" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, July 29, 2021

ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်တွေ ရေဘေးဒဏ် သင့်နေ

VOA
ဗွီအိုအေ (မြန်မာပိုင်း)
29 ဇူလိုင်၊ 2021
ဘင်္ဂလားဒေ့ရှ်ရောက် Rohingya ဒုက္ခသည်များ (ဓာတ်ပုံ - AP)
 
ဘင်္ဂလားဒေ့ရှ်တောင်ပိုင်းမှာ မုတ်သုန်မိုး ပြင်းပြင်းထန်ထန် ရွာသွန်းတဲ့အတွက် ရိုဟင်ဂျာ ဒုက္ခသည် တေ သာင်း လောက်ကို ဘေးလွတ်ရာ နေရာတွေဆီ ရွှေ့ပြောင်းပေးခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်အရာရှိတွေက ပြောပါ တယ်။ သီတင်းတပတ်လောက် မိုးပြင်းပြင်းထန်ထန် ရွာနေခဲ့တာကြောင့် မြန်မာနယ်စပ်နားမှာရှိနေတဲ့ ဒုက္ခ သည်စခန်းတွေမှာ ရေကြီး၊ မြေပြိုတဲ့ ဘေးဒဏ်ကို အကြီးအကျယ်ခံနေရပြီး လူ ၁၄ ယောက်ထက် မနည်း သေဆုံးခဲ့သလို စခန်းထဲက ထောင်နဲ့ချီတဲ့ တဲအိမ်တွေ ရေနစ်မြုပ်နေပါတယ်။

မနေ့က ဗုဒ္ဓဟူးနေ့ တရက်တည်းမှာတင် Cox’s Bazar ခရိုင်တွင်းက ဒုက္ခသည်စခန်းတွေမှာ မိုးရေချိန် ၁၂ လက်မ နီးပါးအထိ ရွာသွန်းခဲ့တာလို့ ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ကုလသမဂ္ဂအေဂျင်စီက ပြောပါတယ်။ ကိုဗစ်ကပ်ဘေးဒဏ်ခံနေရတဲ့အချိန် ခုလို ရေကြီးတာကိုပါ ကြုံရတဲ့အတွက် ရောဂါကူးစက်မှုတွေ ပိုပြီး ဆိုး လာနိုင်တယ်လို့လည်း ကုလသမဂ္ဂအဖွဲ့က ပြောပါတယ်။ ရေဘေးဒဏ်ခံနေရသူ အများစုဟာ ၂၀၁၇ ခုနှစ်က ရခိုင်ပြည် နယ်မှာ မြန်မာ စစ်တပ်က ရိုဟင်ဂျာတွေအပေါ် အင်အားသုံး နှိမ်နှင်းမှုတွေကြောင့် ထွက်ပြေးခဲ့တဲ့ ဒုက္ခသည်တွေဖြစ်ပါတယ်။

ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာနိုင်ငံဘက်က ဒုက္ခသည်တွေကို ပြန်စိစစ်လက်ခံမယ် လို့တော့ ပြောဆိုထားပါတယ်။ ဒီအတောအတွင်း ဒုက္ခသည်တွေဟာ သဘာဝဘေးဒဏ် မကြာခဏ ခံရလေ့ရှိတဲ့ Cox’s Bazar ခရိုင်အတွင်းက ဒုက္ခသည် စခန်းတွေမှာပဲ နေထိုင်နေကြရတာပါ။ လာမယ့် သီတင်းပတ်တွေ အ တွင်း Cox’s Bazar ခရိုင်မှာ မိုး ဆက်ပြီးများမယ်လို့ ဘင်္ဂလားဒေ့ရှ် မိုးလေဝသဌာနက ခန့်မှန်းထားပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */