မော်လာနာ ပီရ် မူဇာပ္ဖော်ရ် သခင်ကြီး (၁၉၂၇-၂၀၀၆)၏ ဘဝအတ္ထုပ္ပတ္ထိအကျဉ်း
ဘာသာပြန်ပြုစုသူ -လူထုဝဏ္ဏ
ဘာသာပြန်ပြုစုသူ -လူထုဝဏ္ဏ
بسم آللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيم
မပြတ်မစဲသနားကြင်နာတော်မူထသော၊ အနန္တ ကရုဏာရှင် ဖြစ်တော်မူထသော အလ္လာဟ်ရှင်မြတ်၏ နာမံတော်ဖြင့်အစပြုပါ၏။
မော်လာနာ ပီရ် မူဇာပ္ဖော်ရ် သခင်ကြီး (၁၉၂၇-၂၀၀၆)
(ခေတ္တ-မက္ကာဟ်မြို့) က ဖုန်းဖြင့် သတင်းပို့ခဲ့သည်မှာ ၂၁ ဇူလ်ဟဂျ်ဂျာဟ်လ၊ ၁၄၂၆ခု ဟိဂျရီ ( ၂၂ ဇန္နဝါရီလ၊ ၂၀၀၆)၊ တနင်္လာနေ့ အာဆွရ် နာမာဇ်အပြီးတွင် မူဆလင် ကမ္ဘာ၏ မှတ်တိုင်ကြီး၊ ဟဇရသ် မော်လနာ ဟူစိန်းအဟ်မတ် မဒ်နီ၏ နောက်ဆုံး ခလီဖွာ တပည့်တော်၊ ဒါရုလ်အုလုမ် ဒီယောဗောန်တက္ကသိုလ် ဆင်း၊ ဂျာမီယာ ရီယာဒုလ် အုလုမ် တက္ကသိုလ်၊ ဘူးသီးတောင်၏ အုပ်ချုပ်ရေးမှူး၊ မြန်မာပြည် ဟဒီးစ် ပါမောက ္ခချုပ်၊ မြန်မာပြည် အာလင်မ် ပညာရှင်တို့၏ ရှေ့ဆောင် မီးရှုးတိုင်သည် ကြွေလင့်သွားပါပြီ။ "انا لله وانا اليه راجعون" အိန္နာ လိလ္လာဟိ ဝအိန္နာ အီလိုက်ဟိ ရာဂျေအူန်။
မစ်ဂျီဒေ့ ဟေရာမ်တော်တွင် နောက်ဆုံး နုမားဇ်ဇေ့ ဂျနာဇာ ဝတ်ပြုခဲ့ပြီးနောက် ဂျန္နာသေ မာအ်လာ တစပြင်၌ ဒဖွနာဟ် သင်္ဂြ်ူဟ် မြေချခဲ့သည်။
ပီရ်ဆာပ် သူတော်စင်ကြီးသည် မြန်မာပြည်တွင် ပီရ်ဘွဲ့ဂုဏ်ဖြင့် ကျော်ကြား ခဲ့သည်။ နှစ်တိုင်းနီးပါး မက္ကာဟ် ရွှေမြို့ တော်သို့ ဟဂျ်ပြုရန် ရောက်လာတတ်သည်။ ဟဂျ်နှင့် အုမ်ရဟ်ကျင့်ဝတ်များကို ကျေပွန်ပြီး မိမိ ဌာနေ သို့ပြန်လေ့ ရှိ သည်။ ဤနှစ်လည်း ဟဂျ်ပြုရန် ရောက်လာပြီး ကာဗာဟ်ကျောင်းတော်အား နောက်ဆုံး သွာဖ် လည်ပတ် ဝတ်ပြုခြင်း အပြီး တွင် ဟေရာမ်အိမ်တော်အတွင်း၌ပင် ကျန်းမာရေးအခြေအနေ ဆိုးဝါးလာခဲ့သော အခါ ချက်ချင်း ဆေး ရုံတင်ခဲ့ရာ ဆေးရုံ၌ ကွယ်လွန်သွား ရှာလေသည်။" ပီရ်ဆာပ် သခင်၏ လမ်းညွှန်းတော်၊ ပရမတ်လမ်းစဉ်၊ အစွမ်း ကောင်း ဆေးကူသမှုနှင့် ကူညီစောင့်မမှုစသည် တို့သည် အာရ်ခါန် ပြည်သူပြည်သား များက အစားမထိုးနိုင်အောင် ဆုံး ရှူံးခဲ့ရ လေသည်။
ပီရ်ဆာပ်သခင်သည် ဂုဏ်ပြုချီးကျူးထိုက် ပုဂ္ဂိုလ်မွန်ဖြစ်သည့် အားလျော်စွာ မိမိအမျိုးနှင့် အမိမြေ အတွက် ပညာအစွမ်းဖြင့် သော်လည်းကောင်း၊ ဆေးပညာအစွမ်းဖြင့် သော်လည်းကောင်း များစွာ အကျိုးဆောင် ခဲ့ သည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်မှာလည်း စောဒက တက်ဖွယ်မရှိပါ။ ဤ မွန်မြတ်သော အချက်များကြောင့်မြန်မာ နိူင်ငံရှိ မွတ်ဆ လင်များအပြင် ဗုဒ္ဓဘာသာဝင်များ စသော ဘာသာခြားပုဂ္ဂိုလ်များကပင် ပီရ်ဆာပ်သခင်ကို အ တိုင်းထက် အလွန် ချစ်ခင် မြတ်နိုးခဲ့ကြသည်။ ပီရ်ဆာပ်သခင်၏ ဂုဏ်တော်မြတ်ကို ဟစ်အော်ကြော်ငြာ ခဲ့ကြ သည်။
ပညာရှင်များက တစ်ညီတညွတ်တည်း သဘောတူသည်မှာ ပီရ်ဆာပ် သခင် သည် ဟဒီးစ် ပါမောက္ခ၊ နိုင်ငံရေး အတွေး အမြင် ကျွမ်းကျင်သူ၊ မိမိပညာစွမ်းဖြင့် ရောဂါ ဘယအမျိုးမျိုး ပျက်ကင်းကူးသပေးနိုင်သူလည်းဖြစ်၊ဟ ဇရသ် မဒ်နီ (ရဟမသွ) သခင်၏ နောက်ဆုံးခန့် ခလီဖွာ ကိုယ်စားလှယ်လည်းဖြစ်၊ စာပေသင်ပြမှုတွင်နိုင်တက် စွာ ရှင်းလင်း နိုင်စွမ်း လည်း ရှိသူ၊ အဖိနိုပ်ခံ ပြည်သူအတွက် ကိုယ်ကျိုးစွန့် ရှေ့ဦးမှ ရပ်တည်သူ၊ ဒီယော ဗောန္ဒီ ကျင့်စဉ်ကို ကိုယ်နှင့် မကွာ ဆောင် ထားသူ၊ အကျင့်စာရိတ္တကောင်း၏ စံပြုထိုက် ပုဂ္ဂိုလ်လည်းဖြစ်၊ စသည့် ဘွဲ့ထူးဂုဏ်ထူးများဖြင့် ကုံလုံလျက် ရှိပါသည်။ ဤ သို့သော် ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မွန်တို့သည် ကမ္ဘာ့ မြေ ပြင်တွင် ရာစုနှစ်များမက ကျော်လွှားပြီးမှ တစ်ဦး တစ်ပါးလောက်သာ ပေါ်ထွန်းလာခြင်းဖြစ်သည်။
စာရေးဆရာမူဟမ္မဒ်ဆီဒ္ဒီခ်နှင့် ပီရ်ဆာပ်တွေ့ဆုံခြင်း
ဆရာကြီး မူဟာမ္မဒ် ဆီဒ္ဒီခ်သည် ၁၉၉၈ ခုနှစ်၊ ဒီဇင်ဘာလတွင် မက္ကာဟ်ရွှေမြို့တော်သို့ဟဂျ်ပြုရန် သွားခဲ့သော အခါ ပီရ်ဆာပ်သခင်နှင့် တွေ့ဆုံခွင့်ရခဲ့လေသည်။ သခင်နှင့် တွေ့ဆုံ ပြီး ကွဲခွာချိန်တွင် သခင်က “အကယ်၍ အချိန်ရလျှင် အဆွာရ်နှင့် မဂ်ရိဗ် အချိန်အကြား ငါ၏ အနားတွင် ခစားကြပါ" ဟု မှာတော်မူခဲ့ သည်။ “ကျွန်တော်လည်း (၂)လ တိုင်တိုင် သခင်ကြီး ထံခစား၍ ဘော်ရ်ကောတ် မင်္ဂလာတော်များ၊ ဂုဏ်မြတ် တော်၏ ထုံးအနံ့အမွှေးများ ရယူခဲ့ သည်။"
ထိုသို့ ခစားရာ သုံးရက်နေ့တွင် သခင်ကြီးက “အကယ်၍ သင့်တော်လျှင် ကျွနု်ပ် ထံမှ ဗိုင်အိုက်သ် ပဋ္ဋိညာဉ် ခံယူခြင်း ပြုလိုက်ပါလေ"ဟု မိန့်ခဲ့သည်။ ဆရာကြီးက ဟဇရသ် မော်လနာ အရှ်ရောဖ်အာလီ၏ နောက်ဆုံး ခလီဖွာဟ် ရှားဟ် မော်လာနာ အဘရူလ်ဟောခ် ဟာရ်ဒူအီ (၁၉၂၀-၂၀၀၅)(ရဟမသွ) ထံမှ ဗိုင်အက်သ် ပြုခဲ့ ကြောင်း ပြောပြခဲ့ သည်။ ထိုအခါ သခင်ကြီးက ဘာမှ စိုးရိမ်စရာမရှိပါဘူး။ ထို ဗိုင်အက်သ်သည် ‘အေဆ်လာ' နိုးဆော်ခြင်းဖြစ် ပြီး၊ ယခုမှာ ‘သဘာ ရခ်' မင်္ဂလာ အဖတ်တင်ဖြစ်သည်။ ဗိုင်အက်သ်ပြုပြီး သုံးရက်နေ့တွင် သခင်၏ ရွှေလက်တော်ဖြင့် ထောက်ခံ ချက် လက်မှတ်တစ်စောင်ကို ရေးကာ ဆရာကြီးအား ချီးမြှောက်ခဲ့ သည်။ ၎င်း၏ မိတ္တူကို တင်ပြပေးပါသည်။
ပုံ (၁) ဆရာကြီး မူဟမ္မဒ် ဆီဒ္ဒီခ်အား ပီရ်ဆာပ်က မိမိလက်ရေးဖြင့် ချီးမြှောက်သည့် လက်မှတ်။
ဆရာကြီးသည် ပီရ်ဆာပ်သခင်နှင့်အတူ ကုန်ဆုံးစေခဲ့သော ၂လသည် သူ့ဘဝ ၏ အဖိုး မဖြတ်နိုင်သော တန် ဖိုးအရှိဆုံး အချိန်ဖြစ်သည်ဟု ရေးသားဖော်ပြခဲ့သည်။ ထို အတော်အတွင်း ပီရ်သခင်၏ ဘဝ အတ္တုပ္ပတ္တိကို ပြု စုနိုင် ခဲ့ခြင်း ဖြစ်သည်။ မူကြမ်းကို ပီရ် သခင်အား ပြသသောအခါ ထပ်မံ တည်းဖြတ်ပေး ခဲ့သည်။ ဘဝအကျဉ်း ချုပ်၏ အချို့အပိုင်းသည် ‘မရှာအေရေ အာရ်ခါန် ဗမာ' “مشاهير اركان برما” အာရ်ခါန်ပြည်၏ ထူးချွန် ထင် ရှား ပုဂ္ဂိုလ်များ စာအုပ်တွင် ဖော်ပြထားပါသည်။
ပီရ်ဆာပ်သခင်သည် ငြိမ်ဆိတ် တည်ငြိမ်စွာ နေတတ်ပြီး ဆံပင်ရှည်ထားလေ့ ရှိသည်။ မေးမြန်းသော အခါ ပီရ် သခင်က ဆံပင် ရှည်သည် များသောအားဖြင့် မူဂျာဟစ်များ ထားလေ့ရှိသည်။ ကျွနု်ပ်သည် ဂျီဟာဒ် ဘီလ် ဆိုက်(ဖ်) “جهار بالسيف" (လက်နက် ကိရိယာ ဖြင့် အလ္လာဟ်လမ်း ထွက်ခြင်း) ပြုရန် အခွင့်ကောင်းမရ ခဲ့ ချေ။ ထို မူဂျာဟစ်တို့၏ ရုပ်တူပုံတူ ဆင်ပြီး စဝါဘ်အကျိုး ရရှိရန်သာ ရည်စူး ထားခြင်းဖြစ်သည်ဟု ဖြေခဲ့ သည်။
တစ်ခါက သခင်ကြီး မိန့်ဆိုသည်မှာ မည်သည့် အလုပ်ကိုမဆို မလုပ်မီ အချို့ အချက်များကို စုံစမ်း၍ စိတ်ချ ရသင့်သည်။ ၎င်း အလုပ်သည် ရှရီယာတ် တရားတော်၊ တမန် တော်မြတ် လမ်းစဉ်နှင့် ကိုက်ညီသလော့။ သို့ တည်းမဟုတ် ဖီဆန်လွဲဖယ်နေ သလော့။ အကယ်၍ ယင်းသည် ရှရီယာတ် တရားတော်၊ တမန်တော်မြတ် လမ်းစဉ်နှင့် ကိုက် ညီလျှင် တည်မြဲစွာ ဆုပ် ကိုင်ထားရမည်။ မည်သည့် ဝေဖန်ချက်များဖြင့် ယင်းကို စွန့်လွတ် ခြင်းမပြုရ။ ( الاستقامة فوق الكرامة ) တည်မြဲစွာ ရပ်တည်နေခြင်း သည် ဂုဏ် တန်ခိုးတော်၏ အ ထက် နေရာဖြစ်သည်။
အလုပ်ကိစ္စတိုင်းတွင် ရှရီယာတ်တရားတော်၏ အကျိုး၊ တမန်တော်မြတ် လမ်းစဉ်နှင့် အလ္လာဟ်ရှင်မြတ် အား ကျေနပ်စေမှုတို့ ပါဝင်စေရမည်။ ထို့ပြင် အသင်တို့၏ မာစ်အလာ အမှုကိစ္စများသည်လည်း သူဟာသူ ပြေ လည် သွားပါမည်။ အကြင် သူသည် မိမိအကျိုးကို ရှေ့သွင်းထားလျှင် အောင်မြင်မှုမှ လက်လွှဲရပါမည်။ " ပီရ် သခင်၏ မိန့်ဆို ချက် အသီးသီးကို ဖော်ပြပါမည်ဆိုလျှင် သီးခြားစာအုပ်တစ်အုပ် ပြုစုရမည်ဖြစ်ပါသည်။
ကရီမ် သူတော်စင်၏ နိမိတ်တော် နှင့် ဖွားတော်မူခန်း
ကျောက်တော်မြို့၊ ဘဟားရ်ကျေးရွာ (ခ) အာလီကျွန်း၏ တောင်ဘက်တွင် မော်လနာ အဗ္ဗ ဒုလ် ဂေါ်ဖုရ်၏ ပလီဝတ်ပြု ကျောင်းတော် တစ်ခုရှိသည်။ ဂါဘီ မစီးတ် အမည် ဖြင့်ကျော်စောသည်။ မော်လနာ ဟာဘီဘုလ္လာ (ပေါက် တော)က ‘ဒါစ်တာန်နေ အာရ်ခါန်' “داستان اركان" (ခေါ်) အာရ်ခါန်ပြည်၏ သမိုင်း ဇာတ်လမ်း စာ အုပ်တွင် ဖော်ပြထားသည် မှာ ၁၉၄၂ လူမျိုးရေးအဓိဂရုဏ်းကြောင့် ၎င်းရွာမှ ရွာသူရွာသား အားလုံး တိမ်းရှောင်သွားခဲ့ရ သည်။ နို့ပေမဲ့ ထိုဝတ်ပြု ကျောင်းတော်မှ အာဇာန် ဖိတ်သံ ကြားရလေ့ရှိသည်။
တစ်နေ့သောအခါ မီးကျောင်းဈေးရွာနေ ဟာဂျီ ဖော်ဇော်လုရ် ရာဟာမာန် သည် ဂါဘီပ လီတွင် မဂ်ရိဗ် နုမားဇ် ဝတ်ပြုပြီး အပြန်တွင် ကရီမ် သူတော်စင်နှင့် မမျှော်လင့်ဘဲ တိုက်တိုက်ဆိုင်ဆိုင် တွေ့ ဆုံခဲ့ရ သည်။ ကရီမ် သူတော်စင် (ရဟမသွ) သည် လာဝါတောင် (လက်ဝဲ ဒက်)၊ တပ်မင်းချောင်းကျေး ရွာ အုပ်စု၊ ဘူးသီးတောင် ဇာတိဖြစ်သည်။ အလွန်တန်းခိုး ဗြာဋ္ဋိတ် ထင်ရှားသော သူတော်စင်(ဝလီ) တစ်ပါးဖြစ် ပါသည်။ ၁၉၄၂ ခုနှစ် လူမျိုးရေး အဓိဂ ရုဏ်းတွင် အစွန်းရောက် ရခိုင်တို့၏ သတ်ဖြတ်မှုကို ရက်ရက် စက်စက် ခံရလေသည်။ "သည် မှာ ဘယ်နှစ်ရက်နေမှာလဲ" ဟု သူတော်စင်က ရုတ်တရက် မေးမြန်းခဲ့သည်။ ဟာဂျီက တစ်လ လောက် နေပါမယ် ဟု ဖြေခဲ့သည်။ သူတော်စင်က ပြန်ပြောသည်မှာ ခင်ဗျား အမြန်ဆုံး အိမ် သို့ပြန် သွားလော့။ ရဗီအုလ် အင်ဝါလ်လတွင် အသင့် အိမ်၌ သားကောင်း ရတနာ ပန်းပွင့်တစ် ပွင့် ပူးပွင့်လာမည်။ ထိုသူသည် အင်မတန် ဘုန်းတော်ကြွယ်ဝပြီး မိမိပညာစွမ်း ဖြင့် ကျော်စော ထင်ရှားမည့် ပညာရှင်တစ်ပါးဖြစ် လာမည်။ ဟာဂျီက သူတော်စင်စကားကို ခုပြော ခုမေ့လေ သည်။ ရက် တစ်ရက် နှစ်ရက်ကြာပြီးနောက် ဟာ ဂျီကို ဈေး၌ လျှောက်ပတ်နေသည်ကို မြင် သော အခါ သူတော်စင်က “သင် ယခုထက် ထိ မပြန်သေးဘူး လား"ဟု ပြောခဲ့သည်။ ထိုအခါ ဟာဂျီက သူတော်စင်စကားသည် တစ်ခုသော အနှစ်သာရ ရှိရမည်ဟု တွေး ကာ မိမိ နေရပ်သို့ ထွက်ခွာလာလေသည်။
သူတော်စင်၏ နိမိတ်ပြချက်နှင့်အညီ ရဗီအုလ် အင်ဝါလ် ၁ရက်၊ ၁၃၄၆ ခုနှစ်၊ (ခရစ်နှစ်၊ ၁၉၂၇ခု နှစ်၊ အောက် တိုဘာလ ၂၉ ရက်၊) တနင်္လာနေ့ နံနက် ၄ နာရီအချိန်ခန့်တွင် ဟာဂျီ၏ အိမ်တော်၌ ရတနာသားတော်တစ်ပါး ဖွားမြင်သန့်စင်ခဲ့သည်။နောက်တွင် မော်လနာ ပီရ် မုဇာပ္ဖော်ရ် သခင် အမည်ဖြင့် ကျော်ကြားလာခဲ့သည်။
ပီရ်သခင်၏ ပညာဆည်းပူးမှုခရီး
၁၉၃၄ ခုတွင် ပီရ်ဆာပ်သခင်သည် မီးကျောင်းဈေး အာရဗီ မူကြိုကျောင်းမှ ကုရ်အာန် နာဇေ ရာ သင်ယူပြီး နောက် ဖွီမာလီကျေးရွာရှိ အုရ်ဒူ အလယ်တန်း (အဘူလ် ဘော်ရှော်ရ် ဘီအေက တည်ထောင် ခဲ့သည်) ကျောင်းတွင် ဆက်လက် ပညာ ဆည်းပူးခဲ့ သည်။ ၁၉၃၉ ခုနှစ်အထိ ထို ကျောင်း တွင် အူရ်ဒူဘာ သာ၊ အင်္ဂလိပ်ဘာသာ စသော ဘာသာရပ်များကို သင်ယူခဲ့သည်။ ၁၉၄၀ ပြည့်နှစ်တွင် ဖုန္ဒူပြင် (ခ) ဖောင် တော်ပြင် မဒရဆာဟ်ကျောင်း၌ တက်ရောက် ပညာသင်ခဲ့သည်။ ၁၉၄၄ ခုထိ အဆိုပါ ကျောင်းတွင် အထက် တန်းပြ ဆရာ မော်လနာ မူဟာမတ် အဟ်မတ်နှင့် အခြားဆရာများထံမှ အာရဗီ စာပေနှင့် အီစ္စလာမ် ဘာသာ ရေး စာပေကျမ်းဂန်များ သင်ယူ တတ်မြောက်ခဲ့သည်။အာရဗီ စာပေနှင့် အီစ္စလာမ် ဘာသာ ရေး စာပေကျမ်းဂန်များ သင်ယူ တတ်မြောက်ခဲ့သည်။
၁၉၄၅ ခုတွင် ပီရ်သခင်သည် ဒါရုလ်အူလုမ် တောင်ဘာဇား၌ တက်ရောက်ပြီး (၂)နှစ်တိုင်တိုင် ပညာ ဆက် လက် သင်ယူခဲ့သည်။ ဒါရုလ်အူလုမ် တောင်ဘာဇား၏ ဆရာမြတ်များမှာ မုဖ်သီ မူဟာမတ် ဟူ စိန်း (တောင်ဘာဇား)၊ မော်လနာ နော်ဂျူမူဒ္ဒိန်း (ဘူးသီးတောင်) စသည့်ဖြင့်။ ၁၉၄၇ ခု၊ ဇွန်လတွင် ပီရ်သခင် သည် အဆင့်မြင့် ပညာ သင်ယူရန် အိန္ဒိယ နိုင်ငံသို့ ပညာတော်သင် သွားရောက်ခဲ့သည်။ ဩဂုတ်လတွင် အာ ရှတိုက်၏ အီစ္စလာမ် သာသနာ့ ပညာဘဏ် တိုက်ဟု ခေါ်ထိုက်သော ဒါရုလ်အုလုမ် ဒီယောဗော်န် တက္ကသိုလ် တွင် ကျောင်းဝင်ပြီး ပညာ သင်ခဲ့ရာ ၁၉၅၂ ခု၊ ဧပြီလ တွင် ဒိုရာ ဟဒီးစ် အောင်မြင်ကာ ဟဒီးစ်အဓိက ဖြင့် ဘွဲ့ ရရှိခဲ့သည်။
ဒိုဝ်ရာ ဟဒီးစ်တန်း သင်နေသည့်နှစ်တွင် မော်လာနာ ဆွေယာဒ်ဟူစိန်း အဟ်မတ် မဒ်နီနှင့် တွေ့ဆုံခွင့် ရလေ သည်။ ပီရ်ဆာပ် သခင်က ပြောဆိုခဲ့သည်မှာ- “မဒ်နီ သခင်က အတန်း၌ စာပြနေချိန်တွင် ဤသို့ မိန့်ဆိုဖူး သည်။ ကျောင်း သား အများစုသည် ဒိုရာ ဟာဒီစ်တန်း အောင်မြင်နိုင်သည်နှင့် ပညာရှင်ဖြစ်ပြီဟု ထင်မှတ်ကြ သည်။ အမှန်မှာ တစ်စုံ တစ်ဦးသော အလ္လာဟ့်ဝလီ သို့မဟုတ် သူတော်စင်တစ်ပါးထံ ချဉ်းကပ်နီးရင်းပြီး မိမိ ကိုယ်နှင့် စိတ်ကို မနိုးဆော်နေသရွေ့ ကာလပတ်လုံး အကြင်သူသည် ပြည့်စုံကုံလုံသော အာလင်မ် ပညာရှင် မမြောက်သေးချေ။" ထိုဩဝါဒသည် ပီရ်သခင်၏ စိတ်ဘဝင်ကို လှုံဆော်ပေးခဲ့ သည်။ ရည်မှန်းချက်ကို ပြောင်း လဲ ပးခဲ့သည်။ ပီရ်ဆာပ် သခင် သည် ဟဇရသ် မဒ်နီထံ ကျိုးနွံ စွာ နီးရင်းလျက် ပီရ်ပညာရပ်ကို ၁၉၅၇ ခုနှစ်ထိ သင်ယူခဲ့သည်။ ၎င်းနှစ်တွင် မဒ်နီသခင်က ခလာဖွာသ်လက်မှတ် ချီးမြင့်ခဲသည်။
ဘွဲ့ရပြီးနောက် ပီရ်သခင်သည် ၁၉၅၇ ခု ဖေဖော်ဝါရီလတွင် မိမိ၏ လူမျိုး အကျိုး၊ တိုင်းပြည်အကျိုးကို သယ် ပိုး ရန် ချက်ကြွေဌာနီသို့ ပြန်လာခဲ့သည်။ သခင်၏ ဆရာ မြတ်အချို့မှာ ဟဇရသ် မဒ်နီသခင် (ရဟမသွ)၊ မော် လနာ အေဇာဇ်အာလီ (ရဟမသွ)၊ မော်လနာ ဆွေယဒ် အစ်ဂေါ်ရ် ဟူစိန်းမျာသခင် (ရဟမသွ)၊ မော်လနာ ဘော်ရှီရ် အဟ်မတ် နှင့် မော်လနာ အဗ္ဗဒုလ် ဝါဟာတ် စသည်တို့ဖြစ်သည်။
ပီရ်ဆာပ်သခင်၏ ဘဝတစ်ခုလုံးသည် အလ္လာဟ်နှင့် အလ္လာဟ့်ရဆုလ်၏ မိန့်ဆို လမ်း ညွှန်းချက်များ သင်ကြားပေးရင်း ကုန်ဆုံးစေခဲ့သည်။ ဟဒီးစ်နှင့် ဖေကာဟ် သင် ပြမှုနှင့် အတူ ပရမတ်လမ်းစဉ် ( ပီရ် လမ်းစဉ်) ကိုလည်းပဲ သင်ပြပေးခဲ့သည်။ အာရ်ခါန်ပြည် ၏ အာလင်မ်ပညာရှင်များသည် ပညာနယ်ပယ် တွင် မွေ့လျော်နေခဲ့သည်။ သို့သော် ဂျီဟာဒ်၊ နိုင်ငံရေးနှင့် ဗိုင်အက်သ်တွင်မူ အခွင့်ကောင်းမရခဲ့၍ သော် လည်း ကောင်း၊ သို့မဟုတ် ဦးစား ပေးမှုလျော့နည်း၍ သော်လည်းကောင်း လျစ်လျူရှုခဲ့သည်။ အလ်ဟမ်ဒူ လိ လ္လာဟ်၊ ပီရ်ဆာပ် သခင်ကမူ နယ်ပယ်အမျိုးမျိုးတွင် ဆန်းသစ် ခြေချဆောင်ရွက်ခဲ့သည်။
ပီရ်သခင်၏ ဆောင်ရွက်မှုအချို့
အောက်တွင် ပီရ်သခင်၏ ချီးကျူးမကုန်သော လုပ်ငန်းကိုင်တွယ်ဆောင်ရွက်မှုအချို့ကို ဖော်ပြသွားမည် ဖြစ် သည်။
(၁) ၁၉၇၁ခု တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ဒိန်းသာသနာစောင့်ရှောက်ရေးကို ရည်ရွယ် ၍ အိုလမာများ ညီညွတ် ပေါင်းစည်းကာ ဘာသာရေးအဖွဲ့အစည်းတစ်ခု ထူထောင်ခဲ့သည်။ အဖွဲ့ဥက္ကဋ္ဌမှာ ဘင်္ဂလားဒေ့ရှ် ခါသီဖ်ချုပ်၊ ပတ္ထီယာ အာရဗီ တက္ကသိုလ် မူဟဒ္ဒီးစ်ဟောင်း မော်လနာ အဟ်မတ် ဆီဒ္ဒီခ်ဖြစ်သည်။ နာယကမှာ ဘင်္ဂလားဒေ့ရှ် မုဖ်သီချုပ် ၊ မဒ်ရာဆာ ဟေမားယောတုလ် အီစ္စလာမ် ဘင်္ဂလားဒေ့ရှ်၏ ဟာဒီးစ် ပါမောက္ခ မော် လနာ မူဟာမ္မဒ် ယူဆူဖ် (ဘ) မော်လနာ အဗ္ဗဒုလ် ဟာမီတ် ဖတေအာဘာဒီ ဖြစ်သည်။ မော်လနာ မူဟာမ္မဒ် အီဒီရီစ်၊ အဟ်မဒီယာ အာရဗီတက္ကသိုလ် အုပ်ချုပ်ရေးမှူးမှာ အထွေထွေ အတွင်းရေးမှူး ဖြစ် သည်။ ပီရ်သခင် သည် ဗဟိုကောင်စီ ဌာနေ ဥက္ကဋ္ဌ ဖြစ်သည်။ အဖွဲ့အစည်း၏ အမည်မှာ “ဟုဒ္ဒါမုလ် အီစ္စလာမ်" (خدام الاسلام)တွင်ခဲ့သည်။ နောက်တွင် အဖွဲ့ကို ထူထောင်သူ မော်လနာ ယူဆုဖ်မှာ ဟေမားယတုလ် အီစ္စလာမ် တက္ကသိုလ်မှ ဖြစ်သော ကြောင့် “ဟေမား ယတုလ် အီစ္စလာမ်" (حمايةالاسلام) အမည်ဖြင့် ကျော်ကြား လာခဲ့သည်။
၁၉၇၄ ခုနှစ်ခန့်တွင် မြန်မာနိုင်ငံ တပ်မတော်အစိုးရသည် ဘာသာရေး အဖွဲ့ အစည်းဖြစ်သော ဟေမားယတုလ် အီစ္စလာမ်ကို အကြမ်းဖက်အဖွဲ့အစည်းဟု စွပ်စွဲကာ အဖွဲ့ဝင်ဟု သံသယဖြစ်သော အာလေမ် ပညာရှင် ၁၂၂ ဦးကို ဖမ်းဆီးရန် ဝါရန်ထုတ်ခဲ့ သည်။ ထိုပုဂ္ဂိုလ်များအနက် ၄ ဦးကို (Shoot at sight) မြင်ချင်းသေနတ် ပစ်ရန် အမိန့်ပေး ခဲ့သည်။ ထို ၄ ဦးစာရင်းတွင် ပီရ်သခင်နှင့်အတူ၊ မော်လနာ အီဒီရီစ် (ရဟမသွ)နှင့် မော်လနာ မူဟာမ္မဒ် ဇော်ကရီယာ (ရဟမသွ)တို့၏ အမည်စာရင်း ပါဝင်ခဲ့သည်။ နောက်ဆုံး တွင် တပ်မ တော် အစိုးရသည် ဟေမားယတုလ် အီစ္စလာမ်သည် ဘာသာရေး အဖွဲ့အစည်းသာ ဖြစ် ကြောင်း၊ အကြမ်းဖက် အဖွဲ့အစည်း မဟုတ်ကြောင်း စုံးစမ်းသိရှိသောအခါ ငြိမ်းအေး သွားခဲ့ သည်။ သို့သော် ထိုစုံစမ်း စစ်ဆေးမှုတွင် များစွာသော သာသနာ့ ပညာရှင်က တပ်မတော် အစိုးရ၏ ရက်စက်မှုကို ခံခဲ့ရလေသည်။
(၂) ၁၉၇၇ ခုတွင် အာရ်ခါန်ပြည် အိုလုမာပညာရှင်များက “ဟေ့လာဖော်တ် ကော်မတီ" အမည်ဖြင့် အဖွဲ့ တစ် ဖွဲ့ ဖွဲ့စည်းခဲ့သည်။ ပီရ်သခင်ကို ဗဟိုကော်မတီ ဥက္ကဌအဖြစ် တင်မြောက်ခဲ့သည်။ ထို့အပြင် “ဟလီဖတုလ် မုစ် လီမီန်" (خليفة المسلمين) ဘွဲ့ကိုလည်း ချီးမြှင့်ခြင်းခံခဲ့ရသည်။ ထို အဖွဲ့ နှစ်ဖွဲ့ကို ဦးပဲ့ကိုင်ရင်း မိမိအ မျိုး၊ မိမိ တိုင်းပြည်အတွက် များစွာသော အကျိုးကျေးဇူးများပြုခဲ့သည်။ အဆိုပါ အဖွဲ့နှစ်ဖွဲ့ ၏ သမိုင်းအသေး စိတ်ကို “ မုန်ဇမာအ်သေ မူစ်လီမာနာနေ အာရ်ခါန် ဗမာပြည်" (منظمات مسلمانان اركان برما) စာအုပ် တွင် ဖော်ပြထားပါသည်။
(၃) ဘူးသီးတောင်မြို့နယ်၊ မီင်ဂေဆီရွာ၊ ဆော်ရ်ဖာရာ၌ အာရဗီစာသင် ကျောင်း တစ်ကျောင်း ရှိခဲ့သည်။ ထို ကျောင်းကို ၁၉၅၇ ခုနှစ်တွင် ဖွင့်လှစ် ထူထောင်ခဲ့သည်။ ၁၉၇၂ ခုမှစ၍ ထိုကျောင်း၏ အုပ်ချုပ်ရေးမှူးနှင့် အေ ထွထွေ အတွင်းရေးမှူး တာဝန်ကို ပီရ်ဆာပ်သခင် က မလဲမယိုင် ထမ်းဆောင်ခဲ့သည်။ ကျောင်းကို အချိန် တို အတွင်း အမြင့်မား ဆုံးသော အောင်မြင်မှုများပေးခဲ့သည်။ မယုံနိုင်လောက်အောင်ဖွံ့ဖြိုးတိုးတက်စေ ခဲ့သည်။ ကျောင်း၏ အမည်ကိုလည်း ‘ဂျာမီယာ ရီယာဒုလ် အုလုမ်၊ ဘူးသီးတောင်' အဖြစ် ပြောင်းလဲပေးခဲ့သည်။ ကျောင်းသားကျောင်းသူများကို ကျောင်း ပညာသင်ပြမှုအပြင် စာရေးအကျင့်၊ လက်မှုပညာ များကိုလည်း သင် ပြေ ပးခဲ့သည်။
ထို့အတွက်ကြောင့် ပီရ်သခင်၏ ကျောင်းသည် ယနေ့ ထိပ် တန်းစာရင်းတွင် ပါဝင်လာခြင်းဖြစ် သည်။ ထို ကျောင်း တွင် အထက်တန်း အဆင့် ဒိုရာအေ ဟဒီးစ်တန်းအထိ သင်ပြသည်။ ဗုခါရီကျမ်းတော် နှင့် သီရ်မီဒီ ကျမ်းကို ပီရ်သခင်ကိုယ်တိုင် သင်ပြခဲ့သည်။ ထို့ အပြင် အမျိုးသမီး ပညာရေး မြှင့်တင်ပေးရန် မိန်းကလေး ကုရ်အာန် အာဂုံဆောင် ကျောင်း တစ်ကျောင်းလည်း ဖွင့်လှစ်ခဲ့သည်။ ဘဝ၏ နောက်ဆုံး အချိန်အထိ ကြီး ကျယ်မြင့် မြတ်သော ကျမ်းတော်များကို သင်ပြ ခွင့်ရခဲ့လေသည်။
(၄) ပီရ်သခင်သည် မိမိ၏ အားမလပ်သော သက်တော်အတွင်း စာအုပ်နှစ်ကို လည်း ရေးသားပြုစုခဲ့သည်။
(က) ဂျလာအုလ် ကုလုပ် (جلاءالقلوب)၊ စာမျက်နှာပေါင်း ၁၅၇ မျက်နှာရှိသည်။ ၎င်းကို ဆိုက်ဒူ တွာယေဖာ ဟာဂျီ အေမ်ဒါဒ်အုလ္လာ မူဟာဂျီရ် မကီ (ရဟမသွ) (سيد الطائفه حاجي امدادالله مهاجر مكي) ကေ ရးသား ခဲ့သော “ ဒီယာအုလ် ကုလုပ်" (ضياءالقلوب) နှလုံးသား အလင်း စာအုပ်ကို မှီငြမ်းပြုစုခြင်းဖြစ် သည်။ စာအုပ်သည် ပီရ် ပရမတ်လမ်းစဉ်၏ ပင်မ အချက်နှင့် အရေးပါသည့် ကဏ္ဍများနှင့် လမ်းညွှန်းဆွေးနွေး ချက်များ ကို တင်ပြပြုစု ထားခြင်း ဖြစ်သည်။ စူဖွီသူတော်စင်များအတွက် မဖြစ်မနေလိုအပ်သည့် စာအုပ် ကောင်း တစ်အုပ်လည်း ဖြစ်သည်။
(ခ) “အီချ်ကော အဟ်လိယာံ ဗောရ်မာ" (اشك اهليان برما)စာအုပ်ဖြစ်သည်။ အဓိပ္ပာယ်မှာ (မြန်မာနိုင်ငံ၏ ချစ်တိုင်းရင်းသား မျိုး နွယ်စုများ)ဖြစ်သည်။ အာခါန်ပြည်သား အပေါ် ကျူးလွန်ခဲ့သော ဖိနှိပ်ချုပ်ချယ် ရက် စက်မှုများကို အသေးစိတ် ဂဃနဏ ဖော်ပြရေး သားထားခြင်းဖြစ်ပါသည်။ ဤသည်မှာ မိမိအမျိုး နောင်လာ နောင်သားတွေအတွက် အဖိုး မဖြတ်နိုင်သော စာပေ အမြူတေ သမိုင်း လက်ရာတစ်ခုဖြစ်ပေသည်။ ထိုစာ အုပ်များ၏ အရသာဂုဏ်တော်နံ့ကို စာရေးဆရာကြီး မူဟာမတ်ကာဆိမ်၏ “အေချ်ကော မုဆုလ်မာန် အာရ်ခါန် ဗာရ်မာ" အာရ်ခါန်ပြည်၏ ချစ်မွတ်စလမ် စာအုပ်မှလည်း တစိတ်တဒေသ ရရှိနိုင် သည်။ ယခုဆရာ ကြီးရေး ခဲ့သော စာအုပ် အမည်ကိုလည်း ပီရ်ဆာပ်သခင် ကိုယ်တိုင် ရွေးချယ်တပ်ပေးခြင်း ဖြစ် သည်။
(၅) ဗိုင်အက်သ် ခရီး
တစ်ဘက်က ပီရ်ဆာပ်သခင်သည် မိမိ၏ ပညာဂုဏ်အစွမ်းကြောင့် သာသနာ့ ပညာရှင်အဖြစ် သာသနာ့ညီ နောင်တို့ ရှေ့ဆောင်တန်ဆောင်ဖြစ်နေပြီး တစ်ခြားဘက်က အိုလုမာပညာရှင်တို့၏ ဦးပိုင်းအဖြစ် လမ်း ကောင်း လမ်းမြတ် ညွှန်ပြလျက် ‘ဟုဒ္ဒါမုလ် အီစ္စလာမ်'နှင့် ‘ဟေ့လာဖော်တ် ကော်မတီ'တို့၏ အလံအောက် တွင် များစွာသော မျိုးကျိုး ပြည်ကျိုး လုပ်ငန်းဝတ္တရားများကို ဆောင်ရွက်ခဲ့သည်။ ထို့အပြင် ရုဟားနီ စိတ္တဇ ဝိဉာဏ်တော် ပြုပြင်ရေး အတွက် လည်း ဗိုင်အက်သ် လမ်းကြောင်းကိုလည်း ဒလဟောမလွတ် ကြိုးပမ်းခဲ့ သည်။ ရွာတိုင်းရွာတိုင်း၌ ပီရ်သခင်၏ မူရီတ် တပည့်တော် များစွာရှိသည်။ ဆော်ဒီအာရပ်နိုင်ငံမှာပင် ပီရ်သခင် ၏ မူရီတ် တစ်ဖွဲ့တစ်သုတ် လောက်ရှိနေသည်။
(၆) မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှု
မြန်မာနိုင်ငံသည် ဗြိတိသျှကျွန်ဘဝမှ ၁၉၄၈ ခုနှစ်၊ ဇန္နဝါရီလ (၄) ရက်နေ့တွင် လွတ်မြောက်လာခဲ့သည်။ ထို လွတ်လပ်ရေးရရှိမှုတွင် ရိုဟင်ဂျာတိုင်းရင်းသား ပညာရှိများ၊ အိုလုမာများ၏ သွေးစွန့်သက်စွန့် ကြိုးပမ်းမှု လည်း ပါဝင်ခဲ့သည်။ အထူးသဖြင့် ပီရ်သခင်၏ စွန့်စားမှုလည်း အရေးပါလှသည်။ ရိုဟင်ဂျာ တိုင်းရင်းသားတို့ ၏ ကြိုးပမ်းမှု မရှိခဲ့လျှင် မြန်မာ့ လွတ်လပ်ရေး အလှမ်းဝေးနိုင်မည်ဟုပင် ဆိုစမှတ်ပြုနိုင်သည်။ သို့သော် ရိုဟင်ဂျာ လူမျိုး တို့၏ လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းကို မြန်မာ့သမိုင်းပညာရှင်များက ယနေ့တိုင် လှစ်လျုရှူ နေကြ သည်။ သို့သော် အမှန် သည် အမှန်အဖြစ် ရပ်တည်နေမည်မှာ ဓမ္မတာ တရားပင်ဖြစ် သည်။ဗြိတိသျှကိုလိုနီ တို့၏ အောင်ဆန်းအက် တလီ စာချုပ်အရ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိရန် တောင်တန်း ဒေသအပါအဝင် တပြည်လုံးရှိ လူမျိုး ဘာသာပေါင်းစုံ စည်လုံး ညီညွတ်ရေးကို ရရှိရန် အရေးကြီးနေသည်။ ဗိုလ်ချုပ် အောင် ဆန်း သည် ရိုဟင်ဂျာ အပါအဝင် မြန်မာနိုင်ငံရှိမွတ်ဆလမ်များကို သိမ်းသွင်းရန် ဟုဒ္ဒါမုလ် အီစ္စလာမ်နှင့် တွေ့ ဆုံဆွေးနွေးခဲ့ သည်။ ဟုဒ္ဒါမုလ် အီစ္စလာမ်သည် ဗိုလ်ချုပ်အောင်ဆန်းနှင့် တောင်းဆိုချက်အချို့နှင့်အတူ သဘောတူ စာချုပ် တစ်ခု ချုပ်ဆိုပြီး သဘော တူ ညီညွတ် ကြောင်း ပြည်ထောင်စုစိတ်ဓာတ် ပြသလေသည်။ ထိုစာချုပ်တွင် ပီရ် သခင်၏ လက်မှတ်လည်း ပါရှိသည်။ ၎င်း စာချုပ်၏ မိတ္တူ မှန်တစ်စောင်မှာ ပီရ်သခင်ထံ၌ ရှိနေသည်ဟု သခင်ကိုယ်တိုင် ပြောဆိုခဲ့သည်။
ဗုဒ္ဓဘာသာဝင်များ၏ လေးစားမှု
ပီရ်ဆာပ်သခင်သည် သတ္တိ ဗျတ္တိနှင့်ပြည်စုံလျက် ရဲရင့်သူတစ်ပါးလည်းဖြစ်သည်။ ဗမာရခိုင် အာဏာပိုင် များ က ပီရ်သခင်ကို သီလသမာဓိ နှင့် ဆေးဝါးကုသမှုအစွမ်းကြောင့် ကြည်ညိုကြောက်ရွံ့ရိုသေတတ်ကြသည်။ ဘူးသီးတောင်၊ မောင်းတောတွင်ရှိသော ဌာန ဆိုင်ရာအကြီးအကဲများတွင် တစ်စုံတစ်ခုသော စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်း ဆိုင်ရာ ဝေဒ နာ သို့မဟုတ် ရှုတ်ထွေနေသော ပြဿနာနှင့် ရင်ဆိုင်နေရပါက အမြဲပီရ်ဆာပ်သခင်နှင့် တိုင်ပင် ဆွေးနွေး တတ်ကြသည်။ သခင်၏ လမ်း ညွှန်ချက်များကိုလည်း နာယူတတ်ကြသည်။
ဗုဒ္ဓဘာသာဝင်များသည် ကျွန်တော့်တို့ မွတ်ဆလမ် ဘာသာဝင်တွေကို မုန်းသည်ကြားက အသင်သခင် အားအဘယ့် ကြောင့် ကြည်ညိုချစ်ခင်သနည်းဟု မေးရာ “ဗုဒ္ဓဘာသာဝင်များသည် ရုပ်ထု ကိုးကွယ်သူများ ဖြစ်ကြ သည်။ ကျွနော်သာလျှင် သူတို့၏ ဝေဒနာ အဖြာဖြာကို ပျောက်ကင်းနိုင်စွမ်းရှိသည်ဟု ယုံကြည်သည်။ အလ္လာဟ် အရှင်မြတ်၏ ကရုဏာတော်ဖြင့် အသင်္ချေ ရောဂါဝေဒနာရှင်များကို ကျနော် ချမ်းသာပေးနိုင်ခဲ့သည်။ တကယ်တော့ ဤသို့ဝေဒ နာများ ပျောက်ကင်းပေးသူမှာ ကျနော် မဟုတ်ပါ။ အမှန်စင်စစ် ရောဂါဘယ ပျောက် ကင်းပေးသနားသူမှာ အလ္လာဟ်ရှင်မြတ်သာ ဖြစ်သည်။ သူတို့သည် ရုပ်ထုကိုးကွယ်သူဖြစ်၍ ထိုထိုသော ဂုဏ် သတင်းကြောင့် ကျနော့်ပေါ် အထင်ကြီးကာ ကြောက်ရွံ့ရိုသေ ခြင်းဖြစ်လိမ့်မည်ဟု ထင်မိသည်။"
ပီရ်သခင် ပြောဆိုခဲ့သည်မှာ ၁၉၉၁ ခုနှစ်တွင် မူဂျာဟစ်များက အာရ်ခါန်ပြည် ကို ပြောက် ကျားစစ်ဆင်နွဲ ခဲ့ သော အခါ မူဂျာဟစ်၂၀ ယောက်ကို သုံးပန်းအဖြစ် ဖမ်းဆီးခဲ့ သည်။ ၎င်းတို့ကို သေဒဏ် စီရင်ရန် အမိန့်ထုတ် ထားသည်။ တပ်မတော်အထက်တန်းအရာရှိ တစ်ဦးက ကျွန်တော့်ကိုခေါ် မေးမြန်းခဲ့သည်။
အရာရှိ။ ။ ဆရာ...ခင်္ဗျား ..............မည်သော ဂျီဟာဒီ အဖွဲ့ကို သိရှိပါသလော့။

![]() |
ပုံ (၂) ဒါရုလ်အူလုမ် ဒီယောဗောဏ် တက္ကသိုလ်၊ ယူပီ၊ အိန္ဒိယ။ |
၁၉၄၅ ခုတွင် ပီရ်သခင်သည် ဒါရုလ်အူလုမ် တောင်ဘာဇား၌ တက်ရောက်ပြီး (၂)နှစ်တိုင်တိုင် ပညာ ဆက် လက် သင်ယူခဲ့သည်။ ဒါရုလ်အူလုမ် တောင်ဘာဇား၏ ဆရာမြတ်များမှာ မုဖ်သီ မူဟာမတ် ဟူ စိန်း (တောင်ဘာဇား)၊ မော်လနာ နော်ဂျူမူဒ္ဒိန်း (ဘူးသီးတောင်) စသည့်ဖြင့်။ ၁၉၄၇ ခု၊ ဇွန်လတွင် ပီရ်သခင် သည် အဆင့်မြင့် ပညာ သင်ယူရန် အိန္ဒိယ နိုင်ငံသို့ ပညာတော်သင် သွားရောက်ခဲ့သည်။ ဩဂုတ်လတွင် အာ ရှတိုက်၏ အီစ္စလာမ် သာသနာ့ ပညာဘဏ် တိုက်ဟု ခေါ်ထိုက်သော ဒါရုလ်အုလုမ် ဒီယောဗော်န် တက္ကသိုလ် တွင် ကျောင်းဝင်ပြီး ပညာ သင်ခဲ့ရာ ၁၉၅၂ ခု၊ ဧပြီလ တွင် ဒိုရာ ဟဒီးစ် အောင်မြင်ကာ ဟဒီးစ်အဓိက ဖြင့် ဘွဲ့ ရရှိခဲ့သည်။
ဒိုဝ်ရာ ဟဒီးစ်တန်း သင်နေသည့်နှစ်တွင် မော်လာနာ ဆွေယာဒ်ဟူစိန်း အဟ်မတ် မဒ်နီနှင့် တွေ့ဆုံခွင့် ရလေ သည်။ ပီရ်ဆာပ် သခင်က ပြောဆိုခဲ့သည်မှာ- “မဒ်နီ သခင်က အတန်း၌ စာပြနေချိန်တွင် ဤသို့ မိန့်ဆိုဖူး သည်။ ကျောင်း သား အများစုသည် ဒိုရာ ဟာဒီစ်တန်း အောင်မြင်နိုင်သည်နှင့် ပညာရှင်ဖြစ်ပြီဟု ထင်မှတ်ကြ သည်။ အမှန်မှာ တစ်စုံ တစ်ဦးသော အလ္လာဟ့်ဝလီ သို့မဟုတ် သူတော်စင်တစ်ပါးထံ ချဉ်းကပ်နီးရင်းပြီး မိမိ ကိုယ်နှင့် စိတ်ကို မနိုးဆော်နေသရွေ့ ကာလပတ်လုံး အကြင်သူသည် ပြည့်စုံကုံလုံသော အာလင်မ် ပညာရှင် မမြောက်သေးချေ။" ထိုဩဝါဒသည် ပီရ်သခင်၏ စိတ်ဘဝင်ကို လှုံဆော်ပေးခဲ့ သည်။ ရည်မှန်းချက်ကို ပြောင်း လဲ ပးခဲ့သည်။ ပီရ်ဆာပ် သခင် သည် ဟဇရသ် မဒ်နီထံ ကျိုးနွံ စွာ နီးရင်းလျက် ပီရ်ပညာရပ်ကို ၁၉၅၇ ခုနှစ်ထိ သင်ယူခဲ့သည်။ ၎င်းနှစ်တွင် မဒ်နီသခင်က ခလာဖွာသ်လက်မှတ် ချီးမြင့်ခဲသည်။
ဘွဲ့ရပြီးနောက် ပီရ်သခင်သည် ၁၉၅၇ ခု ဖေဖော်ဝါရီလတွင် မိမိ၏ လူမျိုး အကျိုး၊ တိုင်းပြည်အကျိုးကို သယ် ပိုး ရန် ချက်ကြွေဌာနီသို့ ပြန်လာခဲ့သည်။ သခင်၏ ဆရာ မြတ်အချို့မှာ ဟဇရသ် မဒ်နီသခင် (ရဟမသွ)၊ မော် လနာ အေဇာဇ်အာလီ (ရဟမသွ)၊ မော်လနာ ဆွေယဒ် အစ်ဂေါ်ရ် ဟူစိန်းမျာသခင် (ရဟမသွ)၊ မော်လနာ ဘော်ရှီရ် အဟ်မတ် နှင့် မော်လနာ အဗ္ဗဒုလ် ဝါဟာတ် စသည်တို့ဖြစ်သည်။
![]() |
ပုံ (၃) ဟဇရသ် မော်လနာ ဟူစိန်းအဟ်မတ် မဒ်နီ သခင် |
ပီရ်သခင်၏ ဆောင်ရွက်မှုအချို့
အောက်တွင် ပီရ်သခင်၏ ချီးကျူးမကုန်သော လုပ်ငန်းကိုင်တွယ်ဆောင်ရွက်မှုအချို့ကို ဖော်ပြသွားမည် ဖြစ် သည်။
(၁) ၁၉၇၁ခု တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ဒိန်းသာသနာစောင့်ရှောက်ရေးကို ရည်ရွယ် ၍ အိုလမာများ ညီညွတ် ပေါင်းစည်းကာ ဘာသာရေးအဖွဲ့အစည်းတစ်ခု ထူထောင်ခဲ့သည်။ အဖွဲ့ဥက္ကဋ္ဌမှာ ဘင်္ဂလားဒေ့ရှ် ခါသီဖ်ချုပ်၊ ပတ္ထီယာ အာရဗီ တက္ကသိုလ် မူဟဒ္ဒီးစ်ဟောင်း မော်လနာ အဟ်မတ် ဆီဒ္ဒီခ်ဖြစ်သည်။ နာယကမှာ ဘင်္ဂလားဒေ့ရှ် မုဖ်သီချုပ် ၊ မဒ်ရာဆာ ဟေမားယောတုလ် အီစ္စလာမ် ဘင်္ဂလားဒေ့ရှ်၏ ဟာဒီးစ် ပါမောက္ခ မော် လနာ မူဟာမ္မဒ် ယူဆူဖ် (ဘ) မော်လနာ အဗ္ဗဒုလ် ဟာမီတ် ဖတေအာဘာဒီ ဖြစ်သည်။ မော်လနာ မူဟာမ္မဒ် အီဒီရီစ်၊ အဟ်မဒီယာ အာရဗီတက္ကသိုလ် အုပ်ချုပ်ရေးမှူးမှာ အထွေထွေ အတွင်းရေးမှူး ဖြစ် သည်။ ပီရ်သခင် သည် ဗဟိုကောင်စီ ဌာနေ ဥက္ကဋ္ဌ ဖြစ်သည်။ အဖွဲ့အစည်း၏ အမည်မှာ “ဟုဒ္ဒါမုလ် အီစ္စလာမ်" (خدام الاسلام)တွင်ခဲ့သည်။ နောက်တွင် အဖွဲ့ကို ထူထောင်သူ မော်လနာ ယူဆုဖ်မှာ ဟေမားယတုလ် အီစ္စလာမ် တက္ကသိုလ်မှ ဖြစ်သော ကြောင့် “ဟေမား ယတုလ် အီစ္စလာမ်" (حمايةالاسلام) အမည်ဖြင့် ကျော်ကြား လာခဲ့သည်။
၁၉၇၄ ခုနှစ်ခန့်တွင် မြန်မာနိုင်ငံ တပ်မတော်အစိုးရသည် ဘာသာရေး အဖွဲ့ အစည်းဖြစ်သော ဟေမားယတုလ် အီစ္စလာမ်ကို အကြမ်းဖက်အဖွဲ့အစည်းဟု စွပ်စွဲကာ အဖွဲ့ဝင်ဟု သံသယဖြစ်သော အာလေမ် ပညာရှင် ၁၂၂ ဦးကို ဖမ်းဆီးရန် ဝါရန်ထုတ်ခဲ့ သည်။ ထိုပုဂ္ဂိုလ်များအနက် ၄ ဦးကို (Shoot at sight) မြင်ချင်းသေနတ် ပစ်ရန် အမိန့်ပေး ခဲ့သည်။ ထို ၄ ဦးစာရင်းတွင် ပီရ်သခင်နှင့်အတူ၊ မော်လနာ အီဒီရီစ် (ရဟမသွ)နှင့် မော်လနာ မူဟာမ္မဒ် ဇော်ကရီယာ (ရဟမသွ)တို့၏ အမည်စာရင်း ပါဝင်ခဲ့သည်။ နောက်ဆုံး တွင် တပ်မ တော် အစိုးရသည် ဟေမားယတုလ် အီစ္စလာမ်သည် ဘာသာရေး အဖွဲ့အစည်းသာ ဖြစ် ကြောင်း၊ အကြမ်းဖက် အဖွဲ့အစည်း မဟုတ်ကြောင်း စုံးစမ်းသိရှိသောအခါ ငြိမ်းအေး သွားခဲ့ သည်။ သို့သော် ထိုစုံစမ်း စစ်ဆေးမှုတွင် များစွာသော သာသနာ့ ပညာရှင်က တပ်မတော် အစိုးရ၏ ရက်စက်မှုကို ခံခဲ့ရလေသည်။
(၂) ၁၉၇၇ ခုတွင် အာရ်ခါန်ပြည် အိုလုမာပညာရှင်များက “ဟေ့လာဖော်တ် ကော်မတီ" အမည်ဖြင့် အဖွဲ့ တစ် ဖွဲ့ ဖွဲ့စည်းခဲ့သည်။ ပီရ်သခင်ကို ဗဟိုကော်မတီ ဥက္ကဌအဖြစ် တင်မြောက်ခဲ့သည်။ ထို့အပြင် “ဟလီဖတုလ် မုစ် လီမီန်" (خليفة المسلمين) ဘွဲ့ကိုလည်း ချီးမြှင့်ခြင်းခံခဲ့ရသည်။ ထို အဖွဲ့ နှစ်ဖွဲ့ကို ဦးပဲ့ကိုင်ရင်း မိမိအ မျိုး၊ မိမိ တိုင်းပြည်အတွက် များစွာသော အကျိုးကျေးဇူးများပြုခဲ့သည်။ အဆိုပါ အဖွဲ့နှစ်ဖွဲ့ ၏ သမိုင်းအသေး စိတ်ကို “ မုန်ဇမာအ်သေ မူစ်လီမာနာနေ အာရ်ခါန် ဗမာပြည်" (منظمات مسلمانان اركان برما) စာအုပ် တွင် ဖော်ပြထားပါသည်။
(၃) ဘူးသီးတောင်မြို့နယ်၊ မီင်ဂေဆီရွာ၊ ဆော်ရ်ဖာရာ၌ အာရဗီစာသင် ကျောင်း တစ်ကျောင်း ရှိခဲ့သည်။ ထို ကျောင်းကို ၁၉၅၇ ခုနှစ်တွင် ဖွင့်လှစ် ထူထောင်ခဲ့သည်။ ၁၉၇၂ ခုမှစ၍ ထိုကျောင်း၏ အုပ်ချုပ်ရေးမှူးနှင့် အေ ထွထွေ အတွင်းရေးမှူး တာဝန်ကို ပီရ်ဆာပ်သခင် က မလဲမယိုင် ထမ်းဆောင်ခဲ့သည်။ ကျောင်းကို အချိန် တို အတွင်း အမြင့်မား ဆုံးသော အောင်မြင်မှုများပေးခဲ့သည်။ မယုံနိုင်လောက်အောင်ဖွံ့ဖြိုးတိုးတက်စေ ခဲ့သည်။ ကျောင်း၏ အမည်ကိုလည်း ‘ဂျာမီယာ ရီယာဒုလ် အုလုမ်၊ ဘူးသီးတောင်' အဖြစ် ပြောင်းလဲပေးခဲ့သည်။ ကျောင်းသားကျောင်းသူများကို ကျောင်း ပညာသင်ပြမှုအပြင် စာရေးအကျင့်၊ လက်မှုပညာ များကိုလည်း သင် ပြေ ပးခဲ့သည်။
ထို့အတွက်ကြောင့် ပီရ်သခင်၏ ကျောင်းသည် ယနေ့ ထိပ် တန်းစာရင်းတွင် ပါဝင်လာခြင်းဖြစ် သည်။ ထို ကျောင်း တွင် အထက်တန်း အဆင့် ဒိုရာအေ ဟဒီးစ်တန်းအထိ သင်ပြသည်။ ဗုခါရီကျမ်းတော် နှင့် သီရ်မီဒီ ကျမ်းကို ပီရ်သခင်ကိုယ်တိုင် သင်ပြခဲ့သည်။ ထို့ အပြင် အမျိုးသမီး ပညာရေး မြှင့်တင်ပေးရန် မိန်းကလေး ကုရ်အာန် အာဂုံဆောင် ကျောင်း တစ်ကျောင်းလည်း ဖွင့်လှစ်ခဲ့သည်။ ဘဝ၏ နောက်ဆုံး အချိန်အထိ ကြီး ကျယ်မြင့် မြတ်သော ကျမ်းတော်များကို သင်ပြ ခွင့်ရခဲ့လေသည်။
(၄) ပီရ်သခင်သည် မိမိ၏ အားမလပ်သော သက်တော်အတွင်း စာအုပ်နှစ်ကို လည်း ရေးသားပြုစုခဲ့သည်။
(က) ဂျလာအုလ် ကုလုပ် (جلاءالقلوب)၊ စာမျက်နှာပေါင်း ၁၅၇ မျက်နှာရှိသည်။ ၎င်းကို ဆိုက်ဒူ တွာယေဖာ ဟာဂျီ အေမ်ဒါဒ်အုလ္လာ မူဟာဂျီရ် မကီ (ရဟမသွ) (سيد الطائفه حاجي امدادالله مهاجر مكي) ကေ ရးသား ခဲ့သော “ ဒီယာအုလ် ကုလုပ်" (ضياءالقلوب) နှလုံးသား အလင်း စာအုပ်ကို မှီငြမ်းပြုစုခြင်းဖြစ် သည်။ စာအုပ်သည် ပီရ် ပရမတ်လမ်းစဉ်၏ ပင်မ အချက်နှင့် အရေးပါသည့် ကဏ္ဍများနှင့် လမ်းညွှန်းဆွေးနွေး ချက်များ ကို တင်ပြပြုစု ထားခြင်း ဖြစ်သည်။ စူဖွီသူတော်စင်များအတွက် မဖြစ်မနေလိုအပ်သည့် စာအုပ် ကောင်း တစ်အုပ်လည်း ဖြစ်သည်။
(ခ) “အီချ်ကော အဟ်လိယာံ ဗောရ်မာ" (اشك اهليان برما)စာအုပ်ဖြစ်သည်။ အဓိပ္ပာယ်မှာ (မြန်မာနိုင်ငံ၏ ချစ်တိုင်းရင်းသား မျိုး နွယ်စုများ)ဖြစ်သည်။ အာခါန်ပြည်သား အပေါ် ကျူးလွန်ခဲ့သော ဖိနှိပ်ချုပ်ချယ် ရက် စက်မှုများကို အသေးစိတ် ဂဃနဏ ဖော်ပြရေး သားထားခြင်းဖြစ်ပါသည်။ ဤသည်မှာ မိမိအမျိုး နောင်လာ နောင်သားတွေအတွက် အဖိုး မဖြတ်နိုင်သော စာပေ အမြူတေ သမိုင်း လက်ရာတစ်ခုဖြစ်ပေသည်။ ထိုစာ အုပ်များ၏ အရသာဂုဏ်တော်နံ့ကို စာရေးဆရာကြီး မူဟာမတ်ကာဆိမ်၏ “အေချ်ကော မုဆုလ်မာန် အာရ်ခါန် ဗာရ်မာ" အာရ်ခါန်ပြည်၏ ချစ်မွတ်စလမ် စာအုပ်မှလည်း တစိတ်တဒေသ ရရှိနိုင် သည်။ ယခုဆရာ ကြီးရေး ခဲ့သော စာအုပ် အမည်ကိုလည်း ပီရ်ဆာပ်သခင် ကိုယ်တိုင် ရွေးချယ်တပ်ပေးခြင်း ဖြစ် သည်။
(၅) ဗိုင်အက်သ် ခရီး
တစ်ဘက်က ပီရ်ဆာပ်သခင်သည် မိမိ၏ ပညာဂုဏ်အစွမ်းကြောင့် သာသနာ့ ပညာရှင်အဖြစ် သာသနာ့ညီ နောင်တို့ ရှေ့ဆောင်တန်ဆောင်ဖြစ်နေပြီး တစ်ခြားဘက်က အိုလုမာပညာရှင်တို့၏ ဦးပိုင်းအဖြစ် လမ်း ကောင်း လမ်းမြတ် ညွှန်ပြလျက် ‘ဟုဒ္ဒါမုလ် အီစ္စလာမ်'နှင့် ‘ဟေ့လာဖော်တ် ကော်မတီ'တို့၏ အလံအောက် တွင် များစွာသော မျိုးကျိုး ပြည်ကျိုး လုပ်ငန်းဝတ္တရားများကို ဆောင်ရွက်ခဲ့သည်။ ထို့အပြင် ရုဟားနီ စိတ္တဇ ဝိဉာဏ်တော် ပြုပြင်ရေး အတွက် လည်း ဗိုင်အက်သ် လမ်းကြောင်းကိုလည်း ဒလဟောမလွတ် ကြိုးပမ်းခဲ့ သည်။ ရွာတိုင်းရွာတိုင်း၌ ပီရ်သခင်၏ မူရီတ် တပည့်တော် များစွာရှိသည်။ ဆော်ဒီအာရပ်နိုင်ငံမှာပင် ပီရ်သခင် ၏ မူရီတ် တစ်ဖွဲ့တစ်သုတ် လောက်ရှိနေသည်။
(၆) မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှု
မြန်မာနိုင်ငံသည် ဗြိတိသျှကျွန်ဘဝမှ ၁၉၄၈ ခုနှစ်၊ ဇန္နဝါရီလ (၄) ရက်နေ့တွင် လွတ်မြောက်လာခဲ့သည်။ ထို လွတ်လပ်ရေးရရှိမှုတွင် ရိုဟင်ဂျာတိုင်းရင်းသား ပညာရှိများ၊ အိုလုမာများ၏ သွေးစွန့်သက်စွန့် ကြိုးပမ်းမှု လည်း ပါဝင်ခဲ့သည်။ အထူးသဖြင့် ပီရ်သခင်၏ စွန့်စားမှုလည်း အရေးပါလှသည်။ ရိုဟင်ဂျာ တိုင်းရင်းသားတို့ ၏ ကြိုးပမ်းမှု မရှိခဲ့လျှင် မြန်မာ့ လွတ်လပ်ရေး အလှမ်းဝေးနိုင်မည်ဟုပင် ဆိုစမှတ်ပြုနိုင်သည်။ သို့သော် ရိုဟင်ဂျာ လူမျိုး တို့၏ လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းကို မြန်မာ့သမိုင်းပညာရှင်များက ယနေ့တိုင် လှစ်လျုရှူ နေကြ သည်။ သို့သော် အမှန် သည် အမှန်အဖြစ် ရပ်တည်နေမည်မှာ ဓမ္မတာ တရားပင်ဖြစ် သည်။ဗြိတိသျှကိုလိုနီ တို့၏ အောင်ဆန်းအက် တလီ စာချုပ်အရ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိရန် တောင်တန်း ဒေသအပါအဝင် တပြည်လုံးရှိ လူမျိုး ဘာသာပေါင်းစုံ စည်လုံး ညီညွတ်ရေးကို ရရှိရန် အရေးကြီးနေသည်။ ဗိုလ်ချုပ် အောင် ဆန်း သည် ရိုဟင်ဂျာ အပါအဝင် မြန်မာနိုင်ငံရှိမွတ်ဆလမ်များကို သိမ်းသွင်းရန် ဟုဒ္ဒါမုလ် အီစ္စလာမ်နှင့် တွေ့ ဆုံဆွေးနွေးခဲ့ သည်။ ဟုဒ္ဒါမုလ် အီစ္စလာမ်သည် ဗိုလ်ချုပ်အောင်ဆန်းနှင့် တောင်းဆိုချက်အချို့နှင့်အတူ သဘောတူ စာချုပ် တစ်ခု ချုပ်ဆိုပြီး သဘော တူ ညီညွတ် ကြောင်း ပြည်ထောင်စုစိတ်ဓာတ် ပြသလေသည်။ ထိုစာချုပ်တွင် ပီရ် သခင်၏ လက်မှတ်လည်း ပါရှိသည်။ ၎င်း စာချုပ်၏ မိတ္တူ မှန်တစ်စောင်မှာ ပီရ်သခင်ထံ၌ ရှိနေသည်ဟု သခင်ကိုယ်တိုင် ပြောဆိုခဲ့သည်။
ဗုဒ္ဓဘာသာဝင်များ၏ လေးစားမှု
ပီရ်ဆာပ်သခင်သည် သတ္တိ ဗျတ္တိနှင့်ပြည်စုံလျက် ရဲရင့်သူတစ်ပါးလည်းဖြစ်သည်။ ဗမာရခိုင် အာဏာပိုင် များ က ပီရ်သခင်ကို သီလသမာဓိ နှင့် ဆေးဝါးကုသမှုအစွမ်းကြောင့် ကြည်ညိုကြောက်ရွံ့ရိုသေတတ်ကြသည်။ ဘူးသီးတောင်၊ မောင်းတောတွင်ရှိသော ဌာန ဆိုင်ရာအကြီးအကဲများတွင် တစ်စုံတစ်ခုသော စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်း ဆိုင်ရာ ဝေဒ နာ သို့မဟုတ် ရှုတ်ထွေနေသော ပြဿနာနှင့် ရင်ဆိုင်နေရပါက အမြဲပီရ်ဆာပ်သခင်နှင့် တိုင်ပင် ဆွေးနွေး တတ်ကြသည်။ သခင်၏ လမ်း ညွှန်ချက်များကိုလည်း နာယူတတ်ကြသည်။
ဗုဒ္ဓဘာသာဝင်များသည် ကျွန်တော့်တို့ မွတ်ဆလမ် ဘာသာဝင်တွေကို မုန်းသည်ကြားက အသင်သခင် အားအဘယ့် ကြောင့် ကြည်ညိုချစ်ခင်သနည်းဟု မေးရာ “ဗုဒ္ဓဘာသာဝင်များသည် ရုပ်ထု ကိုးကွယ်သူများ ဖြစ်ကြ သည်။ ကျွနော်သာလျှင် သူတို့၏ ဝေဒနာ အဖြာဖြာကို ပျောက်ကင်းနိုင်စွမ်းရှိသည်ဟု ယုံကြည်သည်။ အလ္လာဟ် အရှင်မြတ်၏ ကရုဏာတော်ဖြင့် အသင်္ချေ ရောဂါဝေဒနာရှင်များကို ကျနော် ချမ်းသာပေးနိုင်ခဲ့သည်။ တကယ်တော့ ဤသို့ဝေဒ နာများ ပျောက်ကင်းပေးသူမှာ ကျနော် မဟုတ်ပါ။ အမှန်စင်စစ် ရောဂါဘယ ပျောက် ကင်းပေးသနားသူမှာ အလ္လာဟ်ရှင်မြတ်သာ ဖြစ်သည်။ သူတို့သည် ရုပ်ထုကိုးကွယ်သူဖြစ်၍ ထိုထိုသော ဂုဏ် သတင်းကြောင့် ကျနော့်ပေါ် အထင်ကြီးကာ ကြောက်ရွံ့ရိုသေ ခြင်းဖြစ်လိမ့်မည်ဟု ထင်မိသည်။"
ပီရ်သခင် ပြောဆိုခဲ့သည်မှာ ၁၉၉၁ ခုနှစ်တွင် မူဂျာဟစ်များက အာရ်ခါန်ပြည် ကို ပြောက် ကျားစစ်ဆင်နွဲ ခဲ့ သော အခါ မူဂျာဟစ်၂၀ ယောက်ကို သုံးပန်းအဖြစ် ဖမ်းဆီးခဲ့ သည်။ ၎င်းတို့ကို သေဒဏ် စီရင်ရန် အမိန့်ထုတ် ထားသည်။ တပ်မတော်အထက်တန်းအရာရှိ တစ်ဦးက ကျွန်တော့်ကိုခေါ် မေးမြန်းခဲ့သည်။
အရာရှိ။ ။ ဆရာ...ခင်္ဗျား ..............မည်သော ဂျီဟာဒီ အဖွဲ့ကို သိရှိပါသလော့။
ပီရ် ။ ။ အသီးစိတ် ကျကျနန မသိပါ။ ကောလာဟလ ကြားရုံပဲ ရှိတယ်။ ကျွန်တော်သိရှိ သလောက်ပြောရရင် ယခုအချိန်တွင် အာရ်ခါန်ပြည်တွင်း၌ မည်သို့သော လွတ်မြောက်ရေး အဖွဲ့ ဟူ၍ မရှိ။
အရာရှိ။ ။ ကျွနု်ပ်တို့သည် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ မူဂျာဟီဒ်အချို့ ဖမ်းမိခဲ့သည်။ ထို ကိစ္စနှင့် ပတ်သက်ပြီး အသင်သိရှိသလော့။
ပီရ် ။ ။ ကျွန်တော်ကြားဖူးတယ်။ ကြားဖူးတဲ့အတိုင်းဆိုရင် ရခိုပြည်နယ်မြောက်ပိုင်းတွင် ဒါးပြအချို့သည် မူဂျာဟီးဒ်ယောင်ဆောင်ကာ တစ်နေရာပြီးတစ်နေရာ ဓါးပြတိုက်နေ တယ်။ ထိုသူတွေက အမှန်မှာ ဓားပြသာဖြစ် တယ်၊ မူဂျာဟီးဒ်အမည်ကို ရောင်းစားနေတာ။ ဖမ်းဆီးခံရသူတွေမှာ ထိုသူတို့ ဖြစ်ချင်ဖြစ်နိုင်တယ်။
အရာရှိ။ ။ ဒါဆို သူတို့ရဲ့ အပြစ်ဒဏ် ဘာဖြစ် သင့်သလဲ။ ကျွနု်ပ်တို့ အထက်အရာရှိတွေက သေဒဏ်ပေးရန် ဆုံးဖြတ် လိုက်ပါတယ်။
ပီရ် ။ ။ အပြစ်မဲ့ကို မေးမြန်းစုံစမ်းပြီးတော့ လွှတ်ပေးသင့်တယ်။ ဒါမှပဲ ပြည်သူလူထုဟာ ငါတို့အစိုးရက အမှန်တရား အတိုင်းပဲ ဆုံးဖြတ် တယ်။ မတရား ဖိနှိပ်တာမဟုတ်ဘူး။ ဓါးပြကို သာ လိုက်လံအပြစ်ပေးခြင်း ဖြစ်တယ်လို့ အမြင် ကောင်း သဘောကောင်းဆောင်လာမှာပါ။ ပြီးနောက် ပြစ်မှုကျူးလွန်တဲ့သူတွေကို ထောင်ပို့ ဒဏ်ခတ်ရမယ်။ သူတို့ အတွက် နောင်တ ဖြစ်အောင်ပေါ့။ ပြည်သူအတွက်လည်း သင်ခန်းစာဖြစ်လာမှာပါ။
ထိုအကြံပေးချက်ကို အရာရှိက အင်မတန် သဘောကျ သွားပြီး ပြောသည့်အတိုင်း လူ ၈ ယောက်ကို အပြစ်မဲ့ လွှတ်ပေးကာ ကျန် ၁၂ ယောက်ကို ထောင်ဒဏ်ချမှတ်လိုက်သည်။ ထိုသူတို့၏ အသက်ချမ်းသာသွားလေ သည်။
ဧည့်ဝတ်ကျေပွန်သော သခင် အီစ္စလာမ်ဘာသာ ဓလေ့ထုံးစံဖြစ်သော အာဂန္တူအား ဧည့်ခံကျွေးမွေးခြင်းကို ပီရ်, ဆာပ်သခင် က ရက်ရက် ရောရော ဧည့်ခံကျွေးမွေးလေ့ရှိသည်။ သခင်၏ အိမ်သည် ပွဲသဘင် သဖွယ် အ မြဲ ဧည့်သည် များနှင့် စည်းစည်းကားကား ရှိသည်။ ရောဂါဝေဒနာများ ကူးသရန် သော်လည်းကောင်း၊ ပီရ်ကျင့် စဉ် ယူရန် သို့မဟုတ် ဗိုက်သ် တပည့်တော်ခံရန် သော်လည်း ကောင်း အနယ်နယ် အရပ်ရပ်မှ လူများနေ့စဉ် ရောက်လာလေ့ရှိသည်။ အိမ်၌ဧည့်သည် မရောက်ရှိသော နေ့ညဟူ၍ မရှိသလောက်ဖြစ်သည်။ အနည်းဆုံး ၁၀ ဂဏန်းကျော်လောက် တော့ ရှိတတ်သည်။ ထိုဧည့်သည်တို့ တည့်ခိုရန် သီးခြား ဧည့်ခန်းမဆောင် တစ် ဆောင်ကို မဒရာဆာကျောင်းအနီးတွင် ဆောက်လုပ်ထားသည်။ ရောက်လာသော သူများကို ထိုအ ဆောင် တွင် ညအိပ်ရန် စီစဉ်ပေးကာ ထမင်းကို အိမ်သို့ခေါ်၍ ကျွေးသည်။ ရက်ကာလမည်မျှ ပင် နေစေကာမူ သခင် သည် ဝန်လေးသည်မရှိပါ။ သားဖြစ်သူကို ခေါ်ကာ ကြွရောက်လာ ဧည့်သည်တို့နှင့် စပ်လျဉ်း၍ အေရှားအချိန် အပြီး လူနာများကို စစ်ဆေးပြီးနောက် “နေရာ ချပေးသလော၊ စောင်တွေကော လုံလောက်ရဲ့လား၊ ထမင်းမ စားခဲ့သူ ကျန်ရှိပါသလား" စသည့်ဖြင့် စုံစမ်းမေးမြန်းသည်။
ဝါဒခွဲ အီစ္စလာမ်ဘာသာဝင်များနှင့် စကားတမ်းထိုးမှု ၁၉၉၈ ခု၊ ဒီဇင်ဘာလတွင် ဆော်ဒီအာရပ်နိုင်ငံရှိ အဟ် လေ ဟဒီးစ်အဖွဲ့တစ်ဖွဲ့နှင့် ဂိုဏ်းခွဲ မုခ်လဒိန်း (غير مقلدين) တချို့က ပီရ်သခင်အပါးတွင် ခစား၍ ဒီ ယောဗောန္ဒီ အိုလုမာပညာရှင်များ၏ အချို့ အာကီဒါဟ်များတွင် ချွတ်ယွင်းမှု ပါနေသည်။ ယင်းတို့ကို နိုးဆော် ပြုပြင်ရန် အလွန်အရေးကြီး နေသည်ဟု ရှင်းလင်းချက် မစ်အလာဟ် အချို့ နှင့်အတူ မေးခွန်းထုတ်လိုက်ပါ သည်။ သူတို့မေး မြန်းပြောဆိုနေသည့် အချိန်တွင် ပီရ်သခင်သည် ကုတင်ပေါ်၌ လဲလျောင်းနေသည်။ ဒီယော ဗောန္ဒီ အိုလုမာဟ်ဟု အသံကြား သည်နှင့် တစ်ပြိုင်နက် ကုတင်ပေါ်လဲလျောင်းနေရာမှ ထက်ပြီး ထိုစောဒက ၏ အဖြေကို သဘောပေါက် လက်ခံအောင် ဖြေဆိုရှင်းလင်းခဲ့သည်။ ပီရ်သခင်၏ အဖြေမှာ အေလောမ် ပညာ ၏ မိုး သည်းသည်းထန်ထန် ရွာသွန်းနေသကဲ့သို့ ဖြစ်နေသည်။ ပီရ်သခင်၏ ထိရောက် မှန်ကန်သော အဖြေကို ကြားလျက် သူတို့ ခံတွင်းမဲ့သို့ ဖြစ်သွားသည်။
နောက်ဆုံး၌ ပီရ်ဆာပ်သခင်က ကျွန်တော်ကို ဆော်ဒီ အာရပ်နိုင်ငံ မုဖ်သီချုပ် အပါအဝင် ကမ္ဘာ့မည်သည့် အဟ် လေဟဒီးစ်ပညာရှင်များရှေ့မှောက်တွင် တင်သွင်းပြီး debate လုပ်ခိုင်းစေ။ ကျွန်တော်သည် ဒီယော ဗောန္ဒီ အိုလုမာ၏ ဝိစ္စငယ် တစ်ဦးသာဖြစ်သည်။ နို့ပေမဲ့ ကျွန်တော်သည် ဒီယောဗောန္ဒီ အိုလုမာ၏ မည်သည့် အာကီဒါဟ် မှ ကျမ်းမြတ် ကုရ်အာန်ကို ဆန့်ကျင်နေသည် မဟုတ်ကြောင်း၊ ကျမ်းမြတ်ကုရ်အာန် နှင့် ဟဒီးစ် ဪဝါဒ တော်၏ အမိန့်တော် အတိုင်း ဖြစ်ကြောင်း သက်သေသာဓကပြ ရှင်းလင်းနိုင်ပါမည်။အကယ် ၍ အကြင်သူသည် ဒီယောဗောန္ဒီ အိုလုမာတို့၏ အကြင် အာကီဒါသည် ကုန်အာန်၊ ဟဒီးစ်တော် နှင့် မညီညွတ် ဆန့်ကျင့်ကြောင်း မှန်ကန်သောအထောက်အထား နှင့်တကွ ဖော်ပြနိုင်လျှင် ထိုနေ့မှစ၍ ကျွန်တော် သည် ထိုသူတို့၏ ဂိုဏ်းသို့ကူးပြောင်းသွားမည်ဖြစ်သည်။ ဤသည် ကျွန်တော်၏ စိန်ခေါ်ချက်တစ် ရပ်ပင်ဖြစ်သည်။
ကျွန်တော်တစ်ခုမေးချင်တာက ဂိုဏ်းခွဲမုခ်လဒိန်း များနှင့် ရှီယာတို့မှာ ဘာကွာ ခြားသလဲ။ (ဒါက မေးခွန်း သဘော နဲ့ အဖြေတစ်ခုပါ။ ဆိုလိုတာက ဂိုဏ်းခွဲမုခ်လဒိန်းများနှင့် ရှီယာတို့၏ အာကီဒါဟ် မှာ အနီးစပ်ဆုံး သာဖြစ်သည်။)
ပီရ်သခင်နဲ့ တွေ့ဆုံမေးမြန်းခြင်း (interview) တစ်ခုတွင် ပြောကြားခဲ့သည်မှာ ကျွန်တော်သည် မြန်မာနိုင်ငံ၌ ဗုဒ္ဓဘာသာဝင်များနှင့်လည်း debate များပြုလုပ်ခဲ့သည်။ ထိုအကြောင်းများကို ရှည်လျားမည် စိုး၍ ချန်လှစ် ထားခြင်းဖြစ်သည်။
သားသမီးများ ပီရ်သခင်သည် အမျိူးတာဝန် တိုင်းပြည်တာဝန်ကို ကျေပွန်ရင်း မိမိအခြွေအရံံတို့ကို နှုတ်ဆက် ကာ သက်တော် (၇၉) တွင် ဘဝပြောင်းလေသည်။ သားတော် ၉ ပါးနှင့် သမီး တော် ၂ ပါး ကျန်ရစ်ထားခဲ့ သည်။ သားတော် ကိုးပါးအနက် ငါးပါးမှာ အာလင်မ် သာသနာ့ ပညာတတ်များဖြစ်သည်။ သားတော် မော်လ နာ ရှေ့ခ်အဟ်မတ်မှာ ခြေတစ်ဘက်ဆိုး ဖြစ် သည်။ မော်လနာ ကုသုဗ္ဗုဒိန်းမှာ မူလ စာရေးသူ၏ အတန်း ဘက် သူငယ်ချင်းဖြစ်သည်။ ၁၉၇၈ ခုတွင် ဒါရု ဆီနာဟ် နီးလာ အာရဗီတက္ကသိုလ်တွင် အတူတူ ပညာသင်ယူ ခဲ့သည်။ ပီရ်သခင်၏ တူမောင် တစ်ဦးမှာ မော်လနာ ဇူဘေရ် အဟ်မတ်၊ မက္ကာဟ်မြို့တော်ရှိ စာသင် ကျောင်း တစ်ခု၏ အုပ်ချုပ်ရေးမှူး ဖြစ်သည်။
လျှပ်တပြတ် လေ့လာခြင်း အမည် = မုဇာဖ္ပောရ် အဟ်မတ်
အဘအမည် = ဟာဂျီ ဖော်ဇော်လုရ် ရာဟာမာန်
မွေးသက္ကရာဇ် = ၁၉၂၇ခုနှစ်၊ အောက် တိုဘာလ ၂၉ ရက် တနင်္လာနေ့ ။
ဇာတိ = မီးကျောင်းဈေး၊ ဘူးသီးတောင်မြို့နယ်။
ပညာသင်ခဲ့သည့် ကျောင်း = မီးကျောင်းဈေး အာရဗီ မူကြိုကျောင်း(၁၉၃၄)၊ ဖွီမာလီ ကျေးရွာရှိ အုရ်ဒူ အလယ်တန်းကျောင်း၊ ဖောင်တော်ပြင် မဒ်ရဆာဟ်ကျောင်း (၁၉၄၀)၊ ဒါရုလ်အူလုမ် တောင်ဘာဇား၊ ဒါရုလ်အုလုမ် ဒီယောဗော်န် အာရဗီတက္ကသိုလ်၊ အိန္ဒိယ (၁၉၄၇)၊
တတ်မြောက်ခဲ့သည့် ပညာ = အူရ်ဒူ၊ အင်္ဂလိပ်၊ အာရဗီ၊ ဟဒီးစ်၊ ကုရ်အာန်၊ ဖွီကာဟ်၊
အဘိဓမ္မာ
ရရှိခဲ့သည့်ဘွဲ့= မူဟဒ္ဒီးစ်၊ ပရမတ် ပီရ်
ထမ်းဆောင်ခဲ့သည့် တာဝန် = အာရဗီအထက်တန်းပြဆရာ၊ အာရဗီတက္ကသိုလ် အုပ်ချုပ်ရေးမှူး၊ ဟေမာယတုလ် အီစ္စလာမ်၏ ကောင်စီဥက္ကဋ္ဌ၊ ဟုဒ္ဒာမုလ် အီစ္စလာမ်၏ အထွေထွေအတွင်းရေးမှူး၊ ပီရ်ပရမတ် ကိုယ်စားလှယ်။
သားသမီး = မိန်းကလေး(၂)ယောက်၊ ယောကျ်ား (၉)ယောက်။
ကွယ်လွန်ခဲ့သည့် ခုနှစ် = ဇန္နဝါရီလ (၂၂)၊ ၂၀၀၆ ခုနှစ် (တနင်္လာနေ့)။
ကွယ်လွန်ခဲ့သည့် နေရာ = ဆော်ဒီအရေဗီယာနိုင်ငံ၊ မက္ကာဟ်မြို့။
ဆရာမြတ်များ = (၁) မော်လနာ မူဟာမတ် အဟ်မတ်
(၂) မုဖ်သီ မူဟာမတ် ဟူစိန် (တောင်ဘာဇား)၊ မော်လနာ နော်ဂျူမူဒ္ဒိန်း (ဘူးသီးတောင်)
(၃) မော်လာ နာ ဆွေယာဒ်ဟူစိန်း အဟ်မတ် မဒ်နီ
(၄) မော်လနာ အေဇာဇ်အာလီ(ရဟမသွ)၊ မော်လနာ ဆွေယဒ် အစ်ဂေါ်ရ်
ဟူစိန်းမျာသခင် (ရဟမသွ)၊ မော်လနာ ဘော်ရှီရ် အဟ်မတ်နှင့်
မော်လနာ အဗ္ဗဒုလ် ဝါဟာတ်။
#ပြုစုသူ- လူထု ဝဏ္ဏ
For Download - Here:
From Drive: Here
No comments:
Post a Comment