Wednesday, November 16, 2016

( 16.11.2016 ) ( ၁၆-၁၂-၂၀၁၆ ) မောင်တောဒေသ သတင်းများ



                                             ၁၆-၁၂-၂၀၁၆ မောင်တောဒေသ သတင်းများ

ဒီဇင်ဘာ ၁၆၊ ၂၀၁၆
မသင်္ကာသူ ၈ဦးနှင့်အတူ ဆေးခြောက်များဖမ်းဆီးရမိ

===================================

 မောင်တောမြို့နယ် နတ်မြစ်အတွင်း ဒီဇင်ဘာ ၁၆ ရက်က ငါးဖမ်းစက်လှေတစ်စီးနှင့်အတူ မသင်္ကာသူ (၈) ဦးနှင့် ဆေးခြောက်ထုပ် (၂၈) ထုပ်တို့ ဖမ်းဆီးရမိခဲ့သည်။



လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မောင်တောမြို့နယ် နတ်မြစ်အတွင်း ဒီဇင်ဘာ ၁၆ ရက် နံနက် ၂နာရီ ၅၅ မိနစ်တွင် တပ်မတော်ရေယာဉ်များဖြင့် လုံခြုံရေးကင်းလှည့်နေစဉ် မသင်္ကာ ဖွယ် လှေတစ်စီးအား တွေ့ရှိ ရသဖြင့် မီးအချက်ပြခေါ် ယူရာ လာရောက်ခြင်းမရှိဘဲ တောင်ဘက်သို့ ထွက်ပြေးသွားသောကြောင့် လက် နက်ငယ်ဖြင့် ခြောက်လှန့်ပစ်ခတ်ဖမ်းဆီးရာ နံနက် ၃ နာရီ ၅မိနစ်တွင် ဘင်္ဂလားဒေ့ရှ်ငါးဖမ်းစက်လှေ ၁စီး အားဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသည့်စက်လှေပေါ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနပ်ဖ်မြို့ တနာဂရွာမှ နူကာဆင်၊ မူဟာမတ်ရှူဒစ်၊ ဆွာလင်း၊ စုစဉ်တန်၊ ဘာလ်ဘူ၊ အေမာန်ဟူစွန်၊ မူဂျူလာနှင့် ဆာ့ဒစ် တို့ ရှစ်ဦးတို့အား ဆေးခြောက် ၁ ကီလိုခန့်ရှိ ဆေးခြောက်ထုပ် (၂၈) ထုပ်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ ငါးဖမ်းစက်လှေသည် တက္ကနပ်ဖ်မြို့မှ ကျောက်ပန္တုအနောက်ဘက်သို့ထွက်ခွာလာခဲ့ပြီး ဖမ်းဆီးရမိ သည့်နေရာတစ်ဝိုက်တွင် ပိုက်ချငါးဖမ်းသည့်ပုံစံဟန်ဆောင်၍ စစ်တွြေမို့မှ လာရောက် ယူဆောင်၍ လှေ အားစောင့်ဆိုင်းစဉ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ဖမ်းဆီးရမိသူ ၈ ဦးအား ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်အရေး ယူ ဆောင်ရွက် သွားမည်ဖြစ်ကြောင်းသိရသည်။
----

မောင်တောဒေသတွင် မသင်္ကာသူ ၄ ဦး ဖမ်းဆီးရမိ
==================================

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာ ၁၅ ရက်နေ့ ညနေ ၄ နာရီတွင် နယ်မြေလုံခြုံရေး ဆောင်ရွက်စဉ် မောင်တောမြို့နယ် နယ်စပ်မှတ်တိုင် (၃၅)နှင့် (၃၆)ကြားတွင် မသင်္ကာသူ ၂ ဦးအား တွေ့ရှိပြီး ဖမ်းဆီးရ မိခဲ့သည်။

ဖမ်းဆီးရမိသူများမှာ ဦးရှည်ကျကျေးရွာနေ အဒူဆာလောင်နှင့် ဆော်ဒီမူလာတို့ ၂ဦးဖြစ်ပြီး ၎င်းတို့နှင့်အတူ တာကာငွေ (၅၀၀)၊ တံစဉ် (၂)ချောင်း၊ ဘင်္ဂလားဒေ့ရှ် ဖုန်းနံပါတ်ရေးမှ တ်ထားသော စာရွက်ပိုင်းတစ်ခု စစ်ဆေးတွေ့ရှိရပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ သွားရန်အတွက် နယ်စပ်ခြံစည်းရိုးအနီး ချဉ်းကပ်လာချိန်တွင် ဖမ်းဆီးရမိခဲ့သည်။

အလားတူ ဒီဇင်ဘာ ၁၆ရက် မွန်းလွဲ ၁နာရီ ၁၅မိနစ် မောင်တောမြို့နယ် ဆူရာလီရွာဘက်မှ ကိုးတန်ကောက်(တောင်နား)ရွာဘက်သို့ ထွက်ခွာလာသော မသင်္ကာဖွယ် အင်းဒင် အနောက်ရွာ နေ အေ ကာမော်ဒီနှင့် ကိုးတန်ကောက်(ရွာမ)နေ မာမောက်အီနုတို့အား ဖမ်းဆီးရမိခဲ့သည်။ ဖမ်းဆီးရမိသူ ၄ဦး အား ဥပဒေလုပ်ထုံးလုပ်နည်းများနှ င့်အညီ ဆက်လက်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။
(နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ)

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */