Tuesday, December 5, 2023

ရိုဟင်ဂျာဒုက္ခသည်လှေနှစ်စီး ပင်လယ်ပြင်မှာ အရေးပေါ် အကူအညီလိုအပ်နေ

RFA
RFA Burmese
2023.12.05 

ရိုဟင်ဂျာဒုက္ခသည်များ လိုက်ပါလာသော စက်လှေတစ်စီး ၂ဝ၂၃ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ် ကမ်းခြေကို ဆိုက်ကပ်စဉ်။ Reuters

ရိုဟင်ဂျာဒုက္ခသည် အယောက် ၄ဝဝ လောက်လိုက်ပါလာတဲ့ စက်လှေနှစ်စီးဟာ ကပ္ပလီပင်လယ်ပြင် (အက်ဒမန်) ထဲမှာ မျောနေပြီး အရေးပေါ် ကယ်တင်ဖို့ လိုနေတယ်လို့ ကုလသမဂ္ဂဝန်ထမ်းတွေနဲ့ အကူ အညီပေးရေးအဖွဲ့တွေက ဒီဇင်ဘာလ ၅ ရက် ဒီနေ့ ပြောပါတယ်။
အဲဒီဒုက္ခသည်တွေဟာ လှေပေါ်မှာ အစာရေစာလည်းလုံလုံလောက်လောက်ပါမလာတာကြောင့်အချိန် မီမကယ်တင်နိုင်ရင် အသက်သေဆုံးနိုင်တယ်လို့ ကုလသမဂ္ဂဒုက္ခသည်အေဂျင်စီရဲ့ ထိုင်းအခြေစိုက် ပြောခွင့်ရှိသူကို ကိုးကားပြီး AP သတင်းမှာ ဖော်ပြပါတယ်။

ကလေးငယ်တွေ အမျိုးသမီးတွေပါပါတဲ့ အဲဒီလှေနှစ်စီးလုံးဟာ ဘင်္ဂလားဒေ့ရှ်ကနေထွက်လာ တာဖြစ် ပြီး ကပ္ပလီပင်လယ်ပြင်မှာ မျောနေတာ နှစ်ပတ်လောက်ရှိပါပြီ။

မျောနေတဲ့ လှေတစ်စီးကို AP သတင်းဌာနက အဆက်အသွယ်ရခဲ့ပြီး မေးမြန်းချိန်မှာတော့ ..သူတို့လှေ ဟာ ထိုင်းနိုင်ငံ အနောက်ဘက်ကမ်းရိုးတန်းကနေ မိုင် ၂ဝဝ လောက်အကွာမှာ ရှိနေတယ်လို့ ဆိုပါ တယ်။

သူတို့လှေပေါ်မှာ လူအယောက်၁၉ဝလောက်ပါပြီးအစာရေစာတွေပြတ်လပ်နေသလိုလှေရဲ့စက်လည်း အလုပ်မလုပ်တော့တာကြောင့် အချိန်မီ မကယ်တင်ရင် လူတွေသေသွားနိုင်တယ်လို့ စက်လှေ မောင်း တဲ့သူက ပြောပါတယ်။

အဲဒီစက်လှေရောက်နေတဲ့ တည်နေရာဟာ ရိုဟင်ဂျာလှေတွေ မကြာခဏကမ်းတင်လေ့ရှိတဲ့ အင်ဒိုနီး ရှားနိုင်ငံ အာချေးပြည်နယ်နားနဲ့ တည်နေရာအကွာအဝေး ညီမျှတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

ကျန်တဲ့ စက်လှေတစ်စီးရဲ့ တည်နေရာကိုတော့ သေသေချာချာ မသိရသေးပါဘူး။ ထိုင်းရေတပ် ပြော ခွင့်ရှိသူကတော့ ဒီစက်လှေနှစ်စီးနဲ့ ပတ်သက်ပြီး သူတို့ဘာသတင်းမှ မရထားဘူးလို့ ဆိုပါတယ်။

မြန်မာစစ်တပ်ရဲ့ လူမျိုးတုံးသတ်ဖြတ်မှုကြောင့်ဘင်္ဂလားဒေ့ရှ်ဘက်ထွက်ပြေးခဲ့ရတဲ့ရိုဟင်ဂျာဒုက္ခသည် တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတွေမှာ အသက်ရှင်သန်ရေးခက်ခဲလာတာကြောင့် ပင် လယ် ပြင်ခရီးကို စက်လှေနဲ့ ဖြတ်ပြီး တတိယနိုင်ငံရောက်ဖို့ ကြိုးပမ်းနေကြတာ ဖြစ်ပါတယ်။

အဲဒီလိုစက်လှေနဲ့ ထွက်ပြေးကြရင်း ပင်လယ်ပြင်မှာ သေဆုံးရသူတွေလည်းရှိပါတယ်။ အသက်မသေ ဘဲ ကျန်တဲ့သူတွေထဲက အများစုဟာ အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်ထဲ ကမ်းတင်လေ့ရှိပါတယ်။

ကုလသမဂ္ဂရဲ့ စာရင်းတွေအရ ပြီးခဲ့တဲ့ ၂ဝ၂၂ ခုနှစ်ထဲမှာ ရိုဟင်ဂျာအယောက် ၂ဝဝဝ ကျော် ပင်လယ် ပြင်ခရီးကို အသက်စွန့် ဖြတ်သန်းခဲ့ကြပြီး အဲဒီထဲက လူနှစ်ရာလောက် သေကျေပျောက်ဆုံးခဲ့ပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */