" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, October 31, 2023

ရခိုင်မှာ တိုက်ပွဲတွေပြန်ဖြစ်မှာ စိုးရိမ်နေချိန် ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး စစ်ကောင်စီကြိုးပမ်း

RFA
ဝေမာထွန်း (ဝါရှင်တန် ဒီစီ)
2023.10.31

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုတုပါလောင် ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာ မွတ်စလင် ဒုက္ခသည်များအား ၂ဝ၁၈ ခုနှစ် သြဂုတ်လ

ရက္ခိုင့်တပ်တော် (AA) ပါဝင်ပြီး ရှမ်းမြောက်မှာ ၁၀၂၇ စစ်ဆင်ရေးကိုလုပ်ဆောင်နေလို့ တိုက်ပွဲတွေ ရပ်နေတဲ့ ရခိုင်မှာ စစ်ကောင်စီနဲ့ AA ကြား တိုက်ပွဲတွေပြန်ဖြစ်လာမလားဆိုတဲ့ စိုးရိမ်ချက်တွေ ရခိုင် လူထုကြား ရှိနေပါတယ်။

ဒီလိုအချိန်မှာပဲ စစ်ကောင်စီဟာ ရခိုင်ပြည်နယ်ကနေ ထွက်ပြေးသွားတဲ့ ဘင်္ဂလားဒေ့ရှ် ရောက် ရိုဟင် ဂျာတွေကို နေရပ်ပြန်ဖို့ အောက်တိုဘာလ ၃၁ ရက်နေ့မှာ ကော့ဘဇားခရိုင်၊တက္ကနပ်မြို့မှာသွားရောက် ပြီး ဒုက္ခသည်တွေကို သွားရောက်တွေ့ဆုံဆွေးနွေးနေပါတယ်။
"ဒီဒုက္ခသည်တွေကို စည်းရုံးဖို့ မက်လုံးပေးတဲ့ သဘောလည်းဖြစ် နိုင်တယ်”
စစ်ကောင်စီ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးစောနိုင် ဦးဆောင်တဲ့ အဖွဲ့ဟာ ဘင်္ဂလား ဒေ့ရှ် ခရီးစဉ်ပထမနေ့မှာ ဒုက္ခသည် ၁၅၀ လောက်နဲ့ တွေ့ဆုံခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကုတုပါ လောင် ဒုက္ခသည် စခန်းမှာနေထိုင်တဲ့ ရိုဟင်ဂျာဒုက္ခသည် ကိုအောင်မြိုင်က ပြောပါတယ်။

“အခု ၁၅၀ လောက်နဲ့တွေ့တယ်ပြောတယ်။ သူတို့ ဒီအသုတ်ပြီးရင် နောက်အသုတ်နဲ့ လည်း တွေ့ချင် တွေ့မှာပေါ့။ သူတို့က နှစ်နိုင်ငံ စာရင်းဇယားနဲ့ တိုက်ဆိုင်စိစစ် အတည်ပြုထားတဲ့ ဒုက္ခသည် တော် တော်များများနဲ့ တွေ့မယ် ထင်တယ်။ ဒီလူတွေနဲ့ လာရောက်ညှိနှိုင်းတာပေါ့။ စကစက သူတို့ရဲ့ Plan ပေါ့။ မူလနေရာမှာ ထားမယ်ဆိုပြီး ဒီတစ်ခုတော့ အပြောင်းအလဲ လုပ်မယ်ထင်တယ်။ ဒါကလည်း သိပ် ပြီးတော့ မရိုးသားဘူး။ ဒီဒုက္ခသည်တွေကို စည်းရုံးဖို့ မက်လုံးပေးတဲ့ သဘောလည်းဖြစ်နိုင် တယ်”

ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေက လုံခြုံရေးအာမခံချက်ပေးဖို့၊ နိုင်ငံသားအခွင့်အရေးပေးဖို့၊မူလ နေရာမှာ ပြန်လည်နေရာချထားပေးဖို့၊ ဆုံးရှုံးခဲ့တဲ့ ပစ္စည်းဥစ္စာတွေကို ပြန်ပေးဖို့ စစ်ကောင်စီကိုတောင်း ဆိုထားပြီး ဒါတွေပြန်ရမှ နေရပ်ပြန်မယ်လို့ ပြောထားပါတယ်။

ရိုဟင်ဂျာများ နေရပ်ပြန်ဖို့ ဆွေးနွေးရေး ဘင်္ဂလားဒေရှ့် နယ်စပ် တက္ကနပ်မြို့သို့ ၂၀၂၃ ခုနှစ် မေလ ၂၅ ရက်နေ့က သွားရောက်ခဲ့သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ အား တွေ့ရစဉ်။ (Photo: AFP)

လက်ရှိမှာတော့ ရခိုင်ပြည်နယ်အတွင်း တစ်ကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်လာမလားဆိုတဲ့ စိုးရိမ်ချက် တွေ ရှိနေလို့ နေရပ်ပြန်ရေးက အရင်ထက် ပိုအလှမ်းဝေးနေတယ်လို့ ဘာလုခါလီဒုက္ခသည်စခန်းက ဦးကျော်မြင့် က ပြောပါတယ်။

“နိုင်ငံတကာရဲ့ ဖိအားတွေလျော့ကျအောင် ဟန်ပြသဘောမျိုးခေါ်ယူတဲ့အပေါ်မှာ အင်မတန်စိုး ရိမ်ပါ တယ်။ မြန်မာနိုင်ငံအနေနဲ့ပြောမယ်ဆိုရင် အခုက တိုက်ပွဲပေါင်းများစွာ ဖြစ်နေတာကို တွေ့ရ တယ်။ ဒီ အပေါ်မှာလည်း အင်မတန်စိုးရိမ်တယ်။ နောက် AA နဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲ ဖြစ်မလား။ အရင်ထက် အခု လတ်တလောအခြေအနေက ပိုပိုဆိုးလာမယ်လို့ ကျွန်တော်တို့ ယူဆပါ တယ်။ ဒီလို အခက်အခဲကြား၊ စိုးရိမ်ရတဲ့အနေအထားကြားမှာ စစ်ကောင်စီက ကျွန်တော်တို့ရဲ့လုံခြုံ ရေးအာမခံ ချက်မရှိဘဲ နိုင်ငံတကာရဲ့ Security မရှိဘဲ ဒီတိုင်း ပရမ်းပတာ ခေါ်ယူတဲ့လုပ်ငန်း စဉ် လုပ်လာတယ်”

အခုခရီးစဉ်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာမရှိသေးသလို စစ်ကောင် စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ဥပဒေချုပ် ဦးလှသိန်းကို RFA ဆက်သွယ်ခဲ့ပေမယ့် အကြောင်း မပြန် ပါဘူး။

ရက္ခိုင့်တပ်တော် (AA) ပါဝင်တဲ့ ၁၀၂၇ စစ်ဆင်ရေး ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖော်ဆောင်လာ ပြီး နောက်ပိုင်း ရခိုင်ပြည်နယ်အတွင်းမှာ စစ်ကောင်စီဟာ ကားဂိတ်တွေ၊ ဆိပ်ကမ်းတွေမှာ စစ်ဆေးမှုတွေ တင်းတင်းကျပ်ကျပ် ပိုလုပ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတွေက ရခိုင်မှာ တစ်ကျော့ပြန်တိုက်ပွဲတွေဖြစ်လာမလားဆိုပြီး စိုးရိမ်နေကြသလို ဆိုရှယ်မီဒီ ယာတွေမှာ ရခိုင်လူထုအချင်းချင်းကြား တိုက်ပွဲတွေဖြစ်လာနိုင်လို့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ကြဖို့ သတိပေးတာတွေလည်း ဒီရက်ပိုင်းအတွင်း များလာနေတယ်လို့ စစ်တွေမြို့ခံ တစ်ဦးက ပြောပါတယ်။

“AA က နေပြီးတော့ တခြားဧရိယာတွေမှာ ထိထိရောက်ရောက်ပါဝင်ပြီး မဟာမိတ်တွေနဲ့ စစ်ရေး လှုပ်ရှားမှုတွေ ရှိလာတဲ့အခါမှာ စစ်ကောင်စီဘက်က အထိနာနေတဲ့အလျောက် ဒေါသအရ အငြိုး တွေထားပြီး တိုက်ပွဲတွေ မဖြစ်ဖြစ်အောင် ပုံဖော်လာမယ့် အနေအထားတွေရှိလာနေမလားဆိုတဲ့ သုံးသပ်ချက်တွေရှိနေတယ်။ တချို့လိုင်းပေါ်မှာ Channel တွေကနေ တစ်ဆင့် ပြင်ဆင်မှု တွေလုပ် ထားဖို့ လှုံဆော်နေ တာတွေလည်း ကြားနေရပါတယ်”

ရိုဟင်ဂျာတွေကို လုံခြုံရေးမပေးနိုင်ဘဲ စစ်ကောင်စီက ပြန်ခေါ်ရေးတွန်းအားပေး လုပ်ဆောင်နေ တာ ဟာ နိုင်ငံတကာတရားရုံး ICJ မှာ ရင်ဆိုင်နေရတဲ့ အမှုအတွက် ဟန်ပြလုပ်ဆောင်နေတာဖြစ်တယ်လို့ ရခိုင်ဒေသခံတွေနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေက ရှုမြင်ကြပါတယ်။

“ဒီမှာနေတဲ့ ရိုဟင်ဂျာတွေလည်းရှိတယ်။ မွတ်စလင်တွေလည်းရှိတယ်။ သူတို့အတွက်တောင် ဘာမှ ကျွန်တော်တို့ စိတ်ချရတဲ့အနေအထားမရှိဘူး။ ဖြစ်လာပြီဆိုရင် ရိက္ခာဖြတ်တယ်။ ဆေးဝါးဖြတ် တယ်။ ဆက်သွယ်ရေး ဖြတ်တယ်။ အင်တာနက်လိုင်းတွေဖြတ်တယ်။ ဖုန်းလိုင်းတွေဖြတ်တယ်။ မီး တွေဖြတ်တယ်။ နည်းမျိုးစုံနဲ့ ပြည်သူကို ဒုက္ခပေးနေတာပဲ။ ဒါပေမဲ့ စစ်ကောင်စီဟာ သူတို့က သ ဘောထားကြီးတယ်။ မွတ်စလင်တွေအပေါ်မှာ ပြန်ခေါ်ချင်တဲ့ဆန္ဒလည်းရှိတယ်ကိုယ်ချင်းလည်း စာတယ်။ အဲဒီလိုမျိုး သူတို့ဘက်က ပြယုဂ်တစ်ခုအနေနဲ့ ပြနေတာ။ သူတို့မလာဘူးဆိုတာ စစ် ကောင် စီက သဘောပေါက်တယ်။ မွတ်စလင်တွေကလည်း စျေးပေါပေါနဲ့ စစ်ကောင်စီဘက်မှာ အ သုံးချခံသဘောမျိုးနဲ့ မလာဘူးဆိုတာ အထပ်ထပ်အခါခါ ဖိတ်ခေါ်ပေမယ့် မရောက်လာတဲ့ ကိစ္စက သက်သေပြနေပါတယ်”

ဝါရင့် ရခိုင်တိုင်းရင်းသားနိုင်ငံရေးသမား ဦးဖေသန်း ပြောသွားတာပါ။

၂၀၁၇ နောက်ပိုင်း မြန်မာပြည်ကနေ ထွက်ပြေးပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာဒုက္ခ သည် တစ်သန်းကျော်ရှိနေပြီး အဲဒီထဲက တစ်ထောင်ကျော်ကို ပထမအဆင့်အနေနဲ့ နှစ်နိုင်ငံအစိုးရ သဘောတူညီချက်နဲ့ နေရပ်ပြန်ခေါ်ဖို့ လုပ်ဆောင်နေတာဖြစ်ပါတယ်။

ဒါပေမဲ့ နှစ်နိုင်ငံအစိုးရအစီအစဉ်နဲ့ နေရပ်ပြန်သူ ဒီနေ့အထိ မရှိသေးပါဘူး။ ဒုက္ခသည်တွေကတော့ လူဦးရေအနည်းအကျဉ်းကို စိစစ်အတည်ပြုတာထက် ဘင်္ဂလားဒေ့ရှ်ရောက်နေသူ တစ်သန်းကျော်လုံး ကို စိစစ်အတည်ပြုပြီး ဒုက္ခသည်တွေရဲ့ တောင်းဆိုချက်တွေနဲ့ အညီ နေရပ်ပြန်ရေးလုပ်ဖို့ အာဏာပိုင် တွေထံ တောင်းဆိုမှုတွေ ရှိနေပါတယ်။
 
ဆက်နွယ်သောသတင်းများ
 

 Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */