" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, February 22, 2022

OIC က ကြိုးကိုင်နေ၍ အမှုကို လက်မခံသင့်ဟု ICJ တွင် စစ်ကောင်စီကိုယ်စားလှယ်ပြော

ဧရာဝတီ
By ဧရာဝတီ 
22 February 2022
ဖေဖေါ်ဝါရီ ၂၁ရက်က နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့တွင် မြန်မာအပေါ် ဂမ်ဘီယာက တရားစွဲထား သည့်အမှုကို ပြန်လည်ချေပနေသည့် စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့ / အိုင်စီဂျေ ဝက်ဘ်ဆိုဒ်


မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက စွဲဆိုထားသောအမှုတွင် နောက်ကွယ်၌ အစ္စလာမ်နိုင်ငံများ ပူးပေါင်ဆောင် ရွက် ရေးအဖွဲ့ (OIC) က ကြိုးကိုင်နေသဖြင့် အမှုကို လက်မခံသင့်ကြောင်း အာဏာသိမ်းမြန်မာ စစ်ကောင်စီ၏ ကိုယ်စား လှယ်က အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တွင် ပြောကြားသည်။

ဖေဖော်ဝါရီလ ၂၁ ရက်က နယ်သာလန်နိုင်ငံ The Hague တွင် ပြုလုပ်သည့် မြန်မာနိုင်ငံက ရိုဟင်ဂျာများအပေါ် လူမျိုးတုန်းသတ်ဖြတ်သည်ဆိုသော ဂမ်ဘီယာက မြန်မာအပေါ်စွဲဆိုထားသော အမှုဆိုင်ရာ ကြားနာပွဲတွင် မြန် မာ စစ်ကောင်စီငှားရမ်းထားသော ဗြိတိန်အခြေစိုက် ဥပဒေပညာရှင် ရှေ့နေများက ပြောဆိုခြင်းဖြစ်သည်။

အဆိုပါကြားနာပွဲကို စစ်ကောင်စီခန့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်၊ ရှေ့နေ ချုပ် ဒေါ်သီတာဦးတို့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က လူကိုယ်တိုင်တက်ရောက်ခဲ့ခြင်းဖြစ်သည်။

မြန်မာစစ်ကောင်စီ၏ ရှေ့နေတဦးဖြစ်သူ Christopher Staker က“ဥပဒေအရဆိုရင် နိုင်ငံတကာ အဖွဲ့အစည်း တခု ကနေ သူတို့ ကြိုးဆွဲရာကမယ့် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံကို အသုံးချပြီး၊ ဒီအမှုကို တရားရုံးမှာတင်သွင်း လာတာမျိုးက မဖြစ်သင့်ပါဘူး။ ဒီပြောကြားချက်နဲ့ ပက်သက်လို့၊ ဂမ်ဘီယာနိုင်ငံဘက်က ခိုင်လုံတဲ့ အကြောင်းပြချက်ပေးတာ မရှိသေးပါဘူး” ဟု ဆိုသည်။

ယင်းအပြင် မြန်မာနိုင်ငံသည် လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေး ဂျီနီဗာကွန်ဗန်းရှင်း သဘောတူစာချုပ်ကိုလက် မှတ် ရေးထိုးထား သော်လည်း အဆိုပါစာချုပ်တွင် သက်ဆိုင်ရာ နိုင်ငံအစိုးရ၏ သဘောတူညီချက်မရှိဘဲ အရေးယူ ဆောင်ရွက်ခွင့်မရစေရန် ပြဌာန်းထားကြောင်း မြန်မာစစ်ကောင်စီ၏ ရှေ့နေများက ထောက်ပြသည်။

အာဏာသိမ်း စစ်ကောင်စီ၏ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဦးကိုကိုလှိုင်ကလည်း “ICJ တရားရုံး အနေ နဲ့ ဒီအမှုကို စစ်ဆေးစီရင်ခွင့်မရှိဘူးလို့ မြန်မာနိုင်ငံဘက်က လျှောက်လဲနေတာဟာ၊ ဂမ်ဘီယာနိုင်ငံဘက်က တင်သွင်း တဲ့ ဒီအမှုအတွက် အဖြေမရှိတဲ့ သဘောမဟုတ်ပါဘူး။ မြန်မာနိုင်ငံ အစိုးရအနေနဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ကာလရှည်ကြာရှိနေတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ သံန္နိဋ္ဌာန် ချမှတ်ပြီး ဆောင်ရွက်နေပါတယ်” ဟု တရားရုံးတွင် ထွက်ဆိုသည်။

မြန်မာစစ်ကောင်စီနှင့်အပြိုင် ICJ တွင် မြန်မာနိုင်ငံကိုယ်စားပြု ထွက်ဆိုခွင့်ရရေးကြိုးပမ်းခဲ့သည့် မြန်မာအမျိုး သား ညီညွတ်ရေးအစိုးရ (NUG) ကလည်း ICJ ၌ စစ်ကောင်စီကိုယ်စားလှယ်များ ထွက်ဆိုနေစဉ်မှာပင် အွန်လိုင်းမှတဆင့် သတင်းစာရှင်းလင်းပွဲ တရပ်ပြုလုပ်ခဲ့သည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် အာဏာသိမ်းမြန်မာစစ်ကောင်စီကို အမှုနှင့်ပတ်သက်ပြီး မြန်မာနိုင်ံကိုယ် စား ပြု လက်ခံထွက်ဆိုခွင့်ပြုသည့်အပေါ် ကန့်ကွက်ကြောင်း ၊ ICJ ၏ ဆုံးဖြတ်ချက်များကို NUG က စောင့်ကြည့်နေကြောင်း NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ပြောသည်။

NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကလည်း ICJ ၌ မြန်မာစစ်ကောင်စီ၏ ကိုယ်စားလှယ်အဖွဲ့ လာရောက် ထွက်ဆိုနေခြင်း သည် နိုင်ငံတော်ကို ကိုယ်စားပြုခွင့်မရှိသူများက လာရောက်ကိုယ်စားပြုနေခြင်းသာဖြစ်ကြောင်း မှတ်ချက်ပေးသည်။

“ကျမတို့တိုင်းပြည်ထဲမှာ အာဏာသိမ်းပြီးနောက် ဖြစ်နေတဲ့ ပြဿနာက ဘာလဲဆိုတော့ တိုင်းပြည်ကို State ဆိုတဲ့၊ နိုင်ငံတော်ကို ဘယ်သူကိုယ်စားပြုသလဲဆိုတဲ့ပြဿနာ။ အဲဒီတော့ ICJ ကိုယ်နှိုက်ကိုက နိုင်ငံတော်ကိုတရား စွဲထား တာဖြစ်တယ်။ စစ်တပ်ဆိုတဲ့ မင်းအောင်လှိုင်ကို တရားစွဲထားတာမဟုတ်ဘူး။ Case ကိုယ်နှိုက်ကိုက မြန် မာနဲ့ ဂမ်ဘီယာနဲ့ဖြစ်နေတာ State ဆိုတာဖြစ်တယ်ပေါ့နော်။ အဲဒီတော့ စစ်တပ်ဆိုတာ State ထဲက institution တခုဖြစ်တဲ့အတွက် ဘယ်စစ်တပ်ကမှ ကိုယ်စားပြုခွင့်မရှိဘူး။ တကယ့်တကယ်ကျတော့ – ဘယ် ပရော်ဖက်ရှင်နယ်စစ်တပ်ကမှ နိုင်ငံတော်ကို ကိုယ်စားပြုလို့မရဘူး” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ICJ တရားသူကြီးဥက္ကဌ Joan E donoghue ကမူ စစ်ကောင်စီကို တရားရုံး တက်ရောက်ခွင့်ပေးခြင်းသည် ICJ အနေနှင့် အစိုးရအဖြစ် အသိအမှတ် ပြုပေးခြင်းမဟုတ်ဘဲ နိုင်ငံကိုယ်စားပြုတက်ရောက်ခွင့်ပြုခြင်းသာ ဖြစ် ကြောင်း တရားရုံးကြားနာပွဲမစမီတွင် ပြောဆိုထားသည်။

တရားရုံးကြားနာပွဲကို The Hague တွင် လေးရက်တာ ပြုလုပ်မည်ဖြစ်ပြီး လာမည့်ဖေဖော်ဝါရီလ ၂၅ ရက်တွင် မြန်မာဘက်က ဒုတိဘအကြိမ် လျှောက်လဲမည်ဖြစ်သည်။

ယင်းနောက် ဖေဖော်ဝါရီလ ၂၃ ရက်နှင့် ၂၈ ရက်တို့တွင် ဂမ်ဘီယာနိုင်ငံ ကိုယ်စားပြု ဥပဒေပညာရှင်များက လျှောက်လဲချက်ပေးမည်ဖြစ်ကြောင်း ICJ ၏ ထုတ်ပြန်ချက်အရသိရသည်။

You may also like these stories:

Link : Here

Topics: ICJ, NUG, OIC, စစ်ကောင်စီ, လူမျိုးတုံးသတ်ဖြတ်မှု, အစ္စလာမ်နိုင်ငံများ

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */