" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, May 28, 2019

ရခိုင်ပြည်နယ်မှာ အခြေချနိုင်ရေး ဆက်လက်ကြိုးစား သွားမယ်လို့ AA အဖွဲ့ပြော

RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-05-28
ရခိုင့်တပ်မတော် AA တပ်ဖွဲ့ဝင်တွေကို လိုင်ဇာမှာတွေ့ရစဉ်



ရခိုင်ပြည်နယ်မှာ ရခိုင့်တပ်မတော် AA အခြေချနိုင်ရေးဟာ အဓိကရည်မှန်းချက်ဖြစ်တာကြောင့် တပ်မတော် က လက်မခံလည်း ဆက်လက်ဆောင်ရွက်သွားမယ်လို့ ရခိုင့်တပ်မတော် AAပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက RFA ကို ဒီနေ့ပြောလိုက်ပါတယ်။

မနေ့က နေပြည်တော်မှာ သတင်းစာရှင်းလင်းပွဲအပြီးမှာ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ရခိုင်ပြည်နယ်မှာ ရခိုင်တပ်မတော် AA ကို အခြေချခွင့်မပေးနိုင် ဘူးလို့ တပ်မတော်ရဲ့ သဘောထားကို ပြောကြားခဲ့ပါတယ်။

ရခိုင်တပ်မတော် AA အဖွဲ့ဟာ KIA ထိန်းချုပ်တဲ့ လိုင်ဇာမှာ စတင်ခဲ့တာဖြစ်တာကြောင့် လိုင်ဇာမှာဆို ဖြစ် ကောင်းဖြစ်နိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဒီလိုတပ်မတော်ဘက်က ရခိုင်တပ်မတော်ကို ရခိုင်ပြည်နယ်မှာ အခြေချခွင့်မပေးဘူးဆိုတာနဲ့ ပတ်သက်ပြီး လက်မခံနိုင်ကြောင်းနဲ့ ရခိုင်ပြည်နယ်ဟာ အရင်ကလွတ်လပ်တဲ့နိုင်ငံဖြစ်ပြီး ရခိုင်ပြည်နယ်မှာ ရခိုင့်တပ် မတော်ဟာ ရှိကိုရှိရမယ်လို့ ခိုင်သုခက ပြောပါတယ်။

ရခိုင့်တပ်မတော် AAအဖွဲ့ ကိုရခိုင်ပြည်နယ်မှာ အခြေချခွင့်မပေးဘူးလို့ပြောတာဟာ လက်ရှိပကတိ အခြေ အနေနဲ့ ကွာခြားနေပြီး နှစ်ဘက်ညှိလို့မရရင် တိုက်ပွဲတွေဆက်ဖြစ်နိုင်တယ်လို့ နိုင်ငံရေးလေ့လာ သူတွေ ကပြောပါတယ်။

လက်ရှိအချိန်မှာ AAအပါအဝင် KIA ၊ TNLA ၊ MNDAA စတဲ့ မြောက်ပိုင်းတိုင်းရင်းသားလက်နက် ကိုင်
လေး ဖွဲ့အနေနဲ့ NCA တနိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်ရပ်စာချုပ် လက်မှတ်မထိုးခင် တစ်ဖွဲ့ချင်းစီအလိုက် အပစ်ရပ်စာချုပ် လက်မှတ်ထိုးဖို့ တွေဆုံဖို့နေရာရွေးနေကြပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့တာပါ။

လင့်၊https://www.rfa.org/burmese/news/aa-try-settlement-in-rakhine-state-05282019074615.html?fbclid=IwAR0DWJt9lvO-QI0E2SfSWtV0eL42tL7NgMHtV9FRueiO0VqwnflsSY1TvBQ

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */