လွတ်လပ်တဲ့အာရှအသံ( RFA )
မြန်မာဌာန | သတင်းများ
ခက်မာ
2020-12-03
မြန်မာပြည်ကနေထွက်ပြေးသွားတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေထဲက အယောက် နှစ်စ်ထောင်ဝန်းကျင်ကို ဘင်္ဂ လား ဒေ့ရှ် အစိုးရက ဘာဆန်ချာကျွန်းကို မနေ့က ဒီဇင်ဘာလ ၃ ရက်မှာ ပထမဆုံးအကြိမ် ပို့လိုက်ပါတယ်။ ဘာဆန်ချာကျွန်းဟာ ရာသီဥတုဆိုးတဲ့အတွက် လူနေဖို့ မသင့်တော်တာကြောင့် ရိုဟင်ဂျာတွေကို ပြောင်းရွှေ့ နေရာချတာမလုပ်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းက တောင်းဆိုတိုက်တွန်းနေပေမယ့် ဘင်္ဂလားဒေ့ရှ်အစိုးရက လက်မခံဘဲ စပြီးပြောင်းရွှေ့လိုက်တာ ဖြစ်ပါတယ်။
ဘတ်စ်ကား (၁၀) စီးနဲ့ နှစ်သုတ်ခွဲပြီး ဒီကနေ့ပထမဆုံးအကြိမ် ပို့လိုက်တာလို့ ဒေသခံရဲအရာရှိတဦးက အ တည်ပြုပြောပါတယ်။ ပထမဆုံးအသုတ်မှာ လူ ၂၅၀၀ လောက်ပို့ဖို့ စီစဉ်ထားတယ်လို့လည်း ဆိုပါတယ်။ ဒီ ကျွန်းဟာ နှစ်စဉ်ရေကြီးတာ၊ မုန်တိုင်းတွေဖြစ်လေ့ရှိတာကြောင့် ရိုဟင်ဂျာ ဒုက္ခသည်အများစုက မပြောင်းချင် ကြပါဘူး။ အခုပို့တဲ့သူတွေကတော့ အဲဒီကျွန်းကိုသွားမယ်လို့ စာရင်းပေးထားသူတွေကိုပို့တာလို့ ဘာလု ခါရီ စခန်းက ဒုက္ခသည်တဦးကပြောပါတယ်။
"မိမိဆန္ဒအလျှောက်သွားမယ့်သူတွေကိုပဲ သူတို့က ဘာဆန်ဂျာကျွန်းကိုပို့တာတွေ့ရပါတယ်။ လူတွေလည်း ကိုယ့်ရဲ့နေရပ်ရင်းမြန်မာနိုင်ငံကိုပြန်ဖို့ ဒီကနေ့ထိကတော့ ဘာတခုမှဖြစ်ပေါ်လာတာမရှိသေးတော့ လူတွေက ရွေးစရာလည်းမရှိဘဲ ဘာဆန်ဂျာကျွန်းကိုသွားနေတာပဲတွေ့ရပါတယ်။ ကျနော်တို့ကတော့ ကိုယ့်ရဲနေရပ်ရင်း မြန်မာနိုင်ငံကိုပဲပြန်ဖို့ အမြဲတန်းတောင်းဆိုနေကြပါတယ်။ မြန်မာနိုင်ငံကို ကျနော်တို့ အမြန်ဆုံးပြန်ချင်ပါတယ်"
ကုတုပါလောင်ဒုက္ခသည်စခန်းက ဒုက္ခသည်တယောက်ဖြစ်တဲ့ ဦးမောင်မောင်တင်ကတော့ မြန်မာပြည်ကိုပဲ ပြန်ဖို့ဆန္ဒရှိတယ်လို့ ပြောပါတယ်။
"သွားတဲ့သူတွေက ပထမပိုင်းမှာ စာရင်းပေးထားတဲ့သူတွေကို လိုက်ကောက်ပြီး ကားပေါ်တင်နေတာကို တွေ့ ရပါတယ်။ ကျနော်တို့ကတော့ မြန်မာနိုင်ငံကိုပဲ ပြန်ချင်တယ်။ တခြားနေရာတွေ၊ တခြားနိုင်ငံတွေကိုသွားဖို့ဆန္ဒ လုံးဝမရှိပါဘူး။ အခု မြန်မာအစိုးရကိုပြောချင်တာက မြန်မြန်ဆန်ဆန် repatriation လုပ်နိုင်အောင် သူတို့ ကြိုး စားပေးဖို့ ကျနော်တို့ တောင်းဆိုချင်ပါတယ်။ မြန်မာအစိုးရကိုယ်စားလှယ်အဖွဲ့နဲ့တွေ့တဲ့အခါ ကျနော်တို့ တောင်းဆိုတာ ရှိတယ်။ မြန်မာအစိုးရနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ကျနော်တို့ရိုဟင်ဂျာဒုက္ခသည်များ ညှိနှိုင်းပြီး တော့ repatriation အမြန်ဆုံးလုပ်နိုင်အောင် ကျနော်တို့ တောင်းဆိုပါတယ်"
လူ့အခွင့်အရေးအဖွဲ့တွေဖြစ်တဲ့ Fortify Rights အဖွဲ့နဲ့ HRW အဖွဲ့အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်း က လည်း ရိုဟင်ဂျာတွေကို အဲဒီကျွန်းကိုမပို့ဖို့ တိုက်တွန်းထားပါတယ်။
ရိုဟင်ဂျာတွေကို ဘာဆန်ဂျာကျွန်းမှာထားတာဟာ ထိန်းသိမ်းရေးစခန်းမှာထားသလိုဖြစ်နေပြီး လူ့အခွင့်အရေး ကိုချိုးဖောက်ရာရောက်တယ်လို့ ဗြိတိန်အခြေစိုက် မြန်မာ-ရိုဟင်ဂျာ အစည်းအရုံး ဥက္ကဋ္ဌ ဦးထွန်းခင် ကပြောပါ တယ်။
"ဒီဟာက ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ လုံးဝသုံးသပ်ဖို့လိုတယ်။ အတင်းအဓမ္မမလုပ်ဘဲ လူတွေကို မခေါ်ေ ဆောင် သွားဖို့။ နောက်တခုက ရိုဟင်ဂျာတွေကို detention ထားသလိုဖြစ်မယ်။ ဒါဟာနိုင်ငံတကာ လူ့အခွ င့် အရေး ဥပဒေကို ချိုးဖောက်ရာရောက်တယ်။ ကျနော်တို့အနေနဲ့ မြန်မာအစိုးရကိုပြောချင်တာက မြန်မာပြည်မှာ အခု အစိုးရသစ်တရပ်လည်းလာတော့မယ်ဆိုတော့ ကျနော်တို့ရိုဟင်ဂျာတွေဟာ မြန်မာနိုင်ငံရဲ့ မွေးရာပါနိုင် ငံသားများ ဖြစ်သည့်အလျှောက် ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာတွေကို မူရင်းဒေသတွေမှာ နိုင်ငံသားအခွင့် အေ ရး အပြည့်အဝ ပေးပြီးတော့ ပြန်လည်ခေါ်ဆောင်လာဖို့ ကျနော်တို့အနေနဲ့ တိုက်တွန်းတယ်။ ဘင်္ဂလားဒေ့ရှ် အစိုးရကိုလည်း ကျနော်တို့ တောင်းဆိုချင်တာက အကျဉ်းစခန်းလိုမျိုး ကျွန်းတခုမှာ ရိုဟင်ဂျာတွေကို နေရာ ချမထားဘဲနဲ့ အခုနေရာမှာပဲ ထားပြီးတော့ ဆုံးရှုံးနေတဲ့အခွင့်အရေးတွေကို ပြန်လည်ပေးနိုင်အောင်၊ နိုင်ငံ တ ကာဖိအားပေးပြီး တော့ ရိုဟင်ဂျာတွေကို မြန်မာပြည်ဘက်ကိုပြန်လွှတ်ဖို့ တိုက်တွန်းပါတယ်"
လက်ရှိ ရိုဟင်ဂျာတွေစခန်းချနေကြတဲ့ ကော့ဆက်ဘဇားကနေ အဲဒီကျွန်းကိုသွားဖို့ ကား ခုနှစ်နာရီ စီးရသလို စစ်ရေယာဉ်တွေနဲ့ ၃ နာရီကျော်ကြာ ထပ်စီးရတာကြောင့် သွားလာရေးခက်ခဲတယ်လို့ နိုင်ငံတကာလေ့လာသူ တွေရဲ့ပြောကြားချက်တွေအရ သိရပါတယ်။
မနေ့က စတင်ပြောင်းရွှေ့သူတွေဟာ စစ်တကောင်းမြို့ကို ကားနဲ့အရင်သယ်ဆောင်သွားပြီး ဒီနေ့မနက်မှ ဘာ ဆန်ဂျာကျွန်းကို စက်လှေတွေနဲ့ပို့မှာဖြစ်တယ်လို့ ဒုက္ခသည်တယောက်က ပြောပါတယ်။ ကျွန်းပေါ်မှာ ဒုက္ခ သည်တွထဲက တစ်သိန်းလောက်ကိုထားဖို့ အမေရိကန်ဒေါ်လာ သန်း ၄၀၀ လောက် သုံးပြီး ဘာသာရေး အေ ဆာက်အအုံတွေ၊ လူနေအိမ်တွေ၊ တမံတွေ ဆောက်လုပ်ထားပြီး ပြင်ဆင်နေတာပါ။ အဲဒီ အဆောက်အဦးတွေ ကို ဘင်္ဂလားဒေ့ရှ်ရေတပ်က ဆောက်လုပ်ခဲ့တာ ဖြစ်ပါ တယ်။
လှေစီးထွက်ပြေးရာကနေ ပင်လယ်ထဲမှာဒုက္ခရောက်နေလို့ ပြန်ကယ်ဆယ်ထားတဲ့ ရိုဟင်ဂျာ ၃၀၆ ယောက်ကို မေလကတည်းက အဲဒီကျွန်းပေါ်ပို့ထားပါတယ်။
၂၀၁၇ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် မြန်မာနိုင်ငံဘက်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကို ထွက်ပြေးသွားကြတဲ့ ရိုဟင်ဂျာဒုက္ခသည် ၇ သိန်းကျော်ရှိပါတယ်။ သူတို့နေရပ်ပြန်ရေးအတွက် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရတွေဘက်က လုပ်ဆောင်နေတဲ့ အစီအစဉ်တွေဟာ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် အခုနှစ်ထဲမှာ နှေးကွေးနေပါတယ်။
Link : Here
No comments:
Post a Comment