Tuesday, July 13, 2021

လူ့အခွင့်အရေးကောင်စီရဲ့ မြန်မာနိုင်ငံဆိုင်ရာဆုံးဖြတ်ချက်

VOA
ဗွီအိုအေမြန်မာပိုင်း
မသိင်္ဂီထိုက်
13 ဇူလိုင်၊ 2021 

လူ့အခွင့်အရေးကောင်စီရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်
မြန်မာနိုင်ငံတွင်းက ရိုဟင်ဂျာ မူဆလင်တွေနဲ့ တခြား လူနည်းစုများရဲ့ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ တနလာၤနေ့က ချမှတ်ခဲ့ပါတယ်။ လူ့အခွင့်အရေး ဆိုးဆိုးရွားရွား ချိုးဖောက်မှုမှာ တာဝန်ရှိသူတွေကို တရားဥပဒေကြောင်းအရ အပြစ်ပေး အရေးယူနိုင်ရေးနဲ့ ရိုဟင်ဂျာတွေ ဌာနေပြန်ရေးကို အဓိက တိုက်တွန်းထားတဲ့ ဆုံးဖြတ်ချက်မှာ စစ်အာဏာသိမ်းမှု အရေးကိုတော့ ထည့်သွင်း မထားပါဘူး။ မသိင်္ဂ ီထိုက် စုစည်းတင်ပြပေးမှာပါ။

 မြန်မာနိုင်ငံတွင်းက ရိုဟင်ဂျာ မူဆလင်တွေနဲ့ တခြား လူနည်းစုများရဲ့ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အ ဆိုပြုချက် မူကြမ်းကို မဲမခွဲဘဲ ချမှတ်လိုက်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ သဘာပတိက ကြေ ညာခဲ့တာပါ။ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာ ကုသလမဂ္ဂ ဌာနချုပ်မှာ တနလာၤနေ့က ကျင်းပတဲ့ အစည်းအဝေး အတွင်း OIC -အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ ကိုယ်စား ဂျီနီဗာ ကုလသမဂ္ဂ ဆိုင်ရာ ပါကစ္စတန် သံအ မတ်ကြီး Khalil Ur Rahman Hashmi က မြန်မာနိုင်ငံတွင်းက ရိုဟင်ဂျာတွေနဲ့ တခြား လူနည်းစုတွေရဲ့ လူ့အခွင့်အရေးဆိုင် ရာ ဆုံးဖြတ်ချက် မူကြမ်းကို တင်ပြခဲ့ပါတယ်။

ရိုဟင်ဂျာတွေ အတွက် တရားမျှတမှု ရရှိရေး အတွက် လွတ်လပ် ပွင့်လင်းတဲ့ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး နဲ့ လူ့အခွင့်အရေး အကြီးအကျယ် ချိုးဖောက်သူတွေကို အပြစ်ပေးနိုင်ရေး အရေးကြီးတဲ့ အကြောင်းကို ဆုံးဖြတ် ချက်မှာ အထူးတလည် ထည့်သွင်းထားကြောင်း သံအမတ်ကြီးက ပြောပါတယ်။

"မြန်မာနိုင်ငံတွင်းက ရိုဟင်ဂျာ မူဆလင်တွေနဲ့ လူနည်းစု တိုင်းရင်းသားတွေ အပေါ် ဆိုးဆိုးရွားရွား လူ့အခွင့် အရေး ချိုးဖောက်မှုတွေကို စုံစမ်း စစ်ဆေးနိုင်ရေး အတွက် ပြည်တွင်း၊ ဒေသတွင်းနဲ့ နိုင်ငံတကာ တရားရေး ယန္တ ရားတွေ၊ နောက် ဥပဒေကြောင်း အရ ဆောင်ရွက်နိုင်သမျှ အားလုံး အသုံးပြု ဆောင်ရွက်ဖို့လည်း အခု ဆုံးဖြတ်ချက်မှာ တောင်းဆိုထားပါတယ်။"

ရခိုင်ပြည်နယ်တွင်းက ပြသနာ အရင်းအမြစ်တွေကို ဖြေရှင်းဖို့ လိုအပ်ချက်နဲ့ နောက်ထပ် ရိုဟင်ဂျာတွေနဲ့ တ ခြား လူနည်းစုတွေ နေရပ်စွန့်ခွာ ထွက်ပြေးရတာမျိုး မဖြစ်ရလေအောင် စစ်တပ်တွေ သုံးတာကိုလည်း ချက် ချင်း ရပ်ဖို့ လိုအပ်ကြောင်း ဆုံးဖြတ်ချက်မှာ ဖော်ပြပါတယ်။

ဂျီနီဗာ ကုလသမဂ္ဂဆိုင်ရာ ဘင်္ဂလားဒေရှ့် သံအမတ်ကြီး Mustafizur Rahman က ရိုဟင်ဂျာတွေ ဌာနေပြန် နိုင်ရေးကို အလေးထား ဆောင်ရွက်ဖို့ လိုအပ်နေကြောင်း အစည်းအဝေးမှာ ပြောပါတယ်။

"ဘင်္ဂလားဒေရှ့်ကို အတင်းအကြပ် မောင်းထုတ်ခံရတဲ့ ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံ ပြန်နိုင်ရေး အတွက် မြန် မာဘက်က စတင် ဆောင်ရွက်ရပါမယ်။ ဌာနေပြန်ရေးကို မကြာခင်မှာ မစတင်နိုင်ဘူးဆိုရင် လက်ရှီ ရိုဟင်ဂျာ အများအပြား လက်ခံထားတဲ့ ကောဇ်ဘဇားမှာ အခြေအနေ တခုလုံး ယိုယွင်း ဆိုးရွားသွားပါလိမ့်မယ်။ ဒါ့အပြင် ဒေသတွင်းနဲ့ ဒေသတွင်း ပြင်ပထိ မတည်ငြိမ်မှုတွေ ဖြစ်လာနိုင်ခြေ ပိုပြီး များလာစေပါတယ်။"

အရင် မြန်မာ အရပ်သား အစိုးရ လက်ထက်မှာ ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကို လက်မခံပေမယ့်လည်း ရို ဟင်ဂျာ ပြသနာ ဖြေရှင်းရေး အတွက် ရခိုင်အကြံပေး ကော်မရှင်ကို ဖွဲ့စည်းဆောင်ရွက်ခဲ့တာပါ။ အဲဒီက ထွက် ပေါ်လာတဲ့ အကြံပြုချက်တွေ အတိုင်း ဆောင်ရွက်ဖို့လည်း ဘင်္ဂလားဒေရှ့် သံအမတ်ကြီးက တိုက်တွန်းသွား ပါတယ်။

မြန်မာ့ စစ်အာဏာသိမ်းမှုကို ရည်ညွှန်းပြီး မြန်မာ့ ပြည်တွင်း နိုင်ငံရေး အခြေအနေကြောင့် နိုင်ငံတကာ အ သိုင်း အဝိုင်း အနေနဲ့ ရိုဟင်ဂျာ အရေးကနေ အာရုံပြောင်းမသွားကြဖို့လည်း ဂျီနီဗာ ကုလသမဂ္ဂဆိုင်ရာ ဘင်္ဂ လားဒေရှ့် သံအမတ်ကြီး Mustafizur Rahman က တိုက်တွန်းပါတယ်။

အခု မြန်မာဆိုင်ရာ ဆုံးဖြတ်ချက်မှာ လက်ရှိ စစ်အာဏာသိမ်းမှုကို ရှုတ်ချထားတာ မပါတဲ့ အချက်ကို ဂျီနီဗာ ကုလ သမဂ္ဂဆိုင်ရာ သြစတီးယား သံအမတ်ကြီး Elisabeth Tichy-Fisslberge က အစည်းအဝေးမှာ ပြောပါ တယ်။

"အခု ဆုံးဖြတ်ချက်မှာ စစ်အာဏာသိမ်းမှု၊ အမျိုးသမီးနဲ့ ကလေးတွေ၊ လူနည်းစုတွေ အပါအဝင် မြန်မာနိုင်ငံ တွင်း လူတွေ သေဆုံး ဒုက္ခရောက်ရတဲ့ စစ်တပ်ရဲ့ ရက်စက် ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေကို ဖော်ပြ ရှုတ်ချမှု မပါတဲ့ အတွက်တော့ ကျမတို့ အနေနဲ့ အတော်လေး စိတ်မသက်မသာ ဖြစ်ရပါတယ်။ ဒီအဖြစ်မှန်တွေကို ထင် ဟပ် ဖော်ပြခြင်း မပြုတာဟာ သူတို့ရဲ့ ဒီမိုကရေစီကို ကာကွယ်နေကြတဲ့ ရဲရင့်တဲ့ မြန်မာ ပြည်သူတွေ အပေါ် အတော်လေး မတရားမှု ဖြစ်စေပါတယ်။ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ချက်မှာ သဘောတူထားတဲ့ အ တိုင်း သက်ဆိုင်သူ အားလုံးပါဝင်တဲ့ ဆွေးနွေးမှုတွေကနေ တဆင့် ဒီမိုကရေစီ အသွင်ကူးပြောင်းမှု လမ်း ကြောင်း ပေါ်ကို မြန်မာနိုင်ငံ ပြန်ရောက်လာမှသာ ရိုဟင်ဂျာ ပြသနာလည်း ပြေလည်သွားနိုင်မှာ ဖြစ်ပါတယ်။"

မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးနဲ့ လူသားချင်း စာနာထောက်ကူမှု ဆိုင်ရာ အခြေအနေတွေ တိုးတက်ကောင်း မွန်ရေး အရှေ့တောင် အာရှ နိုင်ငံများ အသင်း အာဆီယံရဲ့ ကြိုးစားမှုတွေကို ဂျပန်က ကြိုဆိုကြောင်း ဂျီနီဗာ ကုလ သမဂ္ဂ ဆိုင်ရာ ဂျပန် သံအတ်ကြီး Ken Okaniwa က ပြောပါတယ်။ ဒါ့အပြင် အကြမ်းဖက်တာတွေ ရပ်ဖို့ မြန်မာ စစ်တပ်ကို တောင်းဆိုသွားပါတယ်။

"မြန်မာ စစ်တပ် အနေနဲ့ အရပ်သားတွေကို အကြမ်းဖက်နေတာတွေ ချက်ချင်း ရပ်တန့်ဖို့၊ နိုင်ငံတော် အတိုင် ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထားသူ အားလုံးကို ပြန်လွှတ်ပေးပြီး ဒီမိုကရေစီ နိုင် ငံရေး စနစ်ကို အမြန်ဆုံး ပြန်လည် ကျင့်သုံးဖို့ ဂျပန်က အခိုင်အမာ တိုက်တွန်းပါတယ်။"

မြန်မာနိုင်ငံတွင်းက ရိုဟင်ဂျာ မူဆလင်တွေနဲ့ တခြား လူနည်းစုတွေရဲ့ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ဆုံးဖြတ်ချက်ကို မြန်မာနိုင်ငံတွင်းက လူနည်းစုတွေ အပါအဝင် မြန်မာပြည်သူတွေကြား ဆွေးနွေး ဆုံးဖြတ်ရမှာ ဖြစ်ပေမယ့်လည်း လက်ရှိ အခြေအနေကြောင့် ဒီလို ဆွေးနွေးလို့ မရတာဟာလည်း ဝမ်းနည်းဖွယ် ဖြစ်တယ်လို့ လည်း ဂျပန် သံအမတ်ကြီးက ပြောပါတယ်။ တရုတ် ကိုယ်စားလှယ်ဘက်ကတော့ ကုလသမဂ္ဂ လူ့အခွင့်အေ ရး ကောင်စီရဲ့ တနလာၤနေ့ ဆွေးနွေးပွဲမှာ တစုံတရာ ဆွေးနွေးတာ မရှိပေမယ့်လည်း ဒီ မြန်မာဆိုင်ရာဆုံးဖြတ်ချက် အတည် ပြုတာမှာ တရုတ် မပါဝင်ကြောင်း မှတ်တမ်း အနေနဲ့ ပြောဆိုသွားပါတယ်။

 

Link : Here

 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */