Thursday, September 26, 2019

ရိုဟင်ဂျာ ပြဿနာ အမြန်ဖြေရှင်းဖို့ မလေးရှားဝန်ကြီးချုပ် ပန်ကြား

VOA
26 စက်တင်ဘာ၊ 2019
ဗွီအိုအေ (မြန်မာပိုင်း)
 မှတ်တမ်းဓာတ်ပုံ - မလေးရှား ဝန်ကြီးချုပ် Mahathir Mohamad ကို တိုကျိုက သတင်းစာ ရှင်းလင်းပွဲမှာ တွေ့ရစဉ်။
 
 အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပနေတဲ့ (၇၄) ကြိမ်မြောက် ကုလ သမဂ္ဂ အထွေထွေညီလာခံမှာ အင်္ဂါနေ့ဆွေးနွေးပွဲတွေ အတွင်းမှာပဲ မလေးရှားဝန်ကြီးချုပ် မဟာသီယာမို ဟာမက်က ရိုဟင်ဂျာပြဿနာကို အမြန်ဖြေရှင်းရေး အတွက် နိုင်ငံတကာက ပါဝင်ကြဖို့ ပန်ကြားခဲ့ပါတယ်။

သဘာပတိနဲ့ ကြွရောက်လာတဲ့ ပရိတ်သတ်များခင်ဗျား မြန်မာအစိုးရဟာ ရိုဟင်ဂျာပြဿနာကို ဖြေရှင်းဖို့ ဆန္ဒမရှိဘူးဆိုတာ ထင်ရှားပါတယ်။ ဒါကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းက လုပ်ဆောင်ပေးဖို့ တောင်းဆိုရတာဖြစ်ပါတယ်လို့ မလေးရှားဝန်ကြီးချုပ်က ပြောသွားတာပါ။

မြန်မာအစိုးရအနေနဲ့ ဖြေရှင်းလိုတဲ့ ဆန္ဒမရှိဘူးလို့ စွပ်စွဲခဲ့ပြီး ရိုဟင်ဂျာတွေ အပေါ် ကျူးလွန်သူတွေကို အေ ရး ယူရေးအတွက် ICC ကို တင်ဖို့ပါ အကြံပေးခဲ့တာပါ။ ရိုဟင်ဂျာအရေးကို မလေးရှားအစိုးရက တတ်နိုင် သလောက် အကူညီမှာ ဖြစ်ပြီး နိုင်ငံတကာ အသိုင်းဝိုင်းက ပါဝင်ဖြေရှင်း ပေးဖို့ပါ တောင်းဆိုခဲ့တာပါ။

ကုလသမဂ္ဂ အထွေထွေညီလာခံ ဘေးပန်းမှာ တနလာင်္နေ့ ညနေပိုင်းတုန်းကတော့ မြန်မာ၊ ဘင်္ဂလာဒေရှ့်နဲ့ တရုတ်တို့ သီးခြား တွေ့ဆုံပြီး ရိုဟင်ဂျာတွေ ဌာနေပြန်ရေး လုပ်ငန်းစဉ်ပြန်စနိုင်ဖို့ အလွတ်သဘော ဆွေး နွေးခဲ့ကြတယ်လို့ ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက VOA ကို ပြောပါတယ်။ ရိုဟင်ဂျာ ဆိုတဲ့ အသုံးအ နှုန်းကို လက်မခံတဲ့ မြန်မာအစိုးရက ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေ ပြန် လက်ခံဖို့ ကြိုးစားနေပေမယ့် အခုထိ မအောင်မြင်သေးပါဘူး။

နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပနေတဲ့ (၇၄) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ စက် တင်ဘာလ ၂၄ ရက် အင်္ဂါနေ့က အထွေထွေမူဝါဒရေးရာ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ကျင်းပ ခဲ့ပြီး မြန်မာနိုင်ငံက နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးကျော်တင့်ဆွေ၊ အပြည် ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စား လှယ်/ သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်း၊ အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအ မတ်ကြီး ဦးအောင်လင်းတို့ တက်ရောက်နေပါတယ်။ နိုင်ငံပေါင်း ၁၉၃ နိုင်ငံရဲ့ ခေါင်းဆောင်တွေ တက် ရောက်တဲ့ ဒီဆွေးနွေးပွဲတွေကို စက်တင် ဘာလ ၃၀ ရက်နေ့အထိ ဆက်လက်ကျင်းပမှာ ဖြစ်ပါတယ်။ အမေ ရိကန် သမ္မတ Donald Trump အပါအဝင် နိုင်ငံပေါင်း (၃၇) နိုင်ငံရဲ့ နိုင်ငံအကြီးအကဲတွေက မိန့်ခွန်းတွေ ပြောကြား ခဲ့ကြတာဖြစ်ပြီး ဆွေးနွေးပွဲအစီအစဉ်အရ မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ပြည်ထောင် စုဝန်ကြီး ဦးကျော်တင့်ဆွေက စက်တင်ဘာလ ၂၈ ရက်နေ့မှာ မိန့်ခွန်းပြောကြားဖို့ရှိပါတယ်။ 

 Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */