ဗွီအိုအေ (မြန်မာပိုင်း)
19 မေ၊ 2021
ဘင်္ဂလားဒေရှ့်နိုင်ငံ ကောဇ့်ဘဇားမှာ ခိုလှုံနေရတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ အတွက် စားနပ်ရိ က္ခာ ဖူလုံရေးက ထိပ်တန်း ဦးစားပေး အဖြစ် ဆက်လက် ရှိနေကြောင်း ကုလသမဂ္ဂက ပြောပါတယ်။
“ဘင်္ဂလားဒေရှ့်ဘက်ကို ရိုဟင်ဂျာ ဒုက္ခသည်တွေ ၂၀၁၇ နှစ်က ထွက်ပြေးခဲ့ပြီးနောက် ၅ နှစ် ရှိလာချိန်ထိကောဇ့် ဘဇားမှာ ရိက္ခာ ဖူလုံရေး ကိစ္စက ထိပ်တန်း ဦးစားပေး လုပ်ငန်း အဖြစ် ဆက်လက် ရှိနေဆဲဖြစ်ကြောင်း ကမ္ဘာ့ စားနပ်ရိက္ခာ အဖွဲ့ WFP က ပြောဆိုထားကြောင်း” ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြော ခွင့်ရ Stephane Dujarric က အင်္ဂါနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။
ရိုဟင်ဂျာ ဒုက္ခသည်တွေ၊ နောက် သူတို့ကို လက်ခံထားတဲ့ လူမှုအသိုင်းအဝိုင်းတွေကို ကူညီပေးရေး ပူးပေါင်း တုံ့ပြန်ဆောင်ရွက်ရေး အစီအစဉ်အတွက် ဒေါ်လာ သန်း ၉၄၃ သန်း ပန်ကြားထားတာမှာ ဒီရန်ပုံငွေရဲ့ ၄ ပုံ တပုံက စာလောင်မွတ်သိပ်မှုနဲ့ အဟာရ မပြည့်ဝမှု ကို ဖြေရှင်းရေးမှာ အသုံးပြုဖို့ ဖြစ်တယ်လို့ WFP က ပြော ဆိုထားပါတယ်။
ဘင်္ဂလားဒေရှ့်က ရိုဟင်ဂျာ ဒုက္ခသည်တွေနဲ့ သူတို့ကို လက်ခံထားတဲ့ အသိုင်းအဝိုင်းတွေ ကောင်းကောင်း မွန်မွန် သိက္ခာ ရှိရှိ နေထိုင်နိုင်ရေး ဒေါ်လာ ၉၄၃ သန်း ရန်ပုံငွေ အစီအစဉ်ကို ဘင်္ဂလားဒေရှ့် အစိုးရ ဦး ဆောင်မှုနဲ့ ဘင်္ဂ လားဒေရှ့် အစိုးရရဲ့ ဦးဆောင်မှုနဲ့ ရွှေ့ပြောင်းအခြေချမှုဆိုင်ရာ နိုင်ငံတကာ အဖွဲ့ IOM နဲ့ ဒုက္ခ သည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး တို့က စတင်လိုက်တာ ဖြစ်ပါတယ်။
အခုအချိန်ထိတော့ ရန်ပုံငွေ ဒေါ်လာ သန်း ၃၄၀ ရရှိထားပြီး ပန်ကြားထားတဲ့ ရန်ပုံငွေရဲ့ ၃၆ ရာခိုင်နှုန်း ရရှိပြီ ဖြစ်ကြောင်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Filippo Grandi က အင်္ဂါနေ့မှာ ပြောဆိုထား ပါတယ်။ ရိုဟင်ဂျာ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာဘက်က ဒုက္ခသည်တွေ စိစစ်ပြီး ပြန်လက်ခံမယ်လို့ ပြောဆိုထားပေမယ့် အခုအချိန်ထိတော့ အကောင်အထည် မပေါ်သေးပါဘူး။
Link : Here

No comments:
Post a Comment