" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, November 25, 2022

မြန်မာ လူ့အခွင့်အရေးမဟာမိတ်ဖွဲ့ရန် ရိုဟင်ဂျာများ စုစည်း

ဧရာဝတီ
By Muktadir Rashid
24 November 2022

၂၀၁၈ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်နေ့က အူကီယာရှိ ကူတူပါလောင် ဒုက္ခသည်စခန်းတွင် ကျင်းပသော ၂၀၁၇ ခုနှစ် မြန်မာစစ်တပ် အကြမ်းဖက် နှိမ်နင်းမှု နှစ်ပတ်လည် ပထမဆုံးအကြိမ် အခမ်းအနားကို တက်ရောက်လာသည့် ရိုဟင်ဂျာ ဒုက္ခသည်များ / AFP

ရိုဟင်ဂျာအဖွဲ့အစည်းများနှင့် တက်ကြွလှုပ်ရှားသူ အများအပြားသည် မြန်မာတွင် လူအခွင့်အရေး တောင်းဆိုရန် အဖွဲ့တခုဖွဲ့စည်းရေး စုစည်းခဲ့ကြသည်။

အာရကန် ရိုဟင်ဂျာ အမျိုးသား မဟာမိတ် Arakan Rohingya National Alliance (ARNA) က ရိုဟင်ဂျာ ညီ ညွတ်ရေး တောင်းဆိုပြီး ၎င်းတို့ မွတ်ဆလင် လူမှုအသိုက်အဝန်းသည် ခွဲထွက်ရေးသမားများ မဟုတ်ကြောင်း ကြေညာသည်။
ရိုဟင်ဂျာများသည် မတူကွဲပြား ညီညွတ်မှုဖြင့် ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးကို အလေးထားကာ အနာဂတ် ဖက်ဒရယ် ဒီမိုကရက်တစ်မြန်မာ၏ တစိတ်တပိုင်းဖြစ်လိုကြောင်း ထိုအဖွဲ့က ကြေညာသည်။

၎င်းတို့သည် မြန်မာမှ အခြားလူမျိုးစုများကဲ့သို့ အပြည့်အဝ ထိရောက်သော တန်းတူညီမျှမှုနှင့် ကိုယ်ပိုင် ပြဋ္ဌာန်း ခွင့် ရရှိရေးအတွက် အရပ်သား အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) နှင့် ရခိုင်ပြည်နယ်မှ ရက္ခိုင့်အမျိုးသား အ ဖွဲ့ချုပ် (ULA) တို့နှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ထိုအဖွဲ့က ပြောသည်။

နိုဝင်ဘာလ ၂၀ ရက်နေ့က ပြုလုပ်သည့် အွန်လိုင်း သတင်းစာရှင်းလင်းပွဲသည် ကမ္ဘာ့အဝေးရောက် ရိုဟင်ဂျာများ နှင့် ညီညွတ်ရေးနှင့် မြန်မာမှ ရိုဟင်ဂျာများ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေး ရည်ရွယ်ချက်ကို ကြေညာရန် ဖြစ် ကြောင်း ထိုမဟာမိတ်အဖွဲ့က ပြောသည်။

ရိုဟင်ဂျာ ဒုက္ခသည် တသန်းကို ခိုလှုံခွင့်ပေးထားသောကြောင့် ဘင်္ဂလားဒေ့ရှ် ပြည်သူများနှင့် အစိုးရကို ရိုဟင်ဂျာ ခေါင်းဆောင်များ ကျေးဇူးတင်သည်။ နိုဝင်ဘာလ ၁၄ ရက်နေ့က မြန်မာနယ်စပ်တွင် ရာဇဝတ်ဂိုဏ်းတခုက ထောက်လှမ်းရေးညွှန်ချုပ်ရုံးမှ လေယာဉ်အုပ်မှူး ရစ်ဇ်ဝန် ရပ်ရှဒီကို သတ်ဖြတ်ခြင်းကိုလည်း ရှုတ်ချသည်။

ARNA ၏ ကြေညာချက်တခုတွင် “ရာစုနှစ် တဝက်နီးပါးကြာအောင် သိန်းနှင့်ချီသော ရိုဟင်ဂျာများသည် မြန်မာ စစ်တပ်နှင့် စစ်အုပ်စု ကျောထောက်နောက်ခံပြု အစိုးရမဟုတ်သည့် အင်အားစုများ၏ ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်၊ အဓမ္မပြုကျင့်၊ ညှဉ်းပန်းနှိပ်စက်ခံရသည်။ ရခိုင်မြောက်ပိုင်းတွင် ၂၁ ရာစုအတွင်း အဆိုးရွားဆုံး လူမျိုး တုံးသတ်ဖြတ်မှုကို မြန်မာ၏ ရက်စက် ကြမ်းကြုတ်သော စစ်တပ်က ဦးဆောင်သည့် ၂၀၁၇ ခုနှစ်တွင် အကြမ်း ဖက် မှုများ အထွဋ်အထိပ် ရောက်လာပြီး ရိုဟင်ဂျာ တသန်းကျော်သည် နယ်စပ်ဖြတ်ကျော်ကာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးရကာ ဘင်္ဂလားဒေ့ရှ် အစိုးရနှင့် နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းများ၏ အကူအ ညီဖြင့် ညစ်ပတ်စုတ်ပြတ်နေသော ဒုက္ခသည် စခန်းများတွင် နေထိုင်ရသည်” ဟု ထိုကြေညာချက်တွင် ဖော်ပြ ထား သည်။

