Sunday, October 16, 2016

မတည်ငြိမ်တဲ့ မောင်တောမှာ လုံခြုံရေးတင်းကျပ်ထား

BBC
16.10.2016
ရခိုင်ပြည်နယ် မောင်တော မြို့နယ်တောင်ပိုင်းမှာ လုံခြုံရေးတင်းကျပ်ထားပြီး လမ်းသွားလမ်းလာတွေကို စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။

စနေနေ့ကလည်း ဇမာဒက်ဒေသက မြိုအမျိုးသား ကျောင်းဆရာတဦး ပစ်ခတ်ခံခဲ့ရတဲ့ အတွက် မောင်တော်ဆေးရုံမှာ ကုသမှု ခံယူနေရတယ်လို့ ဒေသခံ ဦးစံမောင်သန်းက ဘီဘီစီကို ပြောပါတယ်။ဘယ်သူဘယ်ဝါက ပစ်ခတ်တယ်ဆိုတာကိုတော့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

အနီးနားက မွတ်ဆလင်ကျေးရွာတွေကိုလည်း ကူးသန်းသွားလာခွင့် ပိတ်ထားတယ်လို့ ဦးစံမောင်သန်းက ပြောပါတယ်။

မောင်တော မြို့နယ်မြောက်ပိုင်းမှာလည်း အလားတူ လုံခြုံရေးတင်းကျပ်ထားပြီး လမ်းပန်းဆက်သွယ်မှု ပြတ်တောက်နေတဲ့အတွက် စာသင်သားတွေ စားနပ်ရိက္ခာ အခက်အခဲရှိနေတယ်လို့ နံ့သာတောင် ပရဟိတကျောင်းက ဆရာတော် ဦးစရဏက ဘီဘီစီကို ပြောပါတယ်။

မြန်မာ နယ်စပ်နဲ့ ကပ်လျက် ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းမှာလည်း ဘင်္ဂလားဒေ့ရှ်စစ်တပ်က နယ်စပ်လုံခြုံရေးကို တိုးမြှင့်ချထားတယ်လို့ အဲဒီဘက်ကို ရောက်ရှိနေတဲ့ ဦးမောင်သစ်အောင်က ဘီဘီစီကို ပြောပါတယ်။
နယ်စပ်မှတ်တိုင် လေးနေရာလောက်ကနေ ဘင်္ဂ္လားဒေ့ရှ်ဘက်ကို ဝင်လာတဲ့ ဘင်္ဂါလီတွေလည်း ရှိတယ်လို့ ဦးမောင်သစ်အောင်က ပြောပါတယ်။

နယ်စပ်မှာ အခုလိုအခြေအနေတွေ တည်ငြိမ်မှု မရှိသေးတဲ့အတွက် တနင်္ဂနွေန့မှာ ဘူးသီးတောင်ကနေ စစ်တွေကို သင်္ဘောနဲ့ထွက်ခွာသွားတဲ့ လူဦးရေ ၇၀ဝ ကျော်ခန့်ရှိတယ်လို့ သိရပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */