ ရှင်းလင်းပွဲ တခု ပြုလုပ်ခဲ့ ပါတယ်။

သတင်းစာရှင်းလင်းပွဲကို အတိုင်ပင်ခံရုံး ဝန်ကြီးဌါန ပြန်ကြားရေး ဝန်ကြီးဌါန နဲ့ အလုပ် သမား လူဝင်မူ့ ကြီးကြပ်ရေး ဝန်ကြီး ဌါနက ပြည်ထောင်စု ဝန်ကြီးတွေ ပြည်ထဲရေးနဲ့ ကာကွယ်ရေး ဝန်ကြီးဌါနက ဒုတိယ ဝန်ကြီးတွေ တက်ရောက် ရှင်းလင်းခဲ့ ပါတယ်။

မောင်တော်မြို့ အကြမ်းဖက် တိုက်ခိုင်မူ ဖြစ်စဉ်မှာ ယနေ့ အထိ အကြမ်းဖက် သမား ၂၉ ဦး သေဆုံး ခဲ့ပြီး ၂၉ ဦးကို အရှင် ဖမ်းမိ ထားတယ်လို့ ပြည်ထဲရေး ဝန်ကြီးဌါန ဒုတိယ ဝန်ကြီး ကပြောကြားခဲ့ ပါတယ်။ ဒါအပြင် တပ်မသော်သား ၅ ဦး နဲ့ ရဲတပ်ဖွဲ့ဝင် ၈ ဦးလည်း သေဆုံးခဲ့ပါတယ်။

အကြမ်းဖက် တိုက်ခိုက်မူ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဘင်္ဂ္လားဒေ့ရှ် ပါကစ္စတန် ဆော်ဒီ အာရေဗျ နိုင်ငံတွေနဲ့ ပူးပေါင်း ဆောင်ရွက် နေတယ် လို့လည်း တာဝန်ရှိ သူတွေကို သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ဒါအပြင် ရခိုင်ပြည်နယ် ခရီးစဉ် အတွင်း ဒေသခံ တိုင်းရင်းသားများက ပြည်သူစစ်ပုံစံမျိုး လက်နက် တပ်ဆင် ပေးရန် တောင်းဆိုခဲ့ သော်လည်း ခွင့်ပြုမည် မဟုတ်ကြောင်း ကာကွယ်ရေး ဝန်ကြီးဌါန ဒုတိယဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ်က သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြား သွားပါတယ်။

နယ်ခြားစောင့် စခန်း တိုက်ခိုက် ခံရပြီးတဲ့ နောက် မောင်တော ဒေသကိုစ စ်ဆင်ရေး နယ်မြေ အဖြစ် သတ်မှတ်ခဲ့ပြီး တပ်မတော်နဲ့ ရဲတပ်ဖွဲ့က နယ်မြေရှင်း လင်းရေး ဆောင်ရွက်နေပြီး အတော် အသင့် ထိန်းချုပ် ထားနိုင်ပြီလို့ တာဝန် သူတွေ ကပြောပါတယ်။
 
Link : Here
 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */