VOA
ဗွီအိုအေ (မြန်မာဌာန)
သားညွန့်ဦး
26 စက်တင်ဘာ၊ 2019
ဒီကနေ့ ကျင်းပတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ညီလာခံမှာတော့ ရိုဟင်ဂျာမွတ်ဆလင်တွေနဲ့ မြန်မာနိုင်ငံတွင်း လူနည်းစုလူမျိုးတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်တဲ့ အဆိုပြု ဆုံး ဖြတ်ချက်ကို မဲခွဲ အတည်ပြုခဲ့ပါတယ်။ မြန်မာအစိုးရကိုယ်စားလှယ်ဖက်ကတော့ ဒီ အဆိုပြုချက်ကို ကန့် ကွက်ခဲ့သလို၊ ဆုံးဖြတ်ချက်တွေဟာ တဖက်သပ်ဖြစ်တဲ့သတင်းအချက်အလက်တွေအပေါ် အခြေခံထား တယ်လို့ ချေပခဲ့ပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ မြန်မာ့အရေးဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ ကိုသားညွန့်ဦး ပြောပြမှာပါ။သားညွန့်ဦး
26 စက်တင်ဘာ၊ 2019
မြန်မာ့လူ့အခွင့်အရေးနဲ့ပတ်သက်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ဒီဆုံးဖြတ်ချက်မူကြမ်းကိုတော့ အီးယူ ဥရောပသမဂ္ဂနဲ့ OIC အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်မှုအဖွဲ့တို့ ပူးတွဲ တင်သွင်းတာဖြစ်ပါတယ်။ မဲခွဲ ဆုံးဖြတ်ရမှာတော့ ထောက်ခံမဲ ၃၂ မဲ၊ ကန့်ကွက်မဲ ၁၂ မဲ ကြားနေ ၇ မဲနဲ့ ဆုံးဖြတ်ချက်မူကြမ်းကို အတည်ပြု လိုက်ပါတယ်။ မြန်မာနိုင်ငံတွင်းက လူ့အခွင့်အရေးချိုးဖောက်မှုတွေကို တာဝန်ယူ တာဝန်ခံဖို့နဲ့၊ နိုင်ငံတကာ အနေနဲ့လည်း ဒီအပေါ် မျှတတဲ့ တရားစီရင်ရေးအမြန်ဆုံးဖြစ်လာဖို့ တိုက်တွန်းတောင်းဆိုထားတယ်လို့ OIC အဖွဲ့ ကိုယ်စားပြု ပါကစ္စတန်နိုင်ငံ ကိုယ်စားလှယ်က မူကြမ်းမဲမခွဲခင်မှာ အခုလို ပြောဆိုတင်ပြခဲ့ပါတယ်။
“ လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ တာဝန်ရှိသူတွေအပေါ် မျှတတဲ့ တရားစီရင်ရေးဖြစ်လာဖို့ လိုအပ်တဲ့ ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်မှုတွေကို အမြန်လုပ်ဆောင်ဖို့ ကျနော်တို့ တောင်းဆိုပါတယ်။ ရိုဟင်ဂျာမွတ်ဆလင်တွေအရေးကိစ္စကို လူသားချင်းစာနာမှုအခြေခံသက်သက်နဲ့ ကိုင်တွယ်လို့မရပါဘူး၊ သူတို့ရဲ့မွေးရာပါ နိုင်ငံသားအခွင့်အရေးနဲ့ပါ ဖြေရှင်း ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒါကို ဒီ အဆိုပြုချက်ထဲမှာ တိုက်တွန်းထားပါတယ်။”
ဒီ ဆုံးဖြတ်ချက်မူကြမ်းကို မြန်မာနိုင်ငံဖက်ကတော့ ပြင်းပြင်းထန်ထန်ကန့်ကွက်လိုက်ပါတယ်။ တဖက်သပ် ဆန်တဲ့ သတင်းအချက်အလက်တွေ၊ မမှန်ကန်တဲ့သတင်းအချက်အလက်တွေကို အခြေခံထားတဲ့ ကုလသ မဂ္ဂ အစီရင်ခံစာပေါ် မူတည်ပြီးတော့ ဒီ ဆုံးဖြတ်ချက်ထွက်လာတဲ့အတွက် ဒါကို လက်မခံနိုင်ဘူးလို့ ဂျနီဗာ ကုလသမဂ္ဂဌာနဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုတုံ့ပြန်ပါတယ်။
“ အခု ဆုံးဖြတ်ချက်မူကြမ်းဟာ နိုင်ငံရေးပယောဂပါပြီး စိတ်ပျက်စရာကောင်းတာမို့ ကျနော်တို့အနေနဲ့ လုံး၀ ကို ကန့်ကွက် ပယ်ချပါတယ်။ ဘာကြောင့် အခုလို ကန့်ကွက်သလဲပြောရရင် ပထမဆုံး အချက်ကတော့ အခုလို နိုင်ငံတနိုင်ငံချင်းကို ကွက်ပြီး ဆုံးဖြတ်ချက်တွေ ချနေတဲ့အပေါ်မှာ မြန်မာနိုင်ငံအနေနဲ့ မူ အားဖြင့် ကန့်ကွက်ထားပါတယ်။”
ဒီ ဆုံးဖြတ်ချက်အပေါ် ကန့်ကွက်တဲ့အထဲမှာ မြန်မာ့အိမ်နီးချင်း တရုတ်နိုင်ငံလည်း ပါပါတယ်။ ရခိုင်အရေး ဒုက္ခ သည်အရေးတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာအနေနဲ့ အပြုသဘောချည်းကပ်သင့်ပြီး၊ အခုလို နိုင်ငံတ ကာ တရားရုံးမှာ စီရင်ဖို့ ပြောနေတာတွေဟာ တဖက်မှာ အဆိုးဘက်ကို ဦးတည်သွားနိုင်တယ်လို့ ဝေဖန် ပါတယ်။ တရုတ်နိုင်ငံအနေနဲ့ ရခိုင်အရေးမှာ အဖြေထွက်အောင် အပြုသဘောဆောင်ချည်းကပ်နေ တယ် လို့လည်း တရုတ်ကိုယ်စားလှယ်က ပြောသွားပါတယ်။
“ တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊မြန်မာ နိုင်ငံခြားရေးဝန်ကြီး သုံးပွင့်ဆိုင် ဆွေးနွေးပွဲကို တတိယ အကြိမ်အဖြစ်နဲ့ နယူးယောက်မြို့မှာ ပြီးခဲ့တဲ့ရက်ကပဲ လုပ်ခဲ့ပါတယ်။ ဒုက္ခသည်တွေနေရပ်ပြန်ရေးနဲ့ ရခိုင်အရေးနဲ့ ပတ်သက် လို့ ဒီ အစည်းအဝေးကနေ အချက်သုံးချက် ရခဲ့ပါတယ်။ ဒုက္ခသည်တွေ စောလျင်စွာ နေရပ်ပြန်ရေးအတွက် နိုင်ငံသုံးနိုင်ငံလုံးရဲ့ နိုင်ငံရေးစိတ်ဆန္ဒရှိကြပါတယ်။ ဒုက္ခသည်တွေပြန်ရေးကို ဖြစ်နိုင်သမျှ မြန်မြန်ဆောင် ရွက်ဖို့ မြန်မာရော ဘင်္ဂလားဒေ့ရ်ှကပါ သဘောတူထားပါတယ်။”
ဒေသတွင်းနိုင်ငံလည်း မြန်မာနဲ့ ဆက်ဆံရေးနီးကပ်တဲ့နိုင်ငံတနိုင်ငံဖြစ်တဲ့ ဂျပန်နိုင်ငံကတော့ ဒီဆုံးဖြတ်ချက် မူကြမ်းကို အချိန်ယူလေ့လာခွင့်မရတာကြောင့် ကြားနေအဖြစ် မဲပေး ရပ်တည်ခဲ့ပါတယ်။ အခု ဆုံးဖြတ်ချက် မူကြမ်းထဲမှာတော့ မြန်မာနိုင်ငံတွင်းက ရိုဟင်ဂျာမွတ်ဆလင်နဲ့ လူနည်းစုတွေအပေါ် လူ့အခွင့်အရေးချိုး ဖောက်မှုတွေ ဆက်ရှိနေတယ်ဆိုတဲ့သတင်းတွေအပေါ်မှာ စိုးရိမ်မကင်းဖြစ်ကြောင်း ဖော်ပြခဲ့သလို၊ နောက် ထပ် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဟန့်တားနိုင်ဖို့ရာ ပြီးခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အတွက် လွတ်လပ်တဲ့ တရားရေးအရ အရေးယူဖို့ တိုက်တွန်းထားပါတယ်။ ဒါ့အပြင် ကုလသမဂ္ဂ အချက်အလက်ရှာ ဖွေရေးအဖွဲ့ရဲ့ အစီရင်ခံစာတွေကို ကုလသမဂ္ဂအထွေထွေညီလာခံကို လွဲှပြောင်း ပေးအပ်သွားဖို့ကိုလည်း ဆုံးဖြတ်ထားပါတယ်။ မြန်မာအစိုးရကိုလည်း ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးစုံစမ်းရေးမှူးတွေနဲ့ တွဲလုပ်ဖို့ တိုက်တွန်းထားပါတယ်။
မြန်မာအစိုးရဖက်ကတော့ ကုလသမဂ္ဂက နိုင်ငံတကာက သုံးနှုန်းတဲ့ ရိုဟင်ဂျာဆိုတဲ့ စကားရပ်ကို လက်မခံ သလို၊ ကုလသမဂ္ဂ လူ့အခွင့်အရေးတာဝန်ရှိသူတွေကိုလည်း မြန်မာနိုင်ငံတွင်း ပေးမဝင်ခဲ့ပါဘူး။
Link : Here

No comments:
Post a Comment