RFA
2024.10.19
ရိုဟင်ဂျာ သုံးဦး အသက်ရှုကျပ်သေဆုံးမှုနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည့် ထိုင်းအာဏာပိုင်များအား ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့က တွေ့ရစဉ်။ Thai News
ထိုင်းနိုင်ငံအတွင်း မြန်မာနိုင်ငံက ရိုဟင်ဂျာဒုက္ခသည်တစ်စု သေဆုံး၊ ဒဏ်ရာရခဲ့တဲ့ ကိစ္စကို ထိုင်းအစိုးရအနေနဲ့ ထိထိရောက်ရောက်စုံစမ်းစစ်ဆေးဖို့ လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ (HRW) က အောက်တိုဘာ ၁၈ ရက်နေ့က ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
ထိုင်းအာဏာပိုင်တွေအနေနဲ့ အသက်ရှင်ကျန်ရစ်သူတွေကို အရေးပေါ်အကာအကွယ်တွေပေးဖို့နဲ့ ကျူးလွန်မှုမှာ တာဝန်ရှိတဲ့သူတွေကို အရေးယူဖို့လည်း HRW က တိုက်တွန်းလိုက်ပါတယ်။
အောက်တိုဘာ ၁၇ ရက်နေ့က ထိုင်းနိုင်ငံတောင်ပိုင်းက ဘုန်းကြီးကျောင်းတစ်ကျောင်းအပြင်ဘက်မှာ ဒုက္ခရောက်နေကြတဲ့ ရိုဟင်ဂျာအုပ်စုတစ်စုကို ဘုန်းကြီးတွေက တွေ့ရှိခဲ့ပြီး ရဲတွေကိုအကြောင်းကြားခဲ့ကြပါတယ်။ ဒီရိုဟင်ဂျာတွေထဲက အနည်းဆုံး ၁၀ ဦးဟာ စိုးရိမ်ရတဲ့အခြေအနေမှာရှိနေပြီး အများစုက သတိလစ်မေ့မြောနေကြတယ်လို့ ဆိုပါတယ်။ အဲဒီထဲက နှစ်ဦးဟာ သေဆုံးနေပြီး ကျန်တဲ့သူတွေကို ဘန်ကောက်မြို့တောင်ဘက် ကီလို ၅၀၀ အကွာ Lang Suan ခရိုင်က ဆေးရုံတွေကိုပို့ဆောင်ပေးခဲ့ကြောင်းနဲ့ နောက်ထပ် တစ်ဦး သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။
အသက်ရှင်ကျန်ရစ်သူတွေရဲ့ ပြောပြချက်အရ ရခိုင်ပြည်နယ်က ရိုဟင်ဂျာ ၇၀ ခန့် မဲဆောက်မြို့ကို အောက်တိုဘာ ၁၆ ရက်နေ့က ရောက်လာခဲ့ကြောင်း၊ ထိုင်းနိုင်ငံကိုရောက်တာနဲ့ မလေးရှားနယ်စပ် ကီလိုမီတာ ၁၅၀၀ ခရီးကိုသွားဖို့ ထရပ်ကားတွေထဲကို အတင်းထိုးသိပ် တွန်းပို့ခံခဲ့ရကြောင်း နဲ့ ထရပ်ကားတစ်စီးစီမှာ ရိုဟင်ဂျာ ဒါဇင်နဲ့ချီတင်ဆောင်ပြီးထွက်အလာ ကီလို ၁၀၀၀ ကျော်ခရီးအရောက်မှာ ထရပ်ကားတစ်စီးက ကားမောင်းသူတွေက အသက်ရှုမွန်းကျပ်သေဆုံး၊ မေ့မြောနေတဲ့ ရိုဟင်ဂျာတွေကို စွန့်ပစ်ထားခဲ့တာလို့ ဆိုပါတယ်။
ဆက်နွယ်သောသတင်းများ
- ရိုဟင်ဂျာတစ်ရာကျော်ပါတဲ့ စက်လှေတစ်စီး အင်ဒိုနီးရှားကမ်းခြေရောက်
- ထိုင်းမှာ လူကုန်ကူးခံရတဲ့ ရိုဟင်ဂျာ သုံးဦး အသက်ရှုကျပ်သေဆုံး
- အပစ်ရပ်ရေးပျက်တဲ့အတွက် ရိုဟင်ဂျာနေရပ်ပြန်ပို့ရေး နှောင့်နှေးရ
- ရိုဟင်ဂျာအရေး ပါဝင်ဖြေရှင်းပေးဖို့ တရုတ်ကို ဘင်္ဂလားဒေ့ရှ်တောင်းဆို
- ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ဘေးကင်းဇုန်ထားရှိပေးဖို့ ဘင်္ဂလားဒေ့ရှ် တောင်းဆို
No comments:
Post a Comment