Tuesday, July 13, 2021

ရိုဟင်ဂျာအရေးသဘောထားပြောင်းလာကြပေမယ့် ဒုက္ခ သည်တွေကတော့သံသယရှိဆဲ

VOA 

ဗွီအိုအေမြန်မာပိုင်း
ကိုဇော်ဝင်းလှိုင်
12 ဇူလိုင်၊ 2021 

အာချေး ပင်လယ်ထဲမျောပါနေတဲ့ ရိုဟင်ဂျာများကို အင်ဒိုငါးဖမ်းလှေများက ကယ်ဆယ်စဉ် (ဓာတ်ပုံ - AP)

 မြန်မာနိုင်ငံ အနောက်ဖက်ခြမ်းက လူနည်းစု မွတ်ဆလင်တွေဖြစ်တဲ့ ရိုဟင်ဂျာတွေကို သူတို့ခေါ်ဆိုတဲ့ ရိုဟင် ဂျာအမည်အတိုင်း တရားဝင်သုံးနှုန်းပြီး သူတို့နဲ့ လက်တွဲ လုပ်ဆောင်ဖို့ အတိုက်အခံ လွှတ်တော်အမတ်တွေ ဖွဲ့စည်းထားတဲ့ NUG အမျိုးသား ညီညွတ်ရေး အစိုးရက ဖိတ်ခေါ်ထားပါတယ်။ ဒါပေမယ့် အကြမ်းဖက်မှုတွေ ကြုံတွေ့ခဲ့ရတာအပြင် ဖိနှိပ်ခံဘဝအဖြစ်နဲ့ ဆယ်စုနှစ်ပေါင်းများစွာ နေထိုင်ခဲ့ရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကေ တာ့ NUG ဘက်က အခုလို ပြောင်းလဲ အသိအမှတ်ပြုလာတဲ့အပေါ် အပြည့်အ၀ မယုံကြည်နိုင်ကြသေးပါဘူး။ လက်ရှိ နိုင်ငံ ရေးအပြောင်းအလဲတွေ အပေါ် ရိုဟင်ဂျာဒုက္ခသည်တွေရဲ့အမြင်သဘောထားတွေအကြောင်း AFP ရဲ့သတင်း ဆောင်းပါးကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးတဲ့နောက် အာဏာ သိမ်းမှုကို ဆန့်ကျင်တဲ့ ဒီမိုကရေစီအရေး တောင်းဆိုဆန္ဒပြသူတွေကို အကြမ်းဖက် ဖြိုခွင်းမှုတွေ ပြုလုပ်ခဲ့ ပါတယ်။

အဲဒီနောက်မှာတော့ အာဏာသိမ်းစဉ်က အစိုးရအဖြစ် တည်ရှိနေခဲ့တဲ့ ပါတီလည်းဖြစ်၊ အာဏာမသိမ်းခင်မှာ ကျင်း ပခဲ့တဲ့ ရွေးကောက်ပွဲမှာ အမတ်နေရာအများစု အနိုင်ရထားတဲ့ ပါတီလည်းဖြစ်တဲ့ NLD ပါတီက လွှတ် တော်အမတ် အများစုနဲ့ NUG အမျိုးသားညီညွတ်ရေးအစိုးရကို ဖွဲ့စည်းခဲ့တာပါ။

၂၀၁၇ ခုနှစ်မှာ စစ်တပ်ရဲ့ အကြမ်းဖက် နှိပ်ကွပ်မှုတွေကြောင့် ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ကို ထွက်ပြေးသွားရသူတွေ မြန်မာနိုင်ငံကို ပြန်လာခွင့်ရအောင် လုပ်ပေးမယ်ဆိုတဲ့ ကတိပြုချက်နဲ့အတူ လက် ရှိ စစ်အာဏာရှင်စံနစ်ကို သူတို့နဲ့အတူ လက်တွဲ တိုက်ထုတ်ဖို့ NUG အစိုးရက ရိုဟင်ဂျာတွေကို ပြီးခဲ့တဲ့ ဇွန် လ မှာ ဖိတ်ခေါ်ခဲ့ပါတယ်။

ဒါ့အပြင် ဖိနှိပ်၊ ခွဲခြားဆက်ဆံတဲ့ ပေါ်လစီတွေကြောင့် နိုင်ငံမဲ့ဘဝကို ရောက်နေရတဲ့ ဒီ ရိုဟင်ဂျာ ဒုက္ခသည် ‌တွေ ကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုမယ်ဆိုတာကိုလည်း NUG ဘက်က ကတိပြုခဲ့ပါတယ်။

ဗုဒ္ဓဘာသာဝင်အများစုနေထိုင်တဲ့ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာဆိုတဲ့ နံမည်ကို အသိအမှတ်ပြု ခေါ်ဆိုခြင်းကိုက အသစ် အဆန်းပါ။ အရင် စစ်အစိုးရလက်ထက်ကရော၊ NLD အစိုးရလက်ထက်မှာပါ သူတို့ကို ရိုဟင်ဂျာလို့ ခေါ်ဆိုတာကို လက်မခံခဲ့ပါဘူး။

သူတို့ကို ဘင်္ဂလားဒေ့ရှ်ဘက်က ကျူးကျော် ဝင်ရောက်လာသူတွေအဖြစ် ရှုမြင်ခဲ့ကြတာပါ။ နိုင်ငံသားအဖြစ် အသိ အမှတ်ပြုခြင်း မခံရတဲ့ မြန်မာနိုင်ငံထဲမှာ ရှိနေတဲ့ မဝေမာလို ရိုဟင်ဂျာတချို့ကတော့ အခွင့်အရေးရ မယ်ဆိုတဲ့အပေါ် သံသယရှိနေကြဆဲပါ။ 

“အခွင့်အရေးမရဘူး။ ဒါပေမယ့် နည်းနည်းပါးပါးတော့ ကိုယ်တွေလည်း ခံစားခွင့်ရှိခဲ့တယ်လို့ထင်တယ်ပေါ့ ‌နော်။ ဒါပေမယ့် အာဏာသိမ်းတဲ့ခါကျတော့ ကိုယ်တွေလည်း ဒီအောက်မှာပဲ နေခဲ့ပြီး အရင်ထဲကလည်း ဘာ အခွင့် အရေးမှလည်းမရှိဘူး။ ကိုယ့်အတွက် ဘယ်လိုအခွင့်အရေးမှလည်း မရှိခဲ့ဘူးပေါ့နော်။ ဒီစစ်အာဏာသိမ်း တဲ့အောက်ကို ပြန်ရောက်သွားတဲ့ခါကျတော့ သွားပြီပေါ့နော်။ ဒီတခါလည်းငါတို့အခွင့်အရေးဘာမှ မရှိတော့ ဘူး။ ကိုယ်တွေခံစားခွင့်လည်း ဘာမှ မရှိတော့ဘူး။ အဲဒီခါကျတော့ ကန့်သတ်တာတွေလည်း ပိုများသွား တယ်။ အရင်ကအတိုင်း ပြန်ဖြစ်လာမှာကို စိုးရိမ်တယ်။ ဥပမာ အရင်ကဆိုလည်း သူတို့ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ထားတဲ့ ကိစ္စတွေလည်း အများကြီးရှိတယ်ဆိုတော့ အဲဒီအတိုင်း ပြန်ပြီးဖြစ်လာမှာကို စိုးရိမ်တယ်။ ”

အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကောင်စီက တာဝန်ရှိသူတချို့လဲ မြန်မာနိုင်ငံအတွင်းမှာရှိနေတဲ့ ရိုဟင်ဂျာ ဒုက္ခ သည်စခန်းကို ရောက်လာပြီး သူတို့နဲ့ တွေ့ဆုံ စကားပြောတာတွေရှိခဲ့ပေမယ့် ရလဒ်ဟာ အားရစရာ မ ရှိကြောင်း အဲဒီ တွေ့ဆုံမှုမှာ ပါဝင်ခဲ့တဲ့ ရိုဟင်ဂျာ ဒုက္ခသည်တဦးက ပြောပါတယ်။ 

“ Camp မှာလာပြီး သူတို့meeting တခုလုပ်တယ်။ Community Meeting ထင်တယ်။ စစ်ကောင်စီက စစ် သားတွေလုပ်တာ။ အဲဒီမှာ တိုင်းမှုးရယ်၊ ဒကစ အကုန်ဝိုင်းပြီးပါလာတယ်။ အဲဒီမှာ သူတို့ပြောသွားတာ တည် တည်ငြိမ်ငြိမ်နဲ့ဒီမှာ နေထိုင်ဖို့။ ဒါပေမယ့် လူတွေက လူတွေရဲ့ အခွင့်အရေးနဲ့ပက်သက်တဲ့ မေးခွန်းတွေ သွား ‌မေးတဲ့အခါမှာ အရမ်းကို ခြိမ်းခြောက်တဲ့ပုံစံမျိူးနဲ့သူတို့ပြောတယ်။”

မြန်မာစစ်တပ်ဟာ နိုင်ငံအတွင်းက တိုင်းရင်းသားလူမျိုးစုတွေကိုတောင် အထိန်းအကွပ်မရှိ အကြမ်းဖက် သတ် ဖြတ် နေတာကြောင့် သူတို့လို အထောက်အထားမရှိတဲ့သူတွေအတွက် ပိုပြီး စိုးရိမ်ရတဲ့အကြောင်း သက် ကယ်ပြင်ဒုက္ခသည်စခန်းက နောက်ထပ် ရိုဟင်ဂျာဒုက္ခသည်တဦးကလည်း ပြောပါတယ်။ 

“အခုလုပ်နေတာကတော့ တိုင်းရင်းသားတွေကိုတောင်မှ မျက်နှာမထောက်ပဲနဲ့ဒီလို ရက်ရက်စက်သတ်ဖြတ် တယ်ဆိုတော့၊ ဘာမှ ကျတော်တို့ဘယ်လိုပြောမလဲ၊ ဘာမှ တန်ဖိုးမထားတဲ့ လူမျိူးစုတစုကိုဆိုရင်တော့ ပို ပြီးတော့ လုပ်မှာပေါ့ သူတို့။ စစ်တပ်က ပိုပြီးတော့ နှိပ်စက်မှာ။ ရက်စက်မှာ။ သတ်ဖြတ်မှာ။ အဲဒါကိုတော့ စိုးရိမ်စရာတော့ ဖြစ်ပါတယ်။”

စစ်အာဏာသိမ်းပြီး ဖေဖော်ဝါရီ ၈ ရက်နေ့က နိုင်ငံကို ပထမဆုံးအကြိမ် ပြောကြားတဲ့ မိန့်ခွန်းအတွင်း ဘင်္ဂ လားဒေ့ရှ်ဘက်ရောက်နေကြတဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေး ဆောင်ရွက်သွားမယ့်အကြောင်း အာဏာ သိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်း ပြောဆိုခဲ့ပေမယ့် ဘယ်အချိန်မှာ ဘယ် လိုပုံနဲ့ နေရပ်ပြန်ရေးကိစ္စတွေကို စတင်မယ်ဆိုတဲ့ အသေးစိတ်အချက်လက်ကို ထပ်မံ ထုတ်ဖော် ပြောဆိုခြင်း မရှိပါဘူး။ ဒါပေမယ့် မကြာသေးခင်ကပြုလုပ်ခဲ့တဲ့ တွေ့ဆုံ မေးမြန်းခန်းတခုမှာတော့ ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်က ရိုဟင်ဂျာဆိုတာ မရှိကြောင် ပြောဆိုခဲ့သလို ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကိုလည်း လက်ခံခြင်း မရှိပါဘူး။  Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */