RFA
RFA Burmese
2024.11.21
အင်ဒိုနီးရှားနိုင်ငံကို ထွက်ပြေးလာကြသည့် ရိုဟင်ဂျာတချို့အား ၂ဝ၂၃ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့က တွေ့ရစဉ်။
လာမယ့် ၂ဝ၂၅ ခုနှစ်မှာ ရိုဟင်ဂျာအရေး ဆွေးနွေးအဖြေရှာမယ့် အဆင့်မြင့်ညီလာခံ ကျင်းပမယ်လို့ ကုလသမဂ္ဂအထွေထွေညီလာခံက ဆုံးဖြတ်လိုက်ပါတယ်။
ရိုဟင်ဂျာအရေးအကျပ်အတည်း ဖြေရှင်းနိုင်ရေးအတွက် အချိန်ကာလ အတိအကျသတ်မှတ်ထားတဲ့ အစီအစဉ်တစ်ရပ် အဆိုပြုတင်သွင်းဖို့ အဖွဲ့အစည်းအားလုံးပါဝင်တဲ့ အဆင့်မြင့်ညီလာခံ ကျင်းပသွားမယ်လို့ ကုလသမဂ္ဂအထွေထွေညီလာခံက ဆုံးဖြတ်လိုက်တဲ့အကြောင်း Dhaka Tribune သတင်းက နိုဝင်ဘာ ၂၁ ရက်နေ့မှာ ဖော်ပြပါတယ်။
ဒါဟာ ပြီးခဲ့တဲ့စက်တင်ဘာလက ကျင်းပခဲ့တဲ့ ကုလသမဂ္ဂညီလာခံမှာ ဘင်္ဂလားဒေ့ရှ်အစိုးရ အကြံပေးအရာရှိချုပ် မိုဟာမက် ယူနွတ် တောင်းဆိုခဲ့တာဖြစ်ပါတယ်။
ကုလသမဂ္ဂဆိုင်ရာ ဘင်္ဂလားဒေ့ရှ် အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး Muhammad Abdul Muhith က ရိုဟင်ဂျာတွေကို သူတို့ဆန္ဒနဲ့အညီ ဂုဏ်သိက္ခာရှိရှိ လုံခြုံဘေးကင်းပြီး မြန်မာနိုင်ငံကို ပြန်နိုင်တဲ့အခြေအနေတွေ ဖန်တီးပေးတာဟာ ဘင်္ဂလားဒေ့ရှ်တင်မကဘဲ ဒေသတွင်းနဲ့ နိုင်ငံတကာလုံခြုံ ရေးအတွက်ပါ အရေးကြီးတဲ့အကြောင်း နိုဝင်ဘာ ၂ဝ ရက်နေ့က ကုလသမဂ္ဂမှာ ပြောခဲ့ပြီးနောက် ညီလာခံကျင်းပမယ့်အကြောင်း ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။
မြန်မာနိုင်ငံက ရိုဟင်ဂျာတွေနဲ့ တခြားလူနည်းစုတွေအရေး ဆွေးနွေးမယ့် ညီလာခံကို ၂ဝ၂၅ ခုနှစ်အစောပိုင်းမှာ ကျင်းပဖို့ ဆုံးဖြတ်ထားတယ်လို့ ဘင်္ဂလားဒေ့ရှ်သတင်းက ဖော်ပြပါတယ်။
ဆက်နွယ်သောသတင်းများ

- ဧရာဝတီတိုင်းမှာ လှေမြုပ်လို့ ရိုဟင်ဂျာ ၁၇၄ ဦး သေဆုံးခဲ့ကြောင်း BROUK အဖွဲ့ပြော
- တရားမဝင်ရောက်လာတဲ့ ရိုဟင်ဂျာ အယောက် ၇၀ ကို ထိုင်း ဖမ်းဆီး
- ရိုဟင်ဂျာအရေး နိုင်ငံတကာ အထောက်အကူရဖို့ ဘင်္ဂလားဒေ့ရှ် ကြိုးစား
- ဘင်္ဂလားဒေ့ရှ်ဘက် တရားမဝင် ဝင်ရောက်တဲ့ ရိုဟင်ဂျာ ၈၁ ယောက် ဖမ်းဆီးခံရ
- ရိုဟင်ဂျာလှေစီးဒုက္ခသည်တွေ ပိုများလာနိုင်ကြောင်း Save The Children ပြော
No comments:
Post a Comment