Sunday, September 13, 2020

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ ရခိုင်အရေး ဆွေးနွေး

VOA  
ဗွီအိုအေ (မြန်မာပိုင်း)
13 စက်တင်ဘာ၊ 2020 
 အွန်လိုင်း ဗွီဒီယိုကတဆင့် ပြုလုပ်ခဲ့တဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး။ (စက်တင်ဘာ ၉၊ ၂၀၂၀)

အွန်လိုင်းဗွီဒီယိုကတဆင့် ကျင်းပပြုလုပ်ခဲ့တဲ့ ၄ ရက်ကြာ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်း အေ ဝးမှာ ကိုရိုနာဗိုင်းရပ်စ်ကို တုံ့ပြန်တိုက်ဖျက်ရေး ပူးပေါင်း ဆောင်ရွက်ကြဖို့နဲ့ အငြင်းပွားနေတဲ့ တောင် တ ရုတ်ပင်လယ်ကိစ္စ တွေ့ဆုံဆွေးနွေးပွဲတွေ အရှိန်မြှင့် လုပ်ဆောင်ဖို့ ကတိကဝတ် ပြုခဲ့ကြတဲ့အပြင် ကိုရီး ယားကျွန်းဆွယ် လုံခြုံရေး၊ မြန်မာက ရခိုင်ပြည်နယ်ကိစ္စ အပါအဝင် ဆိုက်ဘာလုံခြုံရေးကိစ္စ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးကိစ္စ၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုခင်း စတဲ့ ကိစ္စရပ် တော်တော်များများကိုလည်း ဆွေးနွေး ခဲ့တယ်လို့ ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီး Pham Binh Minh က ပြောပါတယ်။
ဗီယက်နမ်က အိမ်ရှင်အဖြစ်ကျင်းပတဲ့ အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ (ASEAN) နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး မနေ့ စနေနေ့က ပြီးဆုံးခဲ့တာပါ။

စက်တင်ဘာလ ၁၀ ရက်နေ့က ထုတ်ပြန်တဲ့ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေရဲ့ ပူးတွဲ ကြေညာချက်မှာတော့ တောင်တရုတ်ပင်လယ်ပြင်ဆိုင်ရာ လိုက်နာရမယ့် ကျင့်ဝတ်စည်းမျဉ်းတွေ ချမှတ်ဖို့အတွက် စေ့စပ်ဆွေးနွေးနေတာတွေမှာ တိုးတက်မှုတွေ ရရှိနေတယ်လို့ ဖော်ပြထားပါတယ်။


တောင်တရုတ်ပင်လယ် နယ်မြေအများစုကို တရုတ်တို့က ပိုင်နက်နယ် မြေအဖြစ် ကြေညာထားပေမယ့် တရုတ်ရဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ အမေရိကန် ပြည်ထောင်စုတို့က တရုတ် တို့ရဲ့ ကြေညာချက်ဟာ ကုလ သမဂ္ဂရဲ့ ၁၉၈၂ ခုနှစ် ပင်လယ်ရေကြောင်းဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ဥပေ ဒ အပါအဝင် နိုင်ငံတကာ ဥပဒေတွေနဲ့ ကိုက်ညီခြင်း မရှိဘူးဆိုပြီး ပယ်ချထားပါတယ်။

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေက ယုံကြည်မှု ခိုင်မာတိုးတက်စေရေး စေ့စပ်ဆွေးနွေးပွဲတွေလုပ်ဖို့ လို အပ် တာကို ထပ်လောင်း အတည်ပြုခဲ့ကြောင်း၊ စစ်ရေးတည်ဆောက်မှုကို ဦးတည်သွားစေမယ့် တင်းမာ မှုကို မြင့်တက်စေမယ့် လုပ်ဆောင်မှုမျိုးတွေ မလုပ်ဖို့ လိုအပ်တာကိုလည်း အသိအမှတ်ပြုခဲ့ကြောင်းနဲ့ အ ငြင်း ပွားမှုကို နိုင်ငံတကာ ဥပဒေနဲ့အညီ စေ့စပ်ဆွေးနွေးပွဲကတဆင့် ဖြေရှင်းဖို့ လိုအပ်ကြောင်းကို သဘော တူညီခဲ့ကြောင်း ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီး Pham Binh Minh က ပြောပါတယ်။

စက်တင်ဘာလ ၉ ရက်နေ့က စတင်ခဲ့တဲ့ အာဆီယံ အစည်းအဝေးမှာ ကမ္ဘာ့လုံခြုံရေးကို ခြိမ်းခြောက်နေတဲ့ ကိစ္စတွေနဲ့ အမေရိကန်နဲ့ တရုတ်တို့အကြား ဆက်ဆံရေး တင်းမာနေတာကို လျှော့ချဖို့ ကြိုးစားလိမ့်မယ်လို့ ခန့်မှန်းထားခဲ့ကြပါတယ်။ ဒါ့အပြင် ASEAN အနေနဲ့ ဥရောပသမဂ္ဂအဖွဲ့ဝင် အဖြစ်ကနေ ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ နုတ်ထွက်ဖို့ရှိတဲ့ UK နဲ့ ကုန်သွယ်မှုတွေ ပိုတိုးလုပ်ဆောင်သွားဖို့ ကြိုးစားနေကြောင်းလည်း ဝန်ကြီး Minh က ပြောပါတယ်။ 

 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */