ဧရာဝတီ
2 October 2025
၂၀၁၉ ခုနှစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကောက်ဘဇားရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းတခုအတွင်း ၂၀၁၇ သတ်ဖြတ်မှုများ ၂ နှစ်ပြည့် အခမ်းအနားကျင်းပစဉ်/AFP
ရခိုင်ပြည်နယ်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေစဉ် မြန်မာမှ တိုက်ခိုက်မှုများကြောင့် ထွက်ပြေးလာသည့် ရိုဟင်ဂျာ လူမှုအသိုက်အဝန်းဝင်များသည် ဖိနှိပ်ခံ မွတ်ဆလင်လူနည်းစု၏ ဒုက္ခများကို အာ ရုံစိုက်မှုရရန်အတွက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မိန့်ခွန်းပြောကြသည်။ နယူးယောက်မြို့မှ ကျယ်ပြန့်သော ကုလသမဂ္ဂခန်းမတွင် ရိုဟင်ဂျာ ကျောင်းသားကွန်ရက် တည် ထောင်သူ မောင်စောယက်ဒိုလာက ဘဝတူ ရိုဟင်ဂျာများကို စက်တင်ဘာလ ၃၀ ရက်နေ့တွင် တိုက်ရိုက် ထုတ်လွှင့်ပြောကြားပြီး “ချစ်စွာသော ညီအကို မောင်နှမများ၊ ခင်ဗျားတို့ကို မေ့မထားဘူး။ ကမ္ဘာက ခင်ဗျားတို့ ဒုက္ခတွေကို မမြင်ဘူးလို့ ခင်ဗျားတို့ ခံစားကောင်းခံစားရမယ်။ ရိုဟင်ဂျာတွေက ခင်ဗျားတို့ကို မြင်နေရတယ်” ဟု ပြောသည်။
“အခု ဒီသတင်းစကားက ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ ကုလသမဂ္ဂအတွက်ဖြစ်ပါတယ်။ ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုကို ဖော်ထုတ်ထားတာ ရှစ်နှစ်ကျော်ပြီ။ ရိုဟင်ဂျာတွေအတွက် တရားမျှတမှု ဘယ်မှာလဲ” ဟု ၎င်းကပြောသည်။
ထို့နောက် သူသည် မြစ်တခုအနီး လူအများအပြား၏ အလောင်းများ ဓာတ်ပုံတခုကို ကိုင်မြှောက်ပြီး ထိုသူများသည် ၂၀၂၄ ခုနှစ်၊ သြဂုတ်လက မြန်မာမှ အာရက္ခတပ်တော် (AA) ၏ ဒရုန်းတိုက်ခိုက်မှုကြောင့် သေဆုံးသူများဖြစ်သည်ဟု ပြောသည်။
“ဒါတွေဟာ သီးခြားဖြစ်နေတဲ့ကိစ္စတွေ မဟုတ်ဘူး။ စနစ်တကျတိုက်ခိုက်မှု တစိတ်တပိုင်းဖြစ်တယ်” ဟု ၂၀၁၇ ခုနှစ်တွင် မြန်မာမှ ထွက်ပြေးလာပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အရှေ့တောင်ပိုင်း ကောက်ဘဇား ဒုက္ခသည်စခန်းများတွင် ခုနစ်နှစ်နေခဲ့သည့် ကျောင်းသား စောယက်ဒိုလာက ပြောသည်။
“အာရက္ခတပ်တော်ရဲ့ လူမဆန်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ဘာကြောင့် အတားအဆီး မရှိတာလဲ” ဟု သူကမေးသည်။
ယခုကျင်းပသည့် အခမ်းအနားသည် သမိုင်းဝင်ပြီး ရိုဟင်ဂျာပြဿနာကို ကုလသမဂ္ဂက ပြန်လည် အာရုံစိုက်စေမည်ဟု မျှော်လင့်ကြောင်း အဆင့်မြင့် ကုလသမဂ္ဂ အထွေထွေညီလာခံ အစည်းအဝေး တက်ရောက်ခဲ့သည် အမျိုးသမီးများ ငြိမ်းချမ်းရေးကွန်ရက် – မြန်မာမှ အမှုဆောင်ဒါရိုက်တာ ဝေဝေနုက ပြောသည်။
ဝေဝေနုက သူ၏မိန့်ခွန်းတွင် ရိုဟင်ဂျာ လူမှုအသိုက်အဝန်းရှိရာ ရခိုင်ပြည်နယ်သို့ လူသားချင်းစာနာမှု အကူအညီများ ပိတ်ဆို့ထားခြင်း အပါဝင် အရေးပါသည့် ဦးစားပေးအများအပြားကို မီးမောင်ထိုးပြသည်။ ထိုကိစ္စကို ညီလာခံ၏ သီးခြားအစည်းအဝေးတွင် ဆွေးနွေးသည်ဟု သူကပြောသည်။

အောက်တိုဘာ ၃၀ ရက် နယူးယောက် ကုလသမဂ္ဂတွင် ရိုဟင်ဂျာအရေး နိုင်ငံတကာညီလာခံ ကျင်းပစဉ်/UN
“ဒါကို ပြောခွင့်ရရင် ဒီညီလာခံဟာ ထိုက်တန်တယ်။ ရခိုင်ပြည်နယ်ထဲက ရိုဟင်ဂျာတွေကို ကျမတို့ ကယ်ဖို့လိုတယ်” ဟု ဝေဝေနုက ပြောသည်။
အဖွဲ့ဝင်နိုင်ငံ အများအပြားသည် ၎င်းတို့၏ မိန့်ခွန်းများတွင် အရင်းခံအကြောင်းရင်းကို ကိုင်တွယ်ဖြေရှင်းပြီး တရားမျှတမှုနှင့် တာဝန်ခံမှု ဆက်လက်ရအောင်လုပ်ရန် အလေးထားပြောကြောင်း ဝေဝေနုက Al Jazeera သို့ ပြောသည်။
သို့သော် ရိုဟင်ဂျာ အကျပ်အတည်း အဖြေရှာရေးတွင် ကျိုးကြောင်းဆီလျော်ပြီး ညီညွတ်သောနည်းလမ်းသည် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ဒေသတွင်း အပါအဝင် ခေါင်းဆောင်မှုနှင့် ညှိနှိုင်းမှု ကင်းမဲ့နေကြောင်း သူက ဆက်လက်ပြောသည်။
မြန်မာ၊ စစ်တပ်နှင့် AA အပါအဝင် အခြား လက်နက်ကိုင်များအပါအဝင် ကျူးလွန်သူများ အားလုံးကို ပစ်မှတ်ထား ပိတ်ဆို့အရေးယူရန်နှင့် ရိုဟင်ဂျာများကို ကာကွယ်ရန် လက်နက်ပိတ်ဆို့မှု ပြုလုပ်ရေး နိုင်ငံအားလုံးအတွက် အရေးကြီးသည်ဟု ဝေဝေနုက ပြောသည်။
အကူအညီ အကြီးအကျယ် ဖြတ်တောက်
အကူအညီ အကြီးအကျယ် ဖြတ်တောက်ခြင်းသည် မြန်မာစစ်တပ်၏ လူမျိုးစု သုတ်သင်မှုမှ ထွက်ပြေးပြီး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်တွင် ခိုလှုံနေသူ ၁ သန်းကျော် အပါအဝင် ရိုဟင်ဂျာများ၏ အခြေအနေကို ပိုမို ဆိုးရွားစေသည်ဟု ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကိုယ်စား အတွင်းရေးမှူးချုပ်ရုံး အကြီးအကဲ မစ္စတာ အားလ် ကော့တနေ ရက်ထရေးက ကုလသမဂ္ဂဖွဲ့ဝင်နိုင်ငံများကို ပြောကြားသည်။
“လွန်ခဲ့တဲ့ ၁၈ လအတွင်းမှာတင် ရိုဟင်ဂျာ ၁၅၀,၀၀၀ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးလာတယ်။ ဘင်္ဂလားဒေ့ရှ်က နယ်စပ်ကို ရက်ရက်ရောရောဖွင့်ထားပြီး သူတို့ကို ခိုလှုံခွင့်ပေးတယ်” ဟု မစ္စတာ ရက်ထရေးက ပြောသည်။
ဘင်္ဂလားဒေ့ရှ်သည် ဧည့်ဝတ်နှင့်ရက်ရောမှု အကြီးအကျယ်ပြသသည်ဟု မစ္စတာ ရက်ထရေးက ပြောသော်လည်း ဘင်္ဂလားဒေ့ရှ်အကြံပေးအရာရှိချုပ် မူဟာမက် ယူနွတ်က ထိုအကျပ်အတည်း ရှစ်နှစ်ကြာသောအခါ သူ၏ နိုင်ငံသည် ရိုဟင်ဂျာဒုက္ခသည်များကို ကူညီရန် ရုန်းကန်နေရသည်ဟု ပြောသည်။
“လူမျိုးတုံးသတ်ဖြတ်မှုနောက်ပိုင်း ရှစ်နှစ်ကြာတဲ့အခါ ရိုဟင်ဂျာတွေရဲ့ ဆိုးရွားတဲ့ကံကြမ္မာက ဆက်လက်ရှိနေတယ်” ဟု ထိုအခမ်းအနားနှင့် လွန်ခဲ့သောလက ကောက်ဘဇားမှ အခမ်းအနားတခုတို့ကို ပူးတွဲကျင်းပသည့် မစ္စတာ ယူနွတ်က ပြောသည်။ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာမှ ရိုဟင်ဂျာများ၏ ဆိုးရွားသော ကံကြမ္မာကို ပြန်လည်အာရုံစိုက်စေရန် ထိုအခမ်းအနားများကို ကျင်းပခြင်းဖြစ်သည်။
“ဒီ အကျပ်အတည်းမှာ ဘင်္ဂလားဒေ့ရှ်က ကြားဝင်ခံနေရတယ်” ဟု မစ္စတာ ယူနွတ်က ပြောသည်။နယူးယောက် ကုလသမဂ္ဂတွင် ရိုဟင်ဂျာအရေး နိုင်ငံတကာညီလာခံတွင် မိုဟာမက်ယူနွတ် မိန့်ခွန်းပြောနေစဉ်/UN
“အင်မတန်ကြီးမားတဲ့ ဘဏ္ဍာရေး၊ လူမှုရေးနဲ့ သဘာဝပတ်ဝန်းကျင် တန်ဖိုးတွေ ကျနော်တို့ ပေးဆပ်နေရတယ်။ ရန်ပုံငွေ ထောက်ပံ့မှု လျော့ကျလာလို့ တခုတည်းသော ငြိမ်ချမ်းသောနည်းလမ်းက ပြန်လည် ပို့ဆောင်ရေး စတင်ဖို့ဖြစ်တယ်” ဟု ၎င်းကပြောသည်။
“ရိုဟင်ဂျာတွေက အိမ်ပြန်ဖို့ဆန္ဒကို အမြဲတမ်း ထုတ်ဖော်ပြောဆိုတယ်” ဟုလည်း မစ္စတာ ယူနွတ်က ပြောပြီး လတ်တလော ခြေလှမ်းအနေဖြင့် ပဋိပက္ခမှ မကြာသေးမီက ထွက်ပြေးလာသူများကို ပြန်လည် ပို့ဆောင်ခွင့်ပေးရမည်ဟု ဆက်လက်ပြောသည်။
ထိုင်းနိုင်ငံနှင့်မတူဘဲ ဘင်္ဂလားဒေ့ရှ်သည် “အလုပ်လက်မဲ့ဖြစ်ခြင်းနှင့် ဆင်းရဲနွမ်းပါးမှု အပါအဝင် နိုင် ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး စိန်ခေါ်မှုများကြောင့်” ရိုဟင်ဂျာများကို အလုပ်လုပ်ခွင့် မပေးနိုင်ကြောင်း မစ္စတာ ယူနွတ်က ပြောသည်။
အကောင်းဆုံးအနာဂတ် မျိုးဆက်သစ်များဆိုင်ရာ အမေရိကန် အထူးသံတမန် ချားလ်ဟာဒါသည် ထိုအခမ်းအနား၌ စကားပြောသူများတွင် ပါဝင်ပြီး ရိုဟင်ဂျာဒုက္ခသည်များကို လက်ခံထားခြင်းအတွက် ဘင်္ဂလားဒေ့ရှ်နှင့် ထိုင်းနိုင်ငံကို ကျေးဇူးတင်ကြောင်း ပြောသည်။
အမေရိကန်သည် ဘင်္ဂလားဒေ့ရှ်မှ ရိုဟင်ဂျာများအတွက် အကူအညီ ဒေါ်လာ သန်း ၆၀ ဖိုးပေးမည်ဟု ကြေညာသည်။ ထိုအကူအညီသည် အလုပ်လုပ်ခွင့်ပေးရန် အကောင်အထည်ပေါ်သည့် အပြောင်းအလဲများကို ဘင်္ဂလားဒေ့ရှ်က လုပ်၊ မလုပ်နှင့် သက်ဆိုင်မည်ဟု ၎င်းကပြောသည်။
သို့သော် ဘင်္ဂလားဒေ့ရှ်မှ ဒုက္ခသည်များကို ငွေကြေးထောက်ပံ့ခြင်းသည် အမေရိကန်က အကန့်အ သတ်မရှိ ထမ်းမည့် ဝန်ထုတ်ဝန်ပိုး မဟုတ်ကြောင်းလည်း သူကပြောသည်။
“ဒေသတွင်းက အခြားအစိုးရတွေ၊ အခြားသက်ဆိုင်သူတွေအနေနဲ့ ရေရှည်တည်တံ့တဲ့ ရိုဟင်ဂျာပြဿနာ အဖြေရှာဖို့ အရင်ကတည်းက လုပ်ရမှာ” ဟု မစ္စတာ ဟာဒါက ပြောသည်။
စက်တင်ဘာလ ၃၀ ရက်နေ့က ကျင်းပသည့် အစည်းအဝေးတွင် အခြား ကုလသမဂ္ဂအဖွဲ့ဝင် ၅၀ ခန့် စကားပြောသော်လည်း ရိုဟင်ဂျာများအတွက် ဒေါ်လာ ၃၆ သန်းကူညီမည်ဟု ကြေညာသည့် ဗြိတိန်နိုင်ငံမှအပ အခြားမည်သည့်နိုင်ငံမှ ရေရေရာရာ မပြောသလောက်ပင် ဖြစ်သည်။
ဂမ်ဘီယာ တရားရေးဝန်ကြီး ဒေါ်ဒါ ဂျဲလိုးလည်း ထိုအစည်းအဝေးတွင် မိန့်ခွန်းပြောကြားပြီး ရိုဟင်ဂျာများက လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်သည့်စွပ်စွဲမှုကို လာမည့်နှစ် ဇန်နဝါရီလတွင် စီစဉ်ထားသည့် နှုတ်ဖြင့်ကြားနာမှုအပြီး မကြာမီ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က ဆုံးဖြတ်ချက်ချမည်ဟု မျှော် လင့်ကြောင်း ပြောသည်။
“ကျနော်တို့က အမှုကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလက တင်သွင်းတာ ခြောက်နှစ်လောက်ရှိပြီ။ အခု ကျနော်တို့က ဒီအမှုကို သင့်တော်မှု ရှိ၊ မရှိ ဆုံးဖြတ်ဖို့ နှုတ်နဲ့ကြားနာမှုအတွက် ပြင်ဆင်နေတယ်။ အဲဒီကြားနာမှုကို တရားရုံးက ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှာ စီစဉ်ထားတယ်” ဟု တရားရေးဝန်ကြီး ဂျဲလိုးက ပြောသည်။
“ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုအတွက် မြန်မာမှာ ဘာကြောင့် တာဝန်ရှိလဲဆိုတာနဲ့ ကျူးလွန်ခံရသူတွေကို ဘာကြောင့် လျော်ကြေးပေးရမယ်ဆိုတာကို ဂမ်ဘီယာနိုင်ငံက တင်ပြမှာဖြစ်တယ်” ဟု ၎င်းကပြောသည်။
(Al Jazeera ပါ Lyndal Rowlands ၏ Rohingya ask UN ‘where is the justice’ amid Myanmar violence, aid cuts ကို ဘာသာပြန်သည်။)
You may also like these stories:

- AA နှင့် ရိုဟင်ဂျာ မွတ်စလင်အရေး လေ့လာကြည့်ခြင်း
- ရိုဟင်ဂျာတွေ အသတ်ခံရတယ်ဆိုတဲ့ ထန်းရှောက်ခံရွာသို့
- ရိုဟင်ဂျာတွေ အိမ်ပြန်ဖို့ AA နဲ့ စကားပြောရမယ် (ရုပ်/သံ)
- ရိုဟင်ဂျာများ “လုံခြုံစွာ အိမ်ပြန်ရေး” ဘင်္ဂလားဒေ့ရှ်ခေါင်းဆောင် တိုက်တွန်း
- ကျနော်တို့ စစ်သည်တွေနဲ့ လေ့ကျင့်ပေးထားတဲ့ ရိုဟင်ဂျာတွေရဲ့ အရိုးစုပဲ
- ရိုဟင်ဂျာ ၆၀၀ ကျော်ကို သတ်ဖြတ်မှုမရှိခဲ့ကြောင်း AA ငြင်းဆို (ရုပ်/သံ)
No comments:
Post a Comment