" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, March 18, 2021

ဘာဆန်ချားကျွန်းမှာ ကုလသမဂ္ဂကိုယ်စားလှယ်အဖွဲ့ရောက်နေ

VOA
ဗွီအိုအေ (မြန်မာပိုင်း)
18 မတ်၊ 2021
ရိုဟင်ဂျာဒုက္ခသည်များ ပြောင်းရွှေ့နေထိုင်ရာ Bhasan Char ကျွန်း။ (ဒီဇင်ဘာ ၂၉၊ ၂၀၂၀)

ကုလသမဂ္ဂကိုယ်စားလှယ်အဖွဲ့ ရိုဟင်ဂျာဒုက္ခသည် ၁၀,၀၀၀ ကျော်ရွှေ့ပြောင်းထားတဲ့ ဘင်္ဂလားပင်လယ်အော်ထဲက ဘာဆန်ချားကျွန်းကို မနေ့ကစ၊ သုံးရက်ကြာခရီး ရောက်ရှိနေပါတယ်။

ကုလသမဂ္ဂအဖွဲ့အစည်းတွေက ကျွမ်းကျင်သူတွေ ပါဝင်တဲ့ အဖွဲ့ဝင် ၁၈ ဦးပါ ကိုယ်စားလှယ်အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်အစိုးရ စီစဉ်ပေးမှုနဲ့ မနေ့ နေ့လယ်ပိုင်းကပဲ ဘာဆန်ချားကျွန်းကို ရောက်လာကာ ရိုဟင်ဂျာဒုက္ခသည်တွေကို အကူ အညီပေးသွားမယ်လို့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး UNHCR က ပြောပါတယ်။



SEE ALSO:
ဘာဆန်းချားရောက် ရိုဟင်ဂျာတွေဆီ ကုလကိုယ်စားလှယ်အဖွဲ့သွားရောက်


ဒီ ခရီးစဉ်အတွင်း ရိုဟင်ဂျာ ဒုက္ခသည်တွေကို ကျွန်းပေါ်မှာ နေရာချစီစဉ်ပေးထားတဲ့အခြေအနေတွေကို လေ့လာဆန်းစစ်ပြီး ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေ၊ ဘာဆန်ချားကျွန်းပေါ်မှာ တာ ဝန်ကျနေသူတွေနဲ့လည်း ဆွေးနွေးသွားမယ်လို့ UNHCR က ပြောဆိုထား ပါတယ်။

ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်တွေကို ဝေးလံခေါင်ဖျားပြီး သဘာဝဘေးအန္တရာယ် မကြာခန ကြုံရလေ့ရှိတဲ့ ဒီကျွန်းကို မပို့ဖို့ ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ကန့်ကွက်သတိပေးနေတဲ့ကြားကပဲ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကစပြီး ပြောင်းရွှေ့တာတွေ လုပ်ခဲ့ကာ အခုဆိုရင် ပြောင်းရွှေ့ပြီးတဲ့ ဒုက္ခသည် ၁၀,၀၀၀ ကျော်သွားပါပြီ။

ဒုက္ခသည်တွေကို ဒီကျွန်းကို ပြောင်းရွှေ့မှုမှာတော့ သူတို့ ပါဝင်ပတ်သက်မှု မရှိခဲ့ဘူးလို့ ကုလသမဂ္ဂအဖွဲ့တွေက အစောပိုင်းထဲကပြောထားပါတယ်။

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေကတော့ ဒီရွှေ့ပြောင်းမှုမှာ ဒုက္ခသည်တွေရဲ့ ဆန္ဒသဘောထားအတိုင်း လုပ်ခဲ့တာဖြစ်တယ်လို့ပြောပေမဲ့ ရွှေ့ပြောင်းခံရတဲ့တချို့ကတော့ သူတို့ကို အတင်းအကြပ် ရွှေ့ပြောင်းခဲ့တာလို့ ပြောကြပါတယ်။

မြန်မာနိုင်ငံအတွင်း ပဋိပက္ခတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားသူတွေအရေးမှာ မြန်မာစစ်တပ်ကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံပေမဲ့၊ ဒုက္ခသည်တွေကိုတော့ စိစစ်လက်ခံသွားမယ်လို့ ပြောထားပါတယ်။

ဒါပေမဲ့ ဒုက္ခသည်တွေ နေရပ်ပြန်ရေးအစီအစဉ်ကတော့ အခုချိန်အထိ နှောင့်နှေးနေဆဲ ဖြစ်ပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */