" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, September 3, 2020

ICJ အမှုမှာ ကနေဒါနဲ့ နယ်သာလန် ဂမ်ဘီယာဘက်က ကူညီမည်

VOA
ဗွီအိုအေ (မြန်မာဌာန)
အင်ကြင်းနိုင်
03 စက်တင်ဘာ၊ 2020
ကနေဒါ နိုင်ငံခြားရေးဝန်ကြီး François-Philippe Champagne နဲ့ နယ်သာလန်နိုင်ငံခြားရေးဝန်ကြီး Stef Blok တို့နှစ်ဦး

လူမျိုးတုန်းသတ်ဖြတ်မှုစွဲချက်နဲ့ ICJ နိုင်ငံတကာတရားရုံးမှာ မြန်မာ ကို ဂမ်ဘီယာက စွဲထားတဲ့ အမှုအတွက် ကနေဒါနဲ့ နယ်သာလန် နှစ်နိုင်ငံလုံးက ဥပဒေကြောင်းအရ ဂမ်ဘီယာဘက်ကနေ ပါဝင်ကူညီ ပူးပေါင်းဆောင် ရွက်သွားမှာဖြစ်တယ်လို့ ဗုဒ္ဓဟူးနေ့က နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေက ပူးတွဲကြေညာ ချက် ထုတ်ပြန်လိုက်ပါတယ်။

ဘယ်လို ဥပဒေနည်းလမ်းတွေနဲ့ ကနေဒါနဲ့ နယ်သာလန်နိုင်ငံတွေက ဂမ်ဘီယာနဲ့ ပူးပေါင်းဆောင်ရွက်မှာ လဲ။ နိုင်ငံတကာဥပဒေကျွမ်းကျင်သူ လူ့အခွင့်အရေးရှေ့နေ Global Justice Center ဥက္ကဌ Akila Radhakrishnan ကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းပြီး တင်ပြထားပါတယ်။

ကုလသမဂ္ဂအမြင့်ဆုံး တရားရုံးမှာ မြန်မာကို လူမျိုးတုန်းသတ်ဖြတ်မှု စွဲချက်နဲ့ ဂမ်ဘီယာက စွဲတင်ထား တဲ့အမှုကို ထောက်ခံရုံသာမက ဥပဒေကြောင်းကပါ ပါဝင်ဆောင်ရွက်ဖို့ပြင်ဆင်နေကြောင်း ကနေဒါ နိုင်ငံ ခြားရေးဝန် ကြီး François-Philippe Champagne နဲ့ နယ်သာလန်နိုင်ငံခြားရေးဝန်ကြီး Stef Blok တို့နှစ် ဦး ကနေ စက် တင်ဘာလ (၂) ရက်နေ့က ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ရိုဟင်ဂျာတွေအပေါ် ညှင်းပန်းနှိပ်စက်သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ မြန်မာစစ်တပ်ရဲ့ ပြစ်မှုကျူးလွန်မှုတွေကို အရေး ယူအပြစ်ပေးနိုင်ခြင်းမရှိပဲ ကင်းလွတ်ခွင့်ရနေတာကို အဆုံးသတ်စေရေး လူမျိုးတုန်းသတ်ဖြတ်မှု ကာကွယ်ရေး သဘောတူစာချုပ်အတိုင်း လိုက်နာဆောင်ရွက်တဲ့ ဂမ်ဘီယာနိုင်ငံရဲ့ ကြိုးပမ်းချက်ကို ကနေဒါနဲ့ နယ်သာလန်နိုင် ငံ က အပြည့်အဝထောက်ခံတယ်လို့ အဲဒီကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ ဒါအပြင် ဒီလိုပြစ်မှုကျူးလွန်မှုမျိုးဟာ လူသားအားလုံးအတွက် စိုးရိမ်ဖွယ်ရာဖြစ်ပြီး ကနေဒါနဲ့ နယ်သာလန် နှစ်နိုင်ငံမှာလည်း တာဝန်ရှိတယ်လို့ ခံယူကြောင်း ဖေါ်ပြထားပါတယ်။ ဒါကြောင့် လိင်ပိုင်းဆိုင်ရာ အကြမ်း ဖက်မှု၊ အတင်းအဓမ္မပြုကျင့်မှု စတဲ့ ကျူး လွန်မှုတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာဥပဒေနဲ့အညီ တရားစွဲနိုင် ရေး မှာ ကနေဒါနဲ့ နယ်သာလန်က ပူးပေါင်းဆောင်ရွက်မှာ ဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။

ICJ နိုင်ငံတကာတရားရုံးမှာ အခုလို ကနေဒါနဲ့ နယ်သာလန်နိုင်ငံတွေက ဥပဒေကြောင်းအရ ပူးပေါင်း ဆောင် ရွက်နိုင်ပါသလား။ နိုင်ငံတကာ ဥပဒေကျွမ်းကျင်သူ လူ့အခွင့်အရေးရှေ့နေလည်းဖြစ် နယူးရောက် အခြေစိုက် Global Justice Center ဥက္ကဌ Akila Radhakrishnan က ဗွီအိုအေကို အခုလို ပြောပါတယ်။

" နှစ်နိုင်ငံ ပူးတွဲထုတ်ပြန်ချက်ကိုကြည့်ရင် ဂမ်ဘီယာက မြန်မာကို စွဲထားတဲ့ အမှုမှာ တစိတ်တပိုင်းအနေနဲ့ကနေဒါနဲ့ နယ်သာလန်နှစ်နိုင်ငံ ပူးတွဲပြီးမြန်မာကို နောက်ထပ်အမှုထပ်ဖွင့်မယ့် သဘောဖြစ်ပါတယ်။ ဒါနဲ့ပတ် သက်လို့ တရားဥပဒေကြောင်းဆိုင်ရာ မေးခွန်းတွေရှိလာမှာဖြစ်ပါတယ်။ ကနေဒါနဲ့ နယ်သာလန်ရဲ့ကြေညာချက် မှာ အဓိကပြောထားတဲ့အချက်ကတော့ ဂမ်ဘီယာရဲ့လူမျိုးတုန်းသတ်ဖြတ်မှုစွဲချက်ထဲမှာ ပါနေတဲ့ မြန်မာစစ်တပ်ရဲ့လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ အစုလိုက်အပြုံလိုက် အတင်းအဓမ္မပြုကျင့်မှု ကို အဓိကထားပြီး သူတို့နှစ်နိုင်ငံက ပူးတွဲ အမှုဖွင့်ဖို့ ရှိတယ်ဆိုတာကို ပြောထားပါတယ်။"

မေး။။ ICJ နိုင်ငံတကာတရားရုံးမှာ တကယ်တမ်း မြန်မာကို အမှု စွဲထားတဲ့ နိုင်ငံက ဂမ်ဘီယာဖြစ်ပေမယ့် ကနေဒါ၊ နယ်သာလန် နိုင်ငံတွေက မြန်မာကို ထပ်ပြီး အမှုစွဲနိုင်သလားရှင့်။

ဖြေ။ ။ လူမျိုးတုန်းသတ်ဖြတ်မှု ကာကွယ်ရေးဆိုင်ရာ သဘောတူညီချက်မှာ ပါဝင်နေတဲ့ ဘယ်နိုင်ငံမဆို ဒီအမှုမှာ ပါဝင်ပတ်သက်နိုင်ပါတယ်။ အဲတော့ ဒီစာချုပ်ကို သဘောတူထားတဲ့ နိုင်ငံအများကြီးရှိနေပြီး၊ အမှုကို ပိုပြီးအားကောင်းဖို့အတွက် အဲဒီနိုင်ငံတွေအနေနဲ့ အခြားစွဲချက်တွေနဲ့ ထပ်ပြီး အမှုဖွင့်နိုင်ပါတယ်။

ကုလသမဂ္ဂတရားရုံးမှာ ဂမ်ဘီယာက မြန်မာကို စွဲတင်ထားတဲ့အမှုမှာ ဥပဒေကြောင်းအရပါ ပါဝင်ဆောင် ရွက် လာတဲ့ နိုင်ငံတွေထဲမှာ ကနေဒါ၊ နယ်သာလန်နိုင်ငံအပြင် မော်လ်ဒိုက် နိုင်ငံလည်း ပါဝင်ပါတယ်။

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာအစိုးရကတော့ ICJ တရားရုံးက ချမှတ်ထားတဲ့ ကြားဖြတ်အရေးပေါ်စီမံဆောင်ရွက်ချက်တွေကို လိုက်နာလုပ်ဆောင်နေကြောင်း တုန့်ပြန်ထားပါတယ်။

ရိုဟင်ဂျာတွေအပေါ် သတ်ဖြတ်မှု၊ အုပ်စုလိုက် အတင်း အဓမ္မပြုကျင့်မှု ရွာတွေ မီးရှို့ဖျက်စီးမှုအပါအဝင် ညှင်းပန်းနှိပ်စက်မှုတွေ ရပ်တန့်ဖို့ မြန်မာအစိုးရအနေနဲ့ ကြားဖြတ်အရေးပေါ် အစီအမံတွေကို လိုက်နာ ဆောင်ရွက်ဖို့ ၂၀၂၀ ဇန်နဝါရီလမှာ ICJ တရားသူကြီးတွေက အမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ်။ ဒါအပြင် မြန် မာအနေနဲ့ လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ခြင်းရှိမရှိ ဆိုတာကို တရားရုံးအနေနဲ့ စုံစမ်းစီရင်ခွင့်ရှိကြောင့်း လည်း အတည်ပြုခဲ့ပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */