မြန်မာဌာန | သတင်းများ
နေမျိုးထွန်း
2020-09-21
Photo: RFA
ရန်ကုန်တိုင်းဒေသကြီး လသာမြို့နယ်က တစ်သီးပုဂ္ဂလ အမတ်လောင်း ဦးကျော်စိုးထွဋ်ရဲ့ အငြင်းပွားဖွယ် မဲဆွယ်ဆိုင်းဘုတ်တစ်ခုဟာ ဥပဒေနဲ့ ငြိစွန်းမှု ရှိ၊ မရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို တင်ပြထား ပါတယ်။ သူ့ရဲ့ မဲဆွယ်ဆိုင်းဘုတ်ပါ စာသားတွေနဲ့ ပတ်သက်ပြီး နိုင်ငံရေးပါတီတွေ၊ လူ့အခွင့်အရေး လှုပ်ရှား သူ တချို့အကြား အမြင်မတူတာတွေလည်း ရှိနေပါတယ်။











