BBC
၉ အောက်တိုဘာ ၂၀၁၆
၉ အောက်တိုဘာ ၂၀၁၆
မောင်တော၊ ရသေ့တောင်နဲ့ ဘူးသီးတောင်မြို့နယ်တွေက နယ်ခြားစောင့်ရဲတပ်ဖွဲ့ တိုက်ခိုက်ခံရ
ရခိုင်ပြည်နယ် မောင်တောမြို့နယ်က နယ်ခြားစောင့် ရဲကွပ်ကဲမှု ဌာနချုပ်အပါအဝင် ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်တွေက နယ်ခြားစောင့်ရဲ နယ်မြေရုံးတွေ အကြမ်းဖက် စီးနင်းတိုက်ခိုက်ခံရပြီး လက်နက်တွေ လုယူခံရတယ်လို့ အစိုးရက အတည်ပြုပြောကြားပါတယ်။
တနင်္ဂနွေနေ့မနက် အစောပိုင်းအချိန်တွေမှာ မောင်တောမြို့နယ် နယ်ခြားစောင့် ရဲကွပ်ကဲမှု ဌာနချုပ် (ကျီးကန်းပြင်)၊ ဘူးသီးတောင်မြို့နယ် နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ ငါးခူရနယ်မြေရုံးနဲ့ ရသေ့တောင်မြို့နယ် ကိုးတန်ကောက် ရဲကင်းစခန်းတွေ အကြမ်းဖက် စီးနင်းတိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။
တိုက်ခိုက်ခံရမှုမှာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဘက်က ၉ ဦး ကျဆုံးခဲ့ပြီး တိုက်ခိုက်သူတွေဘက်က ၈ ဦး ကျဆုံးခဲ့ပါတယ်။
နယ်ခြားစောင့်တပ်ဖွဲ့ဘက်က ဒဏ်ရာရသူ ၅ ဦးနဲ့ ပျောက်ဆုံးသူ တဦးရှိပြီး တိုက်ခိုက်သူတွေဘက်က ၂ ဦးကို အရှင်ဖမ်းမိခဲ့ပါတယ်။ ရဲတပ်ဖွဲ့ရဲ့ လက်နက် ၅၁ လက်နဲ့ ကျည်တောင့်တွေလည်း ပါသွားတယ်လို့ ရဲချုပ် ဦးဇော်ဝင်းက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဒါပေမယ့် ဒီတိုက်ခိုက်မှုမှာ ဘယ်အဖွဲ့အစည်းရဲ့ လက်ချက်ဆိုတာ အတည်မပြုနိုင်သေးကြောင်း သူက ပြောပါတယ်။
အခုအခါ အဲဒီမြို့နယ်တွေမှာ ညမထွက်ရအမိန့်ကို အရင် ည ၁၁ နာရီကနေ မနက် ၆ နာရီအစား အခုအခါ ည ၇ နာရီကနေ မနက် ၆ နာရီထိ တိုးမြှင့် သတ်မှတ်ထားပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းက ဒေသခံပြည်သူတွေဟာ လုံခြုံရေးအတွက် စိုးရိမ်နေကြတယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

Link : Here
______________________________________________________________________________
နယ်ခြားစောင့် စခန်းတွေ တိုက်ခိုက် ခံရလို့ နှစ်ဘက် အကျအဆုံး အနည်းဆုံး ၁၉ ဦးရှိ
BBC
ရခိုင်ပြည်နယ် မောင်တောမြို့နယ် ထဲက မြန်မာ အစိုးရရဲ့ ကျီးကန်းပြင် နယ်ခြားစောင့်တပ် ဌာနချုပ် အပါအဝင် ငခူရ နယ်ခြားစောင့် စခန်းနဲ့ ရသေ့တောင် မြို့နယ် ကိုးတန်ကောက် စခန်းတွေကို အောက် တိုဘာ ၉ ရက် တနင်္ဂနွေ မနက် အစောကြီး အချိန်မှာ လက်နက်ကိုင်တွေ ဝင်ရောက် တိုက်ခိုက် ခဲ့ပါတယ်။
အဲဒီလို တိုက်ခိုက် ခံခဲ့ရလို့ စခန်း ၃ ခုမှာ စုစုပေါင်း နယ်ခြားစောင့် တပ်ဖွဲ့ဝင် ၉ ဦး ကျဆုံးပြီး၊ လာရောက် စီးနင်း တိုက်ခိုက် ခဲ့သူ ၁၀ ယောက် ကျော်လည်း သေဆုံး သွားပါတယ်။
ကျီးကန်ပြင် ဌာနချုပ် လက်နက်တိုက်က သေနတ် ၅၂ လက်ကို စီးနင်း တိုက်ခိုက် ခဲ့သူတွေ ယူဆောင် သွားပါတယ်။
တိုက်ခိုက်သူတွေဟာ အာအက်စ်အို ရိုဟင်ဂျာ သွေးစည်း ညီညွတ်ရေး လက်နက်ကိုင် အဖွဲ့လို့ ထင်မြင်တယ် ဆိုပြီး ရခိုင်ပြည်နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးတင်မောင်ဆွေက ဘီဘီစီကို ပြောပါတယ်။
ဒီ တိုက်ခိုက်မှုတွေ နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်က သတင်းစာ ရှင်းလင်းပွဲ တစ်ခု နေ့တွင်းချင်း ပြုလုပ် ခဲ့တာမှာ ကျူးလွန်သူတွေ ဟာ ရိုဟင်ဂျာ တွေလို့ ကြွေးကြော် တိုက်ခိုက် ခဲ့ ကြပြီး ဘင်္ဂါလီ စကား ပြော ခဲ့ကြတယ် လို့ ဆိုပါတယ်။
______________________________________________________________________________
No comments:
Post a Comment