RFA
လွတ်လပ်တဲ့အာရှအသံ
တင်အောင်ခိုင် (ဝါရှင်တန်ဒီစီ)
 2022.02.22
Photo: Ministry of Foreign Affairs Myanmar/Facebook
ရိုဟင်ဂျာတွေကို 
လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တယ်ဆိုတဲ့ စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံက 
တရားစွဲထားတဲ့ အမှု ကို ICJ တရားရုံးမှာ တနင်္လာနေ့က စစ်ကောင်စီဘက်က 
စတင်ပြီး လျှောက်လဲချက် ပေးခဲ့ပါတယ်။ စစ်ကောင်စီ ဝန်ကြီး ဦးကိုကိုလှိုင်နဲ့ 
စစ်ကောင်စီခန့် ရှေ့နေ Cristoper Staker တို့ လျှောက်လဲခဲ့ကြတာပါ။ 
ဒီလျှောက်လဲချက်တွေဟာ
 ၂၀၁၉ ခုနှစ်က နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ခုခံချေပခဲ့တဲ့ 
ပုံစံအ တိုင်း ဆောင်ရွက်ခဲ့တာကို တွေ့ရပါတယ်။ ဂမ်ဘီယာနိုင်ငံအနေနဲ့ 
စွဲဆိုထားတဲ့ လူမျိုးတုံးသတ်ဖြတ်မှုကို တရား ရုံးက 
စီရင်ပိုင်ခွင့်မရှိဘူးလို့ စစ်ကောင်စီဘက်က ချေပခဲ့သလို IOC 
အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုအ ဖွဲ့ ပါဝင်ခွင့်မရှိဘူးလို့လည်း
 တင်ပြခဲ့ပါတယ်။ 
 
.png)