“ယခုအကြိမ်သည် ၂၀၁၇ ခုနှစ် လူမျိုးတုံးသတ်ဖြတ်မှု နောက်ပိုင်းတွင် ရိုဟင်ဂျာ အဖွဲ့အစည်းများ၊ နိုင်ငံရေး သ မားများနှင့် တက်ကြွလှုပ်ရှားသူများ အကျယ်ပြန့်ဆုံး မဟာမိတ်ဖွဲ့ထားသည့် ဘုံအခြေခံ စင်မြင့်တခုကို ပထမဆုံး အကြိမ် ထူထောင်နိုင်ခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်မှ လေဟာပြင်အကျဉ်းထောင်အတွင်း ပိတ်မိနေသော ရိုဟင်ဂျာ သန်းတဝက်အပါအဝင် ရိုဟင်ဂျာ ပြည်သူများက မျှော်လင့်ချက်ဖြင့် ကြိုဆိုသည့် ဖြစ်ပေါ်တိုးတက်မှု တခုဖြစ် သည်” ဟုလည်း ထိုကြေညာချက်တွင် ဖော်ပြထားသည်။

ရိုဟင်ဂျာခေါင်းဆောင် နာရူ အစ္စလမ်က ARNA ဗဟိုအလုပ်အမှုဆောင်အဖွဲ့တွင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး ထင်ရှားသူ ဒေါက်တာ ယူနပ်စ်နှင့် ရီဖာ အူဒင်တို့သည် ဒုတိယ ဥက္ကဋ္ဌများ ဖြစ်သည်။

အဖွဲ့ဝင်များတွင် ဦးကျော်မင်း၊ အေမန် အူလာ ဦးထွန်းခင်၊ ဦးနေစောလွင်၊ ဒေါက်တာ လှမြင့်၊ ဦးဇော်မင်းထွဋ်၊ ဒေါက်တာ ဟာဘစ် အူလာနှင့် ဒေါက်တာ အဘူ ဆစ်ဒစ် အာမန်တို့ ပါဝင်သည်။

ဒါကာတက္ကသိုလ်မှ အငြိမ်းစား နိုင်ငံတကာဆက်ဆံရေးပညာရှင်နှင့် ဒုက္ခသည်ရေးရာ ကျွမ်းကျင်သူ စီအာ အဘ် ရာက ထိုသို့လုပ်ဆောင်ခြင်းကို ကြိုဆိုပြီး လူမျိုးတုံးသတ်ဖြတ်မှုမှ အသက်မသေဘဲ လွတ်မြောက်လာသည့် ဖိ နှိပ်ခံ အသိုက်အဝန်းများအတွက် ညီညွတ်ရေးသည် အရေးကြီးကြောင်း ပြောသည်။

ရိုဟင်ဂျာတက်ကြွလှုပ်ရှားသူနှင့် NUG အကြံပေး ဦးအောင်ကျော်မိုးက “ရိုဟင်ဂျာ လူမှုအသိုက်အဝန်းက ကိုယ် စား ပြုမှုမျိုး မရှိခဲ့ဘူး။ တနေ့တော့ ဖြစ်လာစေချင်တယ်။ အဲဒီ ကိုယ်စားပြုမှုဟာ ဘာသာရေးနဲ့ မပတ်သက်ဘဲ အားလုံးအကျုံးဝင်သလို ကွဲပြားခြားနားမှုရှိပြီး လူ့အခွင့်အရေးကို အလေးပေးရမယ်” ဟု ဧရာဝတီ သတင်း ဌာန သို့ ပြောသည်။

“ရိုဟင်ဂျာ ပြဿနာဟာ ဒေသတွင်းကို အကြီးအကျယ် ရိုက်ခတ်မှုရှိပြီး မြန်မာက လူငယ်တွေ၊ အမျိုးသမီး ခေါင်း ဆောင်တွေနဲ့ မြန်မာက လူမှုအခြေပြုအဖွဲ့အစည်း ခေါင်းဆောင်တွေရဲ့ အဓိက ခေါင်းဆောင်မှုနဲ့ ဖြေရှင်းရမယ့် ပြဿနာဖြစ်တယ်” ဟုလည်း သူကပြောသည်။

“အဝေးရောက်တွေဟာ အကူအညီပေးနိုင်ပေမယ့် မြန်မာက ပြဿနာတွေကို ရေခြားမြေခြားက ခေါင်းဆောင် တွေက မဖြေရှင်းနိုင်ဘူးဆိုတာကို သမိုင်းက သက်သေပြနေတယ်။ ရိုဟင်ဂျာလူမှု အသိုက်အဝန်းမှာ ညီညွတ်မှု ယခင်ကထက် ပိုမိုလိုအပ်နေပြီး ညီညွတ်မှုကို ရိုဟင်ဂျာတွေ အန္တရာယ် ကျရောက်ခြင်းအား ရှောင်ရှားနိုင်တဲ့စည်း ကမ်းတကျ မှန်ကန်တဲ့ လုပ်ငန်းစဉ်နဲ့ လုပ်ဆောင်ဖို့ လိုတယ်” ဟုလည်း သူပြောသည်။

You may also like these stories:


Topics: ARNA, NUG, ULA, ဒုက္ခသည်, ဖက်ဒရယ် ဒီမိုကရက်တစ်မြန်မာ, ဘင်္ဂလားဒေ့ရှ်, ရိုဟင်ဂျာ, လူ့အခွင့် အရေး 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */