" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, November 17, 2016

( 17.11.2016 ) အကြမ်းဖက် သင်တန်း မတက်လျှင် လည်လှီး မည်ဟု စည်းရုံး၊ မူဆလင် ကျေးရွာများအား ၎င်းတို့ ဘာသာ မီးရှို့ခဲ့ ခြင်းဖြစ်ကြောင်း စစ်ဆေး မေးမြန်း ခြင်းခံရသူ များက ထုတ်ဖေါ်ပြောကြား ( အင်္ဂလိပ် - မြန်မာ )



အကြမ်းဖက်သင်တန်းမတက်လျှင် လည်လှီးမည်ဟု စည်းရုံး၊ မူဆလင်ကျေးရွာများအား ၎င်းတို့ဘာသာမီးရှို့ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးမေးမြန်းခြင်းခံရသူများက ထုတ်ဖေါ်ပြောကြား


ပွင့်ဖြူချောင်းကျေးရွာ၌ နိုဝင်ဘာ ၁၂ ရက်နေ့တွင် ဖမ်းဆီးထိန်းသိမ်းရမိခဲ့သည့် ဂျာဘူရာမန် အား စစ်ဆေး မေးမြန်းရာ “ သင်တန်းမတက်ရင် သေနတ်နဲ့ပစ်မယ်၊ လည်လှီးမယ် လို့ ပြောပြီး စည်းရုံး ပါတယ်။ ကျွန်တော်တို့ရွာက အယောက် ၂၀ တက်ရောက်ခဲ့ပါတယ်။ သင်တန်းကိုတော့ မယင်းတောင်၊ အနောက် ဘက်မှာ တက်ခဲ့ပါတယ်။ တိုက်ပွဲဖြစ်တဲ့နေ့က ဘင်္ဂါလီရွာကို မီးတိုက်ပြီး ပြန်သွားပါတယ်။ အဲ့ဒီအဖွဲ့မှာ သေ နတ် ၁၀ လက်နဲ့ ဓါး ၁၀ ချောင်းလည်း ပါပါတယ်။” ဟု ဖြေကြားသည်။



အလားတူ ပွင့်ဖြူချောင်းကျေးရွာမှ ဖမ်းဆီးထိန်းသိမ်းထားသူ မာမတ်အီစလာမ် ကို မေးမြန်းရာ “ဗလီတက် တဲ့ အချိန်မှာ ဗလီဆရာကြီးက ရွာကလူတွေကို စည်းရုံးပါတယ်။ ဘင်္ဂလားဒေ့ရှ်က လူတွေ လာတယ်၊ ဘင်္ဂ လားဒေ့ရှ်က လူတွေနဲ့ပေါင်းပြီး တိုက်ရမယ်လို့ပြောပါတယ်။ ရိုဟင်ဂျာကို အစိုးရက ဘယ်တော့မှ ပေးမှာမ ဟုတ်ပါဘူး၊ ငါတို့လူစုလူဝေးနဲ့ ရိုဟင်ဂျာကို တိုက်ယူရပါမယ်။ တစ်အိမ် တစ်ယောက်ထွက်ပြီး တိုက်ရပါ မယ်။ တစ်အိမ် တစ်ယောက်ကျ မလိုက်တဲ့လူတွေကို လည်လှီးပြီး သတ်မယ်လို့ပြောတယ်။ ထိတွေ့မှုဖြစ်တဲ့ အခါမှာ အစ္စလာမ်၊ ရိုဟင်ဂျာ၊ နာကာတူရီ၊ ဝတ်စ်ဖို့စ် လို့ အော်ပြီးသွားပါတယ်။ တောင်ကြားမှာ သင် တန်းပေးပါတယ်။ ရိုဟင်ဂျာပေးမယ်ပြောပြီး မပေးဘူး၊ မပေးတဲ့အတွက် ငါတို့သိပ်ကြာသွားမယ်။ တိုက်ပွဲ ဝင် ရမယ်။ တိုက်ပွဲဖြစ်တဲ့အချိန်မှာ ကျွန်တော်က ဓါးကိုင်ပြီးတော့ ရွာမှာရှိပါတယ်။ ရွာတွေကို မီးရှို့ တာတွေ ရှိပါတယ်။ ဘင်္ဂလားဒေ့ရှ့က ဝင်လာတဲ့ လူတွေနဲ့ ရွာကလူဆိုးတွေ က ရှို့တာပါ။ တိုက်ပွဲဖြစ်တဲ့အချိန်မှာ ရွာသားတွေ တစ်အိမ်တစ်ယောက် ဓါးကိုင်ပြီးတော့ ထွက်ပါ တယ်။ ဓါးကိုင်ပြီးတော့ အကုန်လုံး ရွာလမ်းပေါ် ထွက်ကြပါတယ်။” ပြောကြားသည်။

အလားတူ မောင်တောမြို့နယ်၊ရေတွင်းကျွန်းကျေးရွာမှ ဖမ်းဆီးထိန်းသိမ်းရမိသည့် အီအာဟာ အား ပဏာမ မေးမြန်းစစ်ဆေးရာ “ ၁၃ ရက်နေ့မှာ ဘင်္ဂါလီ၊ မူဆလင် လူမျိုးတွေက မီးတိုက်တာပါ။ ကျွန်တော်မြင်တာ ကတော့ အိမ် ၁၀၀ ကျော်လောက် မီးထဲပါသွားပါတယ်။” ဟု ဖြေကြားသည်။

ထို့အတူ ဖမ်းဆီးထိန်းသိမ်းထားသည့် ကြိမ်ချောင်း (မြောက်ရွာ) နေ ဆော်ဒူအာမိန် အား ပဏာမ မေးမြန်း စစ်ဆေးရာ “ကျွန်တော်တို့တုတ်၊ဓါးကိုင်ပြီးလူတွေစုနေတာဟာ စစ်တပ်တွေ၊ ရဲတွေလာရင် တိုက်ပြီးတော့ သေနတ်တွေလုဖို့ပါ။ ဓါးရယ်၊ တုတ်ရယ်၊ လေးခွရယ်ပါ ပါတယ်။ စစ်တပ်ကိုဓါးနဲ့ခုတ်မယ်ဆိုပြီးတော့ လူအ များ ကြီး စုနေတာပါ။ တိုက်ပွဲမဖြစ်ခင်ညက လူကြီးပိုင်း တချို့ကိုပါခေါ်ပြီး တောထဲဝင်သွားပါတယ်။ ရွာကိုမီး ရှို့တာအကြမ်းဖက်သမားတွေ မီးရှို့တာပါ၊ရှို့ပြီးတော့အနောက်ဖက်ကို ထွက်သွားကြတာပါ” ဟု ပြန် လည်ဖြေ ကြားသည်။


ပဏာမ စစ်ဆေးမေးမြန်းချက်များအရ ဒေသနေမူဆလင်အသိုင်းအဝိုင်းအား တစ်အိမ်တစ်ယောက် မဖြစ် မနေ လိုက်ပါစေခြင်း၊မလိုက်လျှင် လည်လှီးသတ်ဖြတ်မည်ဟု ခြိမ်းခြောက်ခံခဲ့ရခြင်း၊ တပ်မတော်နှင့် နယ်ခြား စောင့် ရဲတပ်ဖွဲ့ဝင်များအား ရွာတွင်းဝင်လာလျှင် ဓါးဖြင့် ခုတ်ရန် စောင့်ဆိုင်းနေကြခြင်းဖြစ်ကြောင်း၊ ကျေးရွာများအား မီးရှို့သူများမှာ အကြမ်းဖက်စီးနင်းတိုက်ခိုက်သူများဖြစ်ကြောင်း သိရှိရသည်။

------------------------------

"we have been forced to follow terrorist training and threatened to be killed if we are not", detainees reveal under interrogation

The authorities interviewed men who were arrested on suspicion of violent attacks in rakhine state. While the authorities interviewed jarburaman, who was arrested on 12 November at Village Phyu Chaung Village, he said, " I was forced to participate in terrorist training. They threatened me to shoot or cut my throat if I wouldn't be there. About 20 people in our village attended training. We attended this level of a western part of the mayin mountain. On the day when violent attacks took place, a group of violent attackers set fire to a bangali village and that members of the group were armed with 10 guns and 10 machetes ".

Meanwhile, another man, mamud eslam who was also arrested in the village of pwint pyu chaung also said " when we arrived at the mosque, the imam persuaded us to join terrorist activities. We have been told that we must conduct violent attacks in collaboration with the men of Bangladesh. Imam says the government will never recognize the rohingya. So we were told that we must fight for that. He said a person in every house must join this activity. Those who do not join will be killed and the neck cut. We were given terrorist training in a valley. When the October 9 attacks occurred, we were in the village with machetes. We've seen people set fire to the villages. Those who came from Bangladesh and stupid people in our village set fire to the houses. Each and every one appeared on the streets in the village with machetes ".

"on October 13, bangalis, Muslims set fire to villages, I live about 100 houses were burned", eiarhar, who was arrested in the village of yay dwin gyune in maungtaw said during a Interrogation.
A Prisoner, saw from the arr mane, from kyane chaung (North) Village said: " we had to meet with clubs, machetes at that time and there was a plan to loot rifles and machete attacks when Tatmadaw and police are coming. Our group was armed with clubs, catapults. The terrorists set fire to the villages and left the western part of the village ".

Preliminary interrogations revealed that the local Muslim community had been forced to join violent activities by force; they were threatened to be killed if they were not to join; the attackers were waiting to attack the security forces; those who put Fire in the villages was violent attackers.

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */