အကြမ်းဖက်သင်တန်းမတက်လျှင် လည်လှီးမည်ဟု စည်းရုံး၊ မူဆလင်ကျေးရွာများအား ၎င်းတို့ဘာသာမီးရှို့ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးမေးမြန်းခြင်းခံရသူများက ထုတ်ဖေါ်ပြောကြား
ပွင့်ဖြူချောင်းကျေးရွာ၌ နိုဝင်ဘာ ၁၂ ရက်နေ့တွင် ဖမ်းဆီးထိန်းသိမ်းရမိခဲ့သည့် ဂျာဘူရာမန် အား စစ်ဆေး မေး မြန်းရာ “ သင်တန်းမတက်ရင် သေနတ်နဲ့ပစ်မယ်၊ လည်လှီးမယ် လို့ ပြောပြီး စည်းရုံး ပါတယ်။ ကျွန်တော်တို့ရွာက အယောက် ၂၀ တက်ရောက်ခဲ့ပါတယ်။ သင်တန်းကိုတော့ မယင်းတောင်၊ အနောက် ဘက်မှာ တက်ခဲ့ပါတယ်။ တိုက်ပွဲဖြစ်တဲ့နေ့က ဘင်္ဂါလီရွာကို မီးတိုက်ပြီး ပြန်သွားပါတယ်။ အဲ့ဒီအဖွဲ့မှာ သေ နတ် ၁၀ လက်နဲ့ ဓါး ၁၀ ချောင်းလည်း ပါပါတယ်။” ဟု ဖြေကြားသည်။












အောင်မင်္ဂလာကျေးရွာတွင် ကျန်ရှိနေသည့် ကလေးငယ်များ၊ အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများ နေအိမ် ကိုစွန့်ခွာ ရန် အသင့်ဖြစ်နေကြပြီ။ ၎င်းတို့ကို လိုက်ပါခွင့်ရနိုင်မည့်ကားကိုမျှော်ကာ အထုပ်အပိုးများကို နေအိမ် ရှေ့တွင်စုပုံထားကြသည်။ အသက်အာမခံချက်မရှိသည့် ယင်းနေရာတွင် နေအိမ်ကို စွန့်ခွာသွားရန်မှအပ အခြား နည်းလမ်း နတ္ထိ။





