MYANMAR NOW
ကိုချို
March 17, 2025
နိုင်ငံတကာကူညီမှု လျော့ပါးသွားချိန်တွင် ကုလသမဂ္ဂ ရန်ပုံငွေ မလုံလောက်သဖြင့် မြန်မာပြည်မှ အကူအညီလိုအပ်နေသူ အများအပြား အခြေအနေဆိုးနှင့် ရင်ဆိုင်နေရသည်။
မြန်မာနိုင်ငံမှ လူဦးရေတစ်သန်းအတွက် ရိက္ခာ အထောက်အပံ့များကို ရန်ပုံငွေ မလုံလောက်မှုကြောင့် ရပ်ဆိုင်းသွားမည်ဟု ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ကြေညာထားရာ ခက်ခက်ခဲခဲ ရပ်တည်နေရသည့် ၎င်းတို့၏ အခြေအနေများ ပိုမိုဆိုးရွားတော့မည်ဟု ဒုက္ခသည်များက ပြော သည်။
ရခိုင်ပြည်နယ်အတွင်းရှိ ရိုဟင်ဂျာဒုက္ခသည်များအတွက် ထောက်ပံ့မှုမှာ လာမည့်လတွင် စတင် ရပ် ဆိုင်းမည်ဟု သိရကြောင်း ဒုက္ခသည်စခန်းတွင်နေထိုင်သူများက ပြောသည်။
ထောက်ပံ့မှုမှာ ဇန်နဝါရီကတည်းက သိသိသာသာ လျှော့ချခဲ့ပြီးဖြစ်သည်ဟု ဆိုသည်။
လစဉ် လူတစ်ဦးလျှင် ကျပ် ၅ သောင်းရရှိခဲ့ရာမှ ၃ သောင်းသာ ရတော့သည်၊ ဧပြီလက စတင်ပြီး ထောက်ပံ့ကြေးငွေများ ရပ်တန့်မည်ဟု သိရှိရသည်ဟု စစ်တွေမြို့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတစ်ခုတွင် နေထိုင်သူတစ်ဦးက ပြောသည်။
“အခုတောင် တောင်းစားရတဲ့သူတွေတောင်များလာပြီ။ လောလောဆယ်တော့ ရှိတဲ့သူတွေက နိုင်သလောက်တော့ ကူညီနေကြတယ်။ စားနပ်ရိက္ခာရမယ့် အထောက်အပံ့တွေ ရပ်တန့်သွားမယ် ဆိုရင်တော့ အခြေအနေက တော်တော်လေး ဆိုးရွားသွားလိမ့်မယ်”ဟု ၎င်းက ဆိုသည်။
စစ်တွေမြို့တွင် ရိုဟင်ဂျာ ဒုက္ခသည် ၁၁၀,၅၃၇ ဦးထက်မနည်း ရှိပြီး အိမ်ထောင်စု အရေအတွက်မှာ ၁၇,၈၅၅ စု ကျော် ဖြစ်သည်။
ထိုဒုက္ခသည်များမှာ ၂၀၁၂ ခုနှစ် ရိုဟင်ဂျာအရေးအခင်းတွင် ၎င်းတို့ နေထိုင်ရာ နေအိမ် အဆောက် အအုံများ မီးရှို့ဖျက်ဆီးခံခဲ့ရပြီးနောက် ဒုက္ခသည်စခန်းတွင် နေထိုင်နေရသူများ ဖြစ်ကြသည်။
WFP ထောက်ပံ့မှု ရရှိနေသူများမှာ မြန်မာနိုင်ငံအတွင်း တိုက်ပွဲဖြစ်နေသည့် ဒေသများတွင် နေရပ်စွန့် ထွက်ပြေးနေရသူများ ဖြစ်ကြသည်။
ရှမ်းပြည်တောင်ပိုင်းက စစ်ဘေးဒုက္ခသည်တစ်ဦးဖြစ်သည့် ဒေါ်ဝေဝေက ၎င်းတို့ ပိုကျပ်တည်းလာမည့်အရေးအတွက် စိတ်ပူကြောင်း ပြောသည်ဟု RFA မြန်မာပိုင်းသတင်းဌာ၏ မတ်လ ၁၅ ရက်နေ့ထုတ် သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။
“သူတို့ လာထောက်ပံ့တော့ ကျွန်မတို့အတွက် ဖူလုံတာပေါ့လေနော်။ အလုပ်လည်းမရှိ တစ်ဖက်နဲ့ဆိုတော့လေနော်။ ဆန်လေးရှိထားတော့ ဆန်ဆိုရင် တစ်ယောက် ခြောက်ပြည်နဲ့ ခြောက်ဗူး၊ ဆီက တစ်လီတာ ရတယ်။ ကလေးငယ်တွေဆို အဟာရမှုန့်ပေါ့နော်။ သူတို့ပေးတာ ဆီက မိသားစု ငါးယောက်ဆို မိသားစုတစ်စုဆို နှစ်ပိဿာခွဲလောက်တော့ ရတယ်လေ။ အလုပ်မရှိရင်လည်း ဒီဟာလေးနဲ့ ထိုင် စားလို့ ရတာပေါ့” ဟု သူက RFA ကို ပြောသည်။
“အခုဆိုရင် ထိုင်စားဖို့ မပြောနဲ့ ဘယ်ဘက်မှ လမ်းမမြင်ဘူး။ ဝယ်စားရတာလည်း ဈေးက နှစ်ဆ၊ ဒီဘက်ဆို ကုန်ဈေးနှုန်း ပိုမြင့်တယ်လေ”
WFP ထုတ်ပြန်ချက်
ရိက္ခာ အထောက်အပံ့များ ရပ်ဆိုင်းသွားမည်ဟူသော WFP ၏ ထုတ်ပြန်ချက်မှာ မတ် ၁၄ ရက်နေ့က ထွက်ပေါ်လာခြင်း ဖြစ်သည်။
ရန်ပုံငွေအသစ် မရရှိနိုင်လျှင် ထိခိုက်လွယ်မှုအမြင့်ဆုံးဖြစ်သည့် အသက် ငါးနှစ်အောက်ကလေးများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ နို့တိုက်မိခင်များနှင့် မသန်စွမ်းသူများ အပါအဝင် လူဦးရေ ၃၅,၀၀၀ ကိုသာ ဦးစားပေး ကူညီထောက်ပံ့သွားမည်ဟု ထိုထုတ်ပြန်ချက်က ဆိုသည်။
“အခုဖြစ်လာမယ့် အကူအညီရပ်ဆိုင်းမှုတွေဟာ အသက်ရှင်သန်ရေးအတွက် WFP အကူအညီ တစ်ခု တည်းကိုသာ အားထားနေကြရတဲ့ နိုင်ငံတစ်ဝန်းက ထိခိုက်လွယ် ရပ်ရွာလူထုတွေအတွက် ပြင်းပြင်း ထန်ထန်ဆိုးဆိုးရွားရွား ရိုက်ခတ်နိုင်ပါတယ်” ဟု WFP ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စား လှယ် Michael Dunford က ဆိုသည်။
၎င်းတို့၏အထောက်အပံ့ကိုသာ အားထားနေရသည့် ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာဒုက္ခသည်များ အပါ အဝင် ရခိုင်ပြည်နယ်အလယ်ပိုင်းရှိ နေရပ်စွန့်ခွာသူ တစ်သိန်းကိုပါ ထိခိုက်လိမ့်မည်ဟု WFP ထုတ်ပြန်ချက်က ဆိုသည်။
မြန်မာပြည်သူများ အသက်ကယ်ဆယ်ရေး ရိက္ခာအထောက်အပံ့များ ဆက်လက်ပေးအပ်နိုင်ရန် အမေရိကန်ဒေါ်လာ သန်း ၆၀ အရေးပေါ်လိုအပ်နေပြီး မြန်မာနိုင်ငံတွင် လူဦးရေ ၁၅ ဒဿမ ၂ သန်း ခန့်သည် တစ်နေ့တာစားနပ်ရိက္ခာလိုအပ်ချက်ကို မပြည့်မီနိုင်သည့်အရေးကြုံနေရသည်။
ထိုအထဲမှ လူဦးရေ ၂ ဒသမ ၃ သန်းသည် ဆာလောင်မွတ်သိပ်မှုဒဏ်ကို အရေးပေါ်အခြေအနေထိ ရင်ဆိုင်နေကြရသည် ဟု WFP ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
ကုလသမဂ္ဂ အဖွဲ့များသည် နိုင်ငံတကာ ထည့်ဝင်ငွေများနှင့် ရပ်တည်နေသော အဖွဲ့များ ဖြစ်သည်။
မည်သည့်အလှူရှင်နိုင်ငံများက ရံပုံငွေရပ်ဆိုင်းခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြမထားပေ။
အမေရိကန်တွင် သမ္မတသစ် တက်လာပြီးနောက် နိုင်ငံတကာသို့ ကူညီမှုများကို ရပ်ဆိုင်းထားသည်။ အနောက်နိုင်ငံများကလည်း ကူညီမှု လျှော့ချနေသည်ဟု သိရသည်။
Link : Here

No comments:
Post a Comment