Tuesday, September 15, 2020

ICJ တရားရုံးမှာ အမှုရင်ဆိုင်နေရတဲ့ မြန်မာကိစ္စ IIMM ပူးပေါင်းဆောင်ရွက်နေ

VOA
ဗွီအိုအေ (မြန်မာပိုင်း)
15 စက်တင်ဘာ၊ 2020 

၄၂ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီညီလာခံမှာ အစီရင်ခံတင်ပြနေတဲ့ IIMM မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု ယန္တရား အဖွဲ့ ဥက္ကဌ Nicholas Koumjian 

မြန်မာနိုင်ငံဆိုင်ရာသီးခြား လွတ်လပ်တဲ့ စုံစမ်းရေးအဖွဲ့ (IIMM) က အဖွဲ့ရဲ့ တစ်နှစ်တာ ကာလအတွင်း ရရှိခဲ့တဲ့ တိုးတက်မှုတွေကို ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီကို အစီရင်ခံ တင်ပြရင်း ကုလ အဖွဲ့ ဝင် နိုင်ငံတွေ အနေနဲ့ IIMM အဖွဲ့ကို ဆက်လက် ထောက်ခံ အားပေး ဖို့ကို IIMM အဖွဲ့ ခေါင်းဆောင်က ထပ် မံ တောင်းဆိုလိုက်ပါတယ်။

IIMMအဖွဲ့အနေနဲ့ မြန်မာနိုင်ငံအတွင်း ရာဇဝတ်မှုကျူးလွန်မှုတွေမှာ တာဝန်ခံမှုတွေရှိလာစေဖို့ အချက် အရေးကြီး တာကို နားလည် ကြောင်း၊ ဒါပေမဲ့ IIMM အဖွဲ့တစ်ခုတည်းအနေနဲ့ ဒီကိစ္စကို ဆောင်ရွက်လို့ မရ တာကြောင့် အဖွဲ့ တည်ထောင်ရခြင်းရဲ့ ရည်မှန်းချက် ပြည့်မီစေဖို့အရေးနိုင်ငံတကာ အသိုက်အဝန်းနဲ့ ဒေ သတွင်းက နိုင်ငံတွေရဲ့ အကူအညီလိုအပ်ကြောင်း အဖွဲ့ရဲ့ ဥက္ကဌ Nicholas Koumjian က အဖွဲ့ရဲ့ ဒုတိယ အကြိမ် အစီရင်ခံစာကို တင်သွင်းရာမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

IIMM အဖွဲ့ဟာ ခေတ်မီ နည်းပညာတွေနဲ့ အထောက်အထားတွေ ကောက်ယူနေဆဲမှာပဲ မြန်မာနိုင်ငံ အစိုး ရ ဆီကလည်း သတင်း အချက်အလက်တွေ ရရှိဖို့ ကြိုးစားခဲ့ကြောင်း၊ အထောက်အထားတွေ ရယူရာမှာ ဒီအထောက် အထားတွေကြောင့် ပြစ်မှု ကျူးလွန် သူတွေကလွဲရင် ကျန်တဲ့ သူတွေ စိတ်ပူပင် ကြောက်ရွံ့စရာ မလိုတဲ့အကြောင်း ကိုလည်း အသိပေးထားကြောင်း ပြောပါတယ်။

IIMM အဖွဲ့က ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ ၂၀၂၀ ပြည့်နှစ် ဇွန်လ ၂၂ ရက်စွဲပါ ဆုံးဖြတ်ချက် အမှတ် ၄၃/၂၆ ကို ရည်ညွှန်း ဖော်ပြထားပါတယ်။ အဲဒီ ဆုံးဖြတ်ချက်က နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) နဲ့ နိုင်ငံတကာ တရားရုံး (ICJ) အပါအဝင် အမျိုးသားအဆင့်၊ ဒေသအဆင့်နဲ့ နိုင်ငံတကာ အဆင့် တရား ရုံးတွေနဲ့ IIMM ယန္တ ယား အဖွဲ့ကြား စုံစမ်းစစ်ဆေးမှုတွေမှာ အပြန်အလှန် ပူးပေါင်း ဆောင်ရွက်ကြဖို့တောင်း ဆိုထားပါတယ်။ ဒီဆုံးဖြတ်ချက်အရ IIMM ကနေ ICJ မှာ တရား ရင်ဆိုင်နေတဲ့ ဂမ်ဘီယာနဲ့ မြန်မာနိုင်ငံ တွေ ဆီကို သတင်းအချက် အလက်တွေ ပေးပို့ပေးခဲ့တယ် လို့ IIMM ဥက္ကဌ Mr. Koumjian က ပြောပါ တယ်။

IIMM အဖွဲ့ ရရှိခဲ့တဲ့ တိုးတက်မှုတွေထဲ ၂၀၁၁ ခုနှစ်ကစလို့ မြန်မာနိုင်ငံအတွင်း အပြည်ပြည်ဆိုင်ရာ ဥပဒေ ချိုးဖောက်ပြီး နိုင်ငံတကာ ရာဇဝတ်မှု ကျူး လွန်တာတွေနဲ့ ဆက်နွယ်တဲ့ အထောက်အထားတွေ ရယူ စု ဆာင်း သိမ် ဆည်းထားနိုင်ဖို့အတွက် အဖွဲ့တစ်ဖွဲ့ဖွဲ့စည်း နိုင်ခဲ့တာ ပါဝင်တယ်လို့လည်း Mr. Koumjian က အစီရင်ခံထားပါတယ်။

IIMM နဲ့ လုပ်ငန်း လုပ်ဆောင်နေတုန်း သူ့အတွက် မေ့မရနိုင်ဆုံး အချက်ကတော့ ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်း က ဘင်္ဂလားဒေ့ရှ်နယ်စပ် က ဒုက္ခသည် စခန်းတွေက ကိုယ်စားလှယ်တွေနဲ့ ဒုက္ခသည်တွေကို တွေ့ဆုံရတဲ့ အချိန် ဖြစ်တယ်လို့လည်း Mr. Koumjian က ပြောပါတယ်။

မြန်မာနိုင်ငံတွင်း ရိုဟင်ဂျာနဲ့ အခြားလူနည်းစု လူမျိုးတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပေါ် အရေး ယူနိုင်ဖို့ ဒီအဖွဲ့ ဖွဲ့စည်းမှုကို ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၇ ရက်နေ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင် စီကနေ အတည်ပြု ဆုံးဖြတ်ခဲ့တာပါ။ ၂၀၁၁ ခုနှစ်ကတည်းက မြန်မာနိုင်ငံတွင်းဖြစ်ခဲ့တဲ့ ရာဇဝတ် မှုတွေနဲ့ နိုင်ငံတကာဥပဒေချိုးဖောက်မှုတွေအပေါ် ခိုင်မာတဲ့အချက်အလက်တွေ စုံစမ်းရယူပြီး အမှုတည် ဆောက်ထားဖို့ဆိုတဲ့ လုပ်ပိုင်ခွင့်ပေးထားပါတယ်။

မြန်မာအစိုးရကတော့ ရိုဟင်ဂျာ အသုံးအနှုန်းကို လက်မခံသလို IIMM ကို ဖွဲ့စည်းတာဟာ ကုလသမဂ္ဂ လူ့အခွင့် အရေးကောင်စီရဲ့ လုပ်ပိုင်ခွင့် အာဏာကို ကျော်လွန်နေတယ်ဆိုပြီး IIMM အဖွဲ့ တည်ရှိမှုကိုလည်း လက်မခံပဲ ပယ်ချထားပါတယ်။ 

 

Link : Here 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */