" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, December 15, 2023

ရိုဟင်ဂျာဒုက္ခသည်များ၏ အရင်းခံပြဿနာကို မဆိုင်းမတွ ဖြေရှင်းရန် လိုဟု အင်ဒိုနီးရှား ပြော

မဇ္စျိမ
By ANTARA News
14 December 2023

Photo: AFP

ရိုဟင်ဂျာဒုက္ခသည်များ၏ အရင်းခံပြဿနာကို ချက်ချင်းလက်ငင်း ဖြေရှင်းသင့်ကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နို မာဆုဒီက ဒီဇင်ဘာ ၁၃ ရက် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂ ရုံး ၌ ကမ္ဘာလုံးဆိုင်ရာ ဒုက္ခသည်ဖိုရမ်တွင် အလေးပေးပြောဆိုသည်။

မြန်မာအာဏာသိမ်းစစ်အုပ်စုနှင့် အရပ်သားများအကြား ပဋိပက္ခကြောင့် မြန်မာတွင် ဆက်လက်ဖြစ် ပွားနေသည့် အကြမ်းဖက်မှုတို့က ရိုဟင်ဂျာများကို နိုင်ငံမှ ထွက်ခွာစေရန် တွန်းပို့နေပြီး အများအ ပြား သည် အင်ဒိုနီးရှားသို့ ကမ်းကပ်ရောက်ရှိခဲ့သည်ဟု သူမက မှတ်ချက်ပြုသည်။

“ဒါကြောင့်မို့ မြန်မာမှာ ပဋိပက္ခတွေ ရပ်တန့်ပြီး ဒီမိုကရေစီ မူလအတိုင်း ပြန်ထားဖို့အတွက် အတူ တကွလုပ်ဆောင်ကြဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းကို ဖိတ်ခေါ်ပါတယ်။ ဒါမှလည်း ရိုဟင်ဂျာဒုက္ ခသည် တွေဟာ သူတို့အိမ်တွေဆီ ပြန်သွားနိုင်မှာဖြစ်တယ်” ဟု သူမက ဂျီနီဗာမှ အွန်လိုင်းသတင်း ထုတ်ပြန်ချက်ကို ထုတ်ပြန်စဉ် မှတ်ချက်ပြုသည်။

အင်ဒိုနီးရှားသို့ ရောက်လာသည့် ဒုက္ခသည်ထောင်ချီ အပါအဝင် ဒုက္ခသည်များသည် လူကုန်ကူးမှုနှင့် မှောင်ခိုကူးမှုတို့၏ သားကောင်များဖြစ်လာရသည် ဆိုသည့် ခိုင်မာသည့် လက္ခဏာတခုကိုလည်း သူမက ထုတ်ဖော်သည်။

ဒုက္ခသည်များ အရေးကိစ္စကို ကိုင်တွယ်ရာတွင် ရှုပ်ထွေးမှုနှင့် ခက်ခဲနက်နဲမှုတို့ကြောင့် လူကုန်ကူး မှုက ပိုမိုဆိုးဝါးလာသည်ဟု မာဆုဒီက မှတ်ချက်ပြုသည်။ “နိုင်ငံဖြတ်ကျော် မှုခင်းတခုဖြစ်တဲ့ လူ ကုန် ကူးမှုကို တိုက်ဖျက်ဖို့ အင်ဒိုနီးရှားအနေနဲ့ နှောင့်နှေးနေမှာမဟုတ်ဘူးလို့ ပြောချင်တယ်။ ဒါပေ မယ့် ဒါကို အင်ဒိုနီးရှားတနိုင်ငံတည်း လုပ်လို့ မရနိုင်ဘူး” ဟု သူမက ပြောသည်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */