VOA
မြန်မာနိုင်ငံထဲမှာ ကျန်နေတဲ့ ရိုဟင်ဂျာ ၆၀၀,၀၀၀ ကို အကာအကွယ်ပေးဖို့ ICJ နိုင်ငံတကာတရားရုံး အပါ အဝင် နိုင်ငံတကာက မြန်မာအစိုးရကို တိုက်တွန်းထားပေမဲ့ ဒီ ရိုဟင်ဂျာတွေကို အကာအကွယ်ပေးမှု လျော့ နည်းနေတုန်းပဲရှိတယ်လို့ လေ့လာသူတွေက ပြောတဲ့ အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအိမ့်သန္တာထွန်းက ပြောပြပါမယ်။
ဗွီအိုအေ (မြန်မာဌာန)
21 မေ၊ 2020
အိမ့်သန္တာထွန်း
21 မေ၊ 2020
အိမ့်သန္တာထွန်း
ရိုဟင်ဂျာဒုက္ခသည်များ (နိုဝင်ဘာလ ၂၊ ၂၀၁၇)
ရိုဟင်ဂျာအရေးနဲ့ ပတ်သက်လို့ နိုင်ငံတကာ တရားရုံး ICJ က ဆုံးဖြတ်ထားတဲ့ ကြားဖြတ်စီမံမှုကိစ္စ လိုက်နာ ဆောင်ရွက်မှုနဲ့ ပတ်သက်ပြီး ပထမဆုံး အစီရင်ခံစာကို မေလ ၂၃ ရက်နေ့ နောက်ဆုံးထားပြီး တင်ရသွင်း မှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက နိုင်ငံတကာ တရားရုံး ICJ ရဲ့မြန်မာနိုင်ငံအပေါ် ကြားဖြတ်စီရင် ချက် လေးချက် ချမှတ်ခဲ့တာမှာ လေးလအတွင်း မြန်မာအစိုးရရဲ့ ဆောင်ရွက်ချက်တွေကို ICJ ကို ပြန်အစီ ရင်ခံရမယ်ဆိုတာ ပါဝင်ပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနဲ့ စေ့စပ်ဆွေးနွေးရေးဌာန ညွှန်ကြားရေးမှူး ချုပ် ဦးချမ်းအေးက ဒီအစီရင်ခံစာ တင်သွင်းဖို့ ကိစ္စနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာန အနေနဲ့ အဆင်သင့်ဖြစ်အောင် စီစဉ်ဆောင်ရွက်နေပြီး အသေးစိတ်ကိုတော့ ပြောလို့မရဘူးလို့ ဆိုပါတယ်။
“လောလောဆယ်တော့ကျနော်တို့ လုပ်သင့်လုပ်ထိုက်တာတွေအားလုံး လုပ်ထားပါတယ်။ အချိန်မှီတင်ဖို့ လုပ်နေတယ်ဆိုတာပဲ ပြောလို့ရပါမယ်။”
SEE ALSO:
Genocide Convention ပါ ပြဌာန်းချက်တွေအတိုင်း လိုက်နာဆောင် ရွက်ဖို့ ညွှန်ကြားချက်ထုတ်ပြန်
နိုင်ငံခြားရေးဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနဲ့ စေ့စပ်ဆွေးနွေးရေးဌာန ညွှန်ကြားရေးမှူး ချုပ် ဦးချမ်းအေးက ဒီအစီရင်ခံစာ တင်သွင်းဖို့ ကိစ္စနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာန အနေနဲ့ အဆင်သင့်ဖြစ်အောင် စီစဉ်ဆောင်ရွက်နေပြီး အသေးစိတ်ကိုတော့ ပြောလို့မရဘူးလို့ ဆိုပါတယ်။
“လောလောဆယ်တော့ကျနော်တို့ လုပ်သင့်လုပ်ထိုက်တာတွေအားလုံး လုပ်ထားပါတယ်။ အချိန်မှီတင်ဖို့ လုပ်နေတယ်ဆိုတာပဲ ပြောလို့ရပါမယ်။”
Genocide Convention ပါ ပြဌာန်းချက်တွေအတိုင်း လိုက်နာဆောင် ရွက်ဖို့ ညွှန်ကြားချက်ထုတ်ပြန်
ပြီးခဲ့တဲ့နှစ် ICJ ကြားနာမှု တရားခွင်အတွင်းမှာ ရိုဟင်ဂျာအပေါ်မှာ ကျုးလွန်ခဲ့မှုတွေဟာ လူမျိုးတုံး သတ် ဖြတ် မှု ဟုတ်မဟုတ်ဆိုတာနဲ့ ကြားနာခဲ့သလို၊ မြန်မာနိုင်ငံတွင်း ကျန် နေသေးတဲ့ ရိုဟင်ဂျာ ၆၀၀,၀၀၀ ရဲ့ လုံခြုံရေးနဲ့ပတ်သက်လို့စိုးရိမ်ချက်ကိုလည်း တရားစွဲဆိုတဲ့ ဂန်ဘီယာ နိုင်ငံဘက်က ထောက်ပြခဲ့ပါတယ်။ အလားတူပဲ မြန်မာနိုင်ငံတွင်း ရိုဟင်ဂျာ ၆၀၀,၀၀၀ ကို အကာအကွယ် ပေးဖို့လိုအပ်ချက်ကို ကုလ အချက် အလက်စုံစမ်းရေးအစီရင်ခံစာမှာ ဖော်ပြခဲ့သလို ကျန်နိုင်ငံတကာအ ဖွဲ့အစည်းတွေကလည်း ဒီအခြေအနေနဲ့ ပတ်သက်လို့ စိုးရိမ်မကင်းဖြစ်မှုတွေကို ပြောဆိုထားကြပါတယ်။
နိုင်ငံတကာကလည်း ဒီရိုဟင်ဂျာတွေကို အကာအကွယ်ပေးဖို့ ပြောခဲ့ပေမဲ့ မြန်မာအစိုးရအနေနဲ့ သူတို့တွေ ကို ထိထိရောက်ရောက် အကာအကွယ်ပေးနိုင်မှု အားနည်းနေသေးတယ်ဆိုပြီးတော့ ရခိုင်ပဋိပက္ခ စုံစမ်းရေး လုပ်ခဲ့တဲ့ ကိုဖီအာနန် ကော်မရှင်ရဲ့ အဖွဲ့ဝင် ဦးအေးလွင်က ပြောပါတယ်။
“အကာအကွယ်ဆိုတာကိုတော့ ဒီ ရုပ်ပိုင်းဆိုင်ရာကတော့ဖြင့် သူတို့ တိုက်ခိုက်ခြင်း ထိုးနှက်ခြင်းဆိုတာ ကတော့ မခံရပါဘူးလေ။ သို့သော်လည်းပဲ သူတို့ရဲ့ နေထိုင်ရတဲ့ ဘဝက အင်မတန်ဆိုးရွားပါတယ်။ နှစ် ပေါင်းလည်း တော် တော်ကြာလာပြီ။ အခုထက်ထိ ဒီ ဆယ်ပေပတ်လည် အခန်းလေးထဲမှာ နေနေရတုန်းဆို တော့လေ အား ရဖွယ်ရာတော့ သိပ်မရှိဘူးဗျ အဲ့ဒီကိစ္စက။”
ကိုဖီအာနန်ကော်မရှင်ရဲ့ အကြံပြုချက်တွေကို မြန်မာအစိုးရက လိုက်နာဆောင်ရွက်နေတယ်ဆိုပေမဲ့လည်း အစိုးရဌာနတွင်းမှာ အထက်အောက် ဌာနချင်း ချိတ်ဆက်ဆောင်ရွက်နေမှု အားနည်းနေသေးတယ်လို့ ဦး အေးလွင်ရော မြန်မာအရေးလေ့လာသုံးသပ်သူ ဒေါက်တာ ခင်ဇော်ဝင်းတို့က သုံးသပ်ပါတယ်။ ဒါ့အပြင် တဘက်နိုင်ငံရောက်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ပြန်ခေါ်ရေးအစီအစဉ်က အခုထိ ဖြစ်မလာသေးဘူးလို့ ဒေါက်တာခင်ဇော်ဝင်းက ပြောပါတယ်။
“အဓိက ဦးတည်ချက်နဲ့ အဓိက အကြောင်းအရာဖြစ်တဲ့ တဘက်နိုင်ငံမှာရောက်နေတဲ့ ရိုဟင်ဂျာ IDP တွေ ကို ပြန်ခေါ်ဖို့ဆိုတာက ဟုတ်တိပတ်တိကို ဖြစ်မလာဘူး။ ဆုံးဖြတ်ချက်နှစ်ခုက အရမ်းကိုလွဲနေတယ်။”
ICJ ကဆုံးဖြတ်ထားတဲ့ ကြားဖြတ်စီမံမှုတွေကို မြန်မာအစိုးရကဘက်က လိုက်ပါဆောင်ရွက်တဲ့သဘော သမတရုံးက ကြေညာချက်တွေ ထုတ်ခဲ့ပေမဲ့ တကယ့်ကို အနှစ်သာရရှိရှိ အများပြည်သူကိုအသိပေးပြီး အကောင်အထည်ဖော်တာမျိုး မရှိဘူးလို့ ဒေါက်တာခင်ဇော်ဝင်းက ဝေဖန်ပါတယ်။ ၂၀၁၇ ရခိုင်ပဋိပက္ခ အ တွင်းဖြစ်ခဲ့တဲ့ အထောက် အထားတွေကို မဖျက်ဆီးဖို့နဲ့လူမျိုးတုံး သတ်ဖြတ်မှုတားဆီးရေးဆိုင်ရာ နိုင်ငံတ ကာသဘောတူညီချက်ကို လေးစားလိုက်နာဖို့ ကျူးလွန်တဲ့အထောက်အထားရှိရင်တင်ပြဖို့ သမ္မတရုံးက ထုတ်ပြန်ခဲ့တာပါ။
ဒါ့အပြင် အမုန်းစကား ပြန့်ပွားမှုတွေ မရှိအောင် စောင့်ကြည့်တားဆီးဖို့ကိုလည်း အစိုးရအုပ်ချုပ်ရေး အဆင့် ဆင့်ကို သမ္မတ ရုံးက ညွှန်ကြားထားပါတယ်။ICJ အစီရင်ခံစာတင်သွင်းဖို့ကိစ္စနဲ့ ပတ်သက်လို့ လိုအပ်တဲ့ အ ချက် အလက်တွေနဲ့ ဥပဒေပိုင်းဆိုင်ရာ ဆောင်ရွက်မှုတွေကို ရှေ့နေချုပ်ရုံးနဲ့ စစ်ဥပဒေချုပ်ရုံးတို့ဘက်က ဆောင်ရွက်နေတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးဘက်က သတင်းထုတ်ပြန်ထားပါတယ်။
SEE ALSO:
စစ်တွေမြို့ ရိုဟင်ဂျာရပ်ကွက်ဟောင်းမှာ နေထိုင်သူတွေ ဖယ်ရှားဖို့ အမိန့်ထုတ်
၂၀၁၂ ခုနှစ် ရခိုင်ပဋိပက္ခအတွင်းတုန်းက စစ်တွေမြို့ ရိုဟင်ဂျာတွေနေခဲ့တဲ့ ရပ်ကွက်တွေထဲမှာ ကျုးကျော် ဝင်ရောက်နေတဲ့ အိမ်ထောင်စုပေါင်း ထောင်ကျော်ကို သြဂုတ်လလယ်အတွင်းနောက်ဆုံးထားပြီး ပြန်လည် ဖယ်ရှားပေးဖို့ မြန်မာအစိုးရကမကြာသေးခင်က အမိန့်ထုတ်ပြန်ခဲ့တာကတော့ ICJ အစီရင်ခံစာမတင် မှီ ထူးခြားချက်ဖြစ်ပါတယ်။
၂၀၁၆ ခုနှစ်တုန်းက ရခိုင်မြောက်ပိုင်းမှာ ARSA လက်နက်ကိုင် အဖွဲ့က ရဲစခန်းတွေကို ဝင်ရောက် တိုက် ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေးလုပ်ရာမှာ ရိုဟင်ဂျာ ဒေသခံ သိန်း ဂဏန်း အိမ်နီးချင်း ဘဂ်လားဒေ့ရှ် နိုင်ငံထဲကို ထွက်ပြေးသွားခဲ့ပါတယ်။ ဒီစစ်ဆင်ရေးအတွင်း မြန်မာစစ် တပ် ဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိခဲ့ပြီး ဒါတွေဟာ လူမျိုးတုံး သတ်ဖြတ်မှု မြောက်တယ်လို့ နိုင်ငံတကာ မှာ စွပ်စွဲချက်တွေ ဖြစ်ခဲ့ပါတယ်။
ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာအစိုးရဘက်ကတော့ နိုင်ငံတကာစွပ်စွဲချက်တွေဟာ ချဲ့ကားလွန်းတယ်လို့ တုံ့ပြန်ခဲ့သလို ဒီချိုးဖောက်မှုတွေဟာ စစ်ရာဇဝတ်မှုတွေဖြစ်နိုင်ပေမဲ့ လူမျိုးတုန်း သတ် ဖြတ်မှုမြောက်တဲ့ ပြစ်မှုမျိုးမဟုတ်ဘူးလို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က နိုင်ငံတကာ တရားရုံး ICJ မှာ လျှောက်ထားခဲ့ပါတယ်။
Link : Here
No comments:
Post a Comment