မြန်မာ့အလင်း
နေပြည်တော်
စက်တင်ဘာ ၃၀
ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် ရခိုင်ပြည်နယ်အရေးကိစ္စ ဖြေရှင်းရာတွင်မြန်မာနှင့်အာဆီယံ တို့ အကြား ပူးပေါင်းဆောင်ရွက်မှုများကို ရှင်းလင်းပြောကြား (၇၄)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံသို့ တက်ရောက်လျက် ရှိသော မြန်မာကိုယ်စား လှယ် အဖွဲ့ ကိုယ်ခွဲခေါင်းဆောင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် စက်တင်ဘာ ၂၈ ရက် မွန်းလွဲပိုင်းတွင် ကုလသမဂ္ဂဌာနချုပ်၌ ကျင်းပခဲ့သည့် အာဆီယံ-ကုလသမဂ္ဂ ဝန်ကြီးအဆင့် အစည်းအဝေးတွင် ရခိုင်ပြည်နယ် အရေးကိစ္စ ဖြေရှင်းရာ၌ အာဆီယံနှင့်ပူးပေါင်း ဆာင်ရွက်နေမှုအခြေ အနေ များကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်နှင့် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အား ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ အစည်းအဝေးသို့ (၇၄)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ သဘာပတိ၊ အတွင်းရေးမှူး ချုပ် ၏ Cabinet အကြီးအကဲနှင့် ကုလသမဂ္ဂအဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။အစည်း အဝေးတွင် ရခိုင် ပြည်နယ်မှ နေရပ်စွန့်ခွာသူများအရေးကိစ္စနှင့် ပြဿနာ၏ အခြေခံဇာစ်မြစ်ကို ဖြေရှင်းရာတွင် အာဆီယံအနေဖြင့် ပိုမိုတက်ကြွသည့် အခန်းကဏ္ဍမှ ပူးပေါင်းပါဝင်ရန် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres ကဆွေး နွေးတိုက်တွန်းကြောင်း မိန့်ခွန်းပြောကြားခဲ့သဖြင့် ပြည်ထောင်စုဝန်ကြီးက တုံ့ပြန်ပြောကြားခဲ့ခြင်း ဖြစ်သည်။နေပြည်တော်
စက်တင်ဘာ ၃၀
ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် ရခိုင်ပြည်နယ်အရေးကိစ္စ ဖြေရှင်းရာတွင်မြန်မာနှင့်အာဆီယံ တို့ အကြား ပူးပေါင်းဆောင်ရွက်မှုများကို ရှင်းလင်းပြောကြား (၇၄)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံသို့ တက်ရောက်လျက် ရှိသော မြန်မာကိုယ်စား လှယ် အဖွဲ့ ကိုယ်ခွဲခေါင်းဆောင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် စက်တင်ဘာ ၂၈ ရက် မွန်းလွဲပိုင်းတွင် ကုလသမဂ္ဂဌာနချုပ်၌ ကျင်းပခဲ့သည့် အာဆီယံ-ကုလသမဂ္ဂ ဝန်ကြီးအဆင့် အစည်းအဝေးတွင် ရခိုင်ပြည်နယ် အရေးကိစ္စ ဖြေရှင်းရာ၌ အာဆီယံနှင့်ပူးပေါင်း ဆာင်ရွက်နေမှုအခြေ အနေ များကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်နှင့် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အား ရှင်းလင်းပြောကြားခဲ့သည်။
ယင်းသို့ပြောကြားရာတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီသို့အသွင်ကူးပြောင်းရာတွင် ရခိုင်အရေးကိစ္စသည် စိန်ခေါ်မှုများစွာ အနက် တစ်ခုဖြစ်ကြောင်း၊ အစိုးရအနေဖြင့် ရေရှည်တည်ငြိမ် အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်ပေါင်းစုံမှ ကြိုးပမ်းလျက်ရှိကြောင်း၊ အစိုးရ၏ လက်ရှိဦးစားပေး လုပ်ငန်းမှာနေ ရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်ကို ဆောလျင်စွာ ပြန်လည်လက်ခံရေးနှင့် နေရပ်ပြန်လာသူများ အတွက် ပိုမိုကောင်းမွန်သည့် ပတ်ဝန်းကျင်ဖန်တီးရေးဖြစ်ပြီးဘင်္ဂလားဒေ့ရှ်၊ ကုလသမဂ္ဂနှင့် အာဆီယံတို့အပြင် ဒေသဆိုင်ရာ ဖွံ့ဖြိုးရေး မိတ်ဖက်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် အာဆီယံ အတွင်းရေး မှူးချုပ်ရုံး၊ AHA Centre အဖွဲ့တို့နှင့် နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်း၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်တွင် အာဆီယံမှ ပူးပေါင်း ဆာင်ရွက်နိုင် သည့် နယ်ပယ်များကို လေ့လာသည့် ကနဦး ဆန်းစစ် လေ့လာရေးအဖွဲ့သည် ၎င်းတို့၏ ပ ဏာမလေ့လာအကဲဖြတ် ချက်အစီရင်ခံစာကို ၂၀၁၉ ခုနှစ်၊ မေလတွင် ထုတ်ပြန်ခဲ့ကြောင်း၊ အဆိုပါ အစီ ရင်ခံစာတွင် ပူးပေါင်း ဆောင်ရွက်နိုင်သည့် နယ်ပယ် (၃)ခုကို အကြုံပြု တင်ပြထားကြောင်း၊ အဆိုပါ အကြံ ပြုချက်များကို အကောင် အထည်ဖော်ရန်အတွက် နည်းပညာ လုပ်ငန်းအဖွဲ့တစ်ခုကိုလည်း ဖွဲ့စည်း ထားပြီးဖြစ်ကြောင်း ပြောကြား သည်။
အာဆီယံ၏ ကိုယ်စားလှယ်များပါဝင်
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးက နေရပ်ပြန်လာသူများ အတွက် မြန်မာအစိုးရ၏ ပြင်ဆင် ထားရှိမှုများ ကို ကော့ခ်ဘဇားရှိ နေရပ် စွန့်ခွာသူများကို သွားရောက်ရှင်းလင်း ပြောကြားသည့် မြန်မာအဆင့်မြင့် ကိုယ် စားလှယ် အဖွဲ့တွင်လည်း အာဆီယံ၏ ကိုယ်စားလှယ်များ ပူးပေါင်းပါဝင်ခဲ့ကြောင်း၊ အာဆီယံ၏ လုပ်ငန်း ဆောင်ရွက်ချက်များသည် UNHCR နှင့် UNDP တို့၏ လက်ရှိ ဆောင်ရွက်ချက်များကို အစားထိုး ရန် မ ဟုတ် ဘဲ ပိုမိုအားဖြည့်ရန်ဖြစ် ကြောင်း၊ နေရပ်စွန့်ခွာသူများကို ပြန်လည်လက်ခံရန် နှစ်နိုင်ငံသဘော တူ ထားသော ဩဂုတ်လ ၂၂ ရက်နေ့ တွင် ASEAN-ERAT ကိုယ်စားလှယ် အဖွဲ့သည် မြန်မာအဆင့်မြင့်အရာ ရှိ ကြီးများနှင့်အတူ ရခိုင်ပြည်နယ်ရှိ ပြန်လည် လက်ခံရေးစခန်းသို့ သွားရောက်၍ နေရပ်စွန့်ခွာသူများကို ပြန် လည်လက်ခံရန် စောင့်ဆိုင်းခဲ့ ကြောင်း၊ သို့ရာတွင် သဘောတူညီ သည့်နေ့ရက်တွင် ဘင်္ဂလားဒေ့ရှ်ဘက် မှ တစ်ဦးတစ်ယောက်မျှ ပြန်လည် ဝင်ရောက်လာခြင်းမရှိကြောင်း၊ သို့ရာ တွင် ကော့ခ်ဘဇားရှိ နေရပ်စွန့်ခွာသူ ၂၃၀ ကျော်တို့သည် မိမိဆန္ဒ အလျောက် မိမိအစီအစဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက် ခဲ့ရာ ၎င်းတို့ သည် လက်ရှိတွင် ဘေးကင်းလုံခြုံစွာ နေထိုင်လျက် ရှိကြောင်း ပြောကြားခဲ့သည်။
အခက်အခဲများစွာရှိ
ထို့ပြင် ပြည်ထောင်စုဝန်ကြီးကနေရပ်ပြန်ပို့ရေး လုပ်ငန်းစဉ်တွင် ကော့ခ်ဘဇားစခန်းအတွင်း၌ အာဆာ၏ အကြမ်း ဖက်လှုပ်ရှားမှုများ အပါ အဝင် အခက်အခဲများစွာရှိကြောင်း၊ နေရပ်ပြန်ပို့ရေးလုပ်ငန်းစဉ် အဆင် ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေး အတွက် စစ်မှန်သည့် နိုင်ငံရေးဆန္ဒ၊ ခိုင်မာသည့် ကြိုးပမ်းအားထုတ်မှုနှင့် နှစ်နိုင်ငံ သဘောတူညီမှုများကို အပြည့်အဝ လေးစားလိုက်နာမှုတို့ လိုအပ်ကြောင်း၊ မိမိတို့အနေဖြင့် ဘင်္ဂ လားဒေ့ရှ်နိုင်ငံနှင့် နှစ်နိုင်ငံ သဘောတူညီချက်များ၊ UNHCR ၊ UNDP တို့နှင့် လက်မှတ်ရေးထိုးထား သည့် သုံးပွင့်ဆိုင် သဘောတူညီမှု များနှင့်အညီ စိစစ်အတည်ပြုပြီး ဖြစ်သည့် နေရပ်စွန့်ခွာသူများကို ပြန်လည် လက် ခံရန် အပြည့်အဝ ကတိပြုထားကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။
ကြိုးပမ်းဆောင်ရွက်
တစ်ချိန်တည်းမှာပင် မြန်မာနိုင်ငံ အနေဖြင့် အာဆီယံ၊ ကုလသမဂ္ဂ၊ မိတ်ဆွေနိုင်ငံများနှင့် ပူးပေါင်း၍ နေရပ် စွန့်ခွာသူများ မိမိဆန္ဒ အလျောက် ဘေးကင်းလုံခြုံစွာ ဂုဏ်သိက္ခာရှိရှိ ပြန်လာနိုင်ရေး အတွက် ကောင်းမွန် သည့် ပတ်ဝန်း ကျင်တစ်ရပ်ဖန်တီးရန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ ရခိုင် ပြည်နယ်အရေး ကိစ္စ သည် နှစ်နိုင်ငံ အကြား ရွှေ့ပြောင်းသွားလာမှုကိစ္စ ရပ်များ ပါဝင်သည့်ကိစ္စတစ်ရပ်ဖြစ် သဖြင့် နှစ်နိုင်ငံ အ ကြား ပူးပေါင်း ဆောင်ရွက်မှုဖြင့်သာ ဖြေရှင်းနိုင်မည် ဖြစ်ကြောင်း၊ နေရပ်ပြန်ပို့ရေး လုပ်ငန်း စဉ်ကို အဓိကအ ဟန့်အတား ဖြစ်စေ သည့် အာဆာအကြမ်းဖက်အဖွဲ့၏ ခြိမ်းခြောက်မှုကို နိုင်ငံတကာက လျစ်လျူရှု လျက် ရှိကြောင်း၊ မကြာ သေးမီက DW TV နိုင်ငံ တကာ ရုပ်သံလိုင်းက ထုတ်လွှင့်ခဲ့သည့် သတင်း၌ ကော့ခ်ဘဇား စခန်းတွင် အာဆာ၏ စိုးရိမ်ဖွယ်လှုပ်ရှားမှုများကို ဖော်ပြထားကြောင်း၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံအနေဖြင့် မြန် မာနှင့် ဘင်္ဂလား ဒေ့ရှ် နိုင်ငံတို့အပြင် ဒေသတွင်းနိုင်ငံ များ၏ လုံခြုံရေးကို ခြိမ်းခြောက်လာ နိုင်သည့် အာ ဆာ၏လှုပ်ရှားမှုများကို ခွင့်မပြုရန် လိုအပ်ကြောင်း၊ ကော့ခ် ဘဇားရှိ စခန်းများ၏ နေရပ်စွန့်ခွာ သူများက မိမိတို့နေရပ်ပြန်ရန်ဆန္ဒကို လွတ်လပ်စွာ ထုတ်ဖော်ပြောကြားနိုင် စေရန် ဘေးကင်းလုံခြုံသည့် အခြေ အနေ ဖန်တီးပေးရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
မကြာသေးမီက မြန်မာ-တရုတ်-ဘင်္ဂလားဒေ့ရှ် သုံးပွင့်ဆိုင် ဝန်ကြီး အဆင့်အစည်းအဝေးတွင် ဒါကာမြို့ရှိ မြန်မာသံအမတ်ကြီး၊ တရုတ် သံအမတ်ကြီးနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး အတွင်းဝန်တို့ပါဝင်သော အလွတ်သဘောလုပ် ငန်းအဖွဲ့ ဖွဲ့စည်း ရန် သဘောတူခဲ့ကြကြောင်း၊ နိုင်ငံ တကာအသိုက်အဝန်းအနေဖြင့် ရခိုင် ပြည်နယ်တွင် ဘေးကင်းလုံခြုံသော ပတ်ဝန်းကျင်ရှိစေလိုပါက အသိုက် အဝန်းအားလုံး၏ လုံခြုံရေးနှင့် အခြေခံလိုအပ်ချက်များကို ဖြည့် ဆည်းပေးနိုင်ရန်အတွက် အစိုးရ၏ စွမ်းဆောင်ရည် ပိုမိုတောင့်တင်း လာအောင် ကူညီပေးရန်လိုအပ်ကြောင်း၊ ချည့်နဲ့အားနည်းစေရန် မပြု လုပ်သင့်ကြောင်းနှင့် ပြဿ နာဖြေ ရှင်းရာတွင် ရိုးသားစွာ အကူအညီပေး လိုသည့် မိတ်ဖက်များ၏ အကူအညီ များကို မိမိတို့ကြိုဆိုပါကြောင်း တုံ့ပြန် ရှင်းလင်းပြောကြားခဲ့သည်။
သတင်းစဉ်
No comments:
Post a Comment