ဧရာဝတီ
8 December 2021
မြန်မာစစ်တပ်နှင့် ယင်းတို့ကို ထောက်ခံသူများက ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာ မွတ်စလင် ဆန့်ကျင်ရေး အမုန်း စကား ရေးသားမှုများကို ပိတ်ပင်ပေးရန် ပျက်ကွက်မှုကြောင့် နစ်နာကြေးအဖြစ် အမေရိကန်ဒေါ်လာ ၁၅၀ ဘီ လီယံ ပေးရန် အမေရိကန်နှင့် ဗြိတိန်ရောက် ရိုဟင်ဂျာ ဒုက္ခသည်များက Facebook ကုမ္ပဏီကို တရားစွဲ ဆို လိုက်ကြသည်။
အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်တွင် ဒီဇင်ဘာလ ၆ ရက်နေ့က တရားစွဲဆိုမှုနှင့် ပတ်သက်၍ ရှေ့နေများက မြန်မာနိုင်ငံတွင် တွင်ကျယ်လာသော Facebook လူမှုကွန်ရက်သည် အမုန်းစကားများ ပြန့်ပွား စေခြင်း၊ သတင်းမှားများ ဖြန့်ခြင်းနှင့် ပဋိပက္ခဖြစ်စေရန် လှုံ့ဆော်မှုများကို အားပေးခြင်းကြောင့် ရိုဟင်ဂျာများကို လူမျိုးတုန်း သတ်ဖြတ်မှု ဖြစ်စေသည်ဟု AP သတင်းဌာနသို့ ပြောဆိုထားသည်။
မြန်မာနိုင်ငံတွင် Facebook ကို အင်တာနက်လိုင်းများ စတင်ကောင်းလာသည့် ၂၀၁၁ ခုနှစ်မှစ၍ လူသန်းနှင့်ချီ သုံးစွဲခဲ့ကြသည်ဟု ကယ်လီဖိုးနီးယားပြည်၊ ဆန် မာတီယို စီရင်စုရှိ တရားရုံးတွင် အမှုဖွင့်ရာ၌ ဖော်ပြထားသည်။ ထို့အပြင် Facebook ကုမ္ပဏီသည် အွန်လိုင်း သတင်းမှားများ၊ အကောင့်တုများ၏ အန္တရာယ်နှင့် ပတ်သက်၍ အသိ ပညာပေးမှု အနည်းငယ်သာ ပြုလုပ်ခဲ့ကြောင်းလည်း အမှုတွဲဖိုင်တွင် ဖော်ပြထားသည်။
ရိုဟင်ဂျာ မွတ်စလင် ဆန့်ကျင်ရေး အမုန်းစကား ရေးသားမှုများကို ပိတ်ပင်ပေးရန် ပျက်ကွက်မှုကြောင့် နစ်နာ ကြေးအဖြစ် အမေရိကန်ဒေါ်လာ ၁၅၀ ဘီလီယံ ပေးရန် အမေရိကန်နှင့် ဗြိတိန်ရောက် ရိုဟင်ဂျာ ဒုက္ခသည် များက Facebook ကုမ္ပဏီကို တရားစွဲဆိုလိုက်ကြသည်။
အလားတူ Facebook အပေါ် တရားစွဲဆိုမှုကို ဗြိတိန်နိုင်ငံတွင်လည်း ပြုလုပ်ခဲ့သည်။ Facebook က ယင်းသို့ တရားစွဲဆိုလိုက်မှုများအပေါ် တစုံတရာ မှတ်ချက် မပေးသေးပေ။
ယခု ရိုဟင်ဂျာအရေး တရားစွဲဆိုမှုသည် Facebook ကို သတင်းမှားများ ဖြန့်ခြင်းနှင့် နိုင်ငံရေး ပဋိပက္ခများ ဖြစ် စေခြင်းတို့ကြောင့် စွပ်စွဲပြစ်တင်ခံနေရသည့် ကိစ္စများအနက် နောက်ထပ်တခု ဖြစ်လာသည်။
၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်၏ နယ်မြေရှင်းလင်းရေး လုပ်ဆောင်မှုများကြောင့် သိန်းနှင့် ချီသည့် ရိုဟင်ဂျာ မွတ်စလင်များ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေး ခိုလှုံကြရပြီး နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) တွင်လည်း အမှု ဖွင့် စုံစမ်းစစ်ဆေးသည့် အဆင့်သို့ ရောက်ရှိခဲ့သည်။
You may also like these stories:
Topics: Facebook, ဒုက္ခသည်, နစ်နာကြေး, ရခိုင်ပြည်နယ်, ရိုဟင်ဂျာ, လူမျိုးတုန်းသတ်ဖြတ်မှု

- ရိုဟင်ဂျာနဲ့ လူနည်းစုက မြန်မာ့အပြောင်းအလဲအတွက် အရေးပါ
- ရိုဟင်ဂျာ ဂျီနိုဆိုဒ်အမှု အာဂျင်တီးနား တရားရုံး ကြားနာမည်
- ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာခေါင်းဆောင် ပစ်သတ်ခံရ
- မောင်တောနယ်စပ်မှာ တကျော့ပြန် လှုပ်ရှားလာသည့် မွတ်ဆလင် လက်နက်ကိုင်များ
Topics: Facebook, ဒုက္ခသည်, နစ်နာကြေး, ရခိုင်ပြည်နယ်, ရိုဟင်ဂျာ, လူမျိုးတုန်းသတ်ဖြတ်မှု
Link : Here
No comments:
Post a Comment