လွတ်လပ်တဲ့အာရှအသံ( RFA )
မြန်မာဌာန | သတင်းများ ကျော်လွင်ဦး
2020-09-15
၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်နိုင်ဖွယ်ရှိတဲ့ လူ့အခွင့်ရေးချိုးဖောက်မှုတွေကို တပ်မတာ် အနေနဲ့ စုံစမ်းစစ်ဆေးတာတွေလုပ်နေပြီး ဒီအထဲမှာ ပြီးခဲ့တဲ့ရက်ပိုင်းက စွပ်စွဲမှုတွေရှိခဲ့တဲ့ ဘူးသီးတောင်မြိုနယ်တောင် ဘဇားကျေးရွာကိစ္စ၊ မောင်တောမြို့နယ်က ကျေးရွာတွေကိစ္စလည်း ပါဝင်တယ်လို့ တပ်မေ တာ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က မနေ့က သတင်းထုတ်ပြန်ထားပါတယ်။

ရိုဟင်ဂျာတွေကို အစုလိုက် အပြုံလိုက်သတ်ဖြတ်မှု ကျူးလွန်ခဲ့တဲ့ ဂူတာပြင်ကိစ္စအရေးယူမှုမှာ တပ်မတော် က မထုတ်ပြန်တာကြောင့် အခုတစ်ခါ တပ်မတော်က စုံစမ်းစစ်ဆေးနေမှုတွေဟာလည်း ပွင့်လင်းမြင်သာမှု ရှိမှာမ ဟုတ်ဘူးလို့ လူ့အခွင့်ရေး လှုပ်ရှားသူတွေက ဝေဖန်ကြပါတယ်။
တပ်မတော်ဘက်ကတော့ ၂၀၁၇ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ချွတ်ပြင်၊ မောင်နုရွာဖြစ်စဉ်တွေကို တပ်မတော်က ဗိုလ်ချုပ် မြတ်ကျော် ဦးဆောင်စစ်ဆေးနေပြီး ၂၀၂၀ နှစ်မကုန်ခင်မှာ ဒီဖြစ်စဉ်ကို စစ်တရားရုံးမှာ စတင်စစ် ဆေးမယ်လို့ မနေ့က ထုတ်ပြန်လိုက်ပါတယ်။
ဘယ်အချက်တွေပါဝင်တယ်၊ ဘာတွေဆောင်ရွက်နေတယ်ဆိုတာနဲ့ ပတ်သက်ပြီး ပိုမိုသိရှိနိုင်ဖို့ တပ်မတော် သ တင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းရာမှာတော့
"အဓိကသတင်းထုတ်ပြန်ရတဲ့အကြောင်းအရင်းကတော့ အဲဒီ ဗိုလ်ချုပ် မြတ်ကျော် ဦးစီးတဲ့အဖွဲ့တွေ ချွတ်ပြင်၊ မောင်နုရွာဖြစ်စဉ်နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်မယ်၊ ဇူလိုင်လ code of enquiry နဲ့ဆောင်ရွက်နေတယ်ဆိုတာကို ဇူလိုင်လတုန်းထဲက ထုတ်ပြန်ထားတယ်၊ ဇူလိုင်လတုန်းက ထုတ်ပြန်ပြီး နောက်ပိုင်းမှာ ဒီဟာတွေကို အဖွဲ့အစည်းတွေက ဘာတွေလုပ်နေလဲဆိုတာ သိချင်တဲ့အတွက်ကြောင့် ဘာတွေလုပ်နေတယ်၊ ဘာတွေဆက်လုပ်မယ်ဆိုတာ သိနိုင်အောင်၊ ဘာတွေပါတယ်ဆိုတာ သိနိုင်အောင် မလို့ သတင်းထုတ်ပြန်ခြင်း ဖြစ်ပါတယ်။ ဘယ်အဆင့်ထိရောက်နေတယ်ဆိုတာ အသေးစိတ် ကျနော်မေ ပြောနိုင်ဘူး၊ ၂၀၂၀ နှစ်မကုန်ခင်မှာတော့ ပုံမှန်အတိုင်းသွားနေရင် စစ်တရားရုံးမှာ ရုံးတင်စစ်ဆေးနိုင် အောင် ကြိုးစားဆောင်ရွက်လျက်ရှိတယ်။"
မောင်တောမြို့နယ်မှာ တပ်မတော်က စုံစမ်းစစ်ဆေးမှုတွေ လုပ်မယ်ဆိုတာ ကြားရပေမယ့် ခုချိန်ထိ အရပ် သားတွေကို ခေါ်ယူစစ်ဆေးတာ မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ခေါ်ယူစစ်ဆေးမယ်ဆိုရင်လည်း လုံခြုံရေးအခြေအနေအရ အမှန်အတိုင်းထွက်ဆိုဖို့ ခက်ခဲမယ်လို့ လုံခြုံရေး အရ အမည်မဖော်လို့တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
"ဒီမှာရှိတဲ့ ဒေသခံကိုခေါ်ရင် တစ်ယောက်မှ အစိုးရကို ဆန့်ကျင်တဲ့စကား မပြောရဲဘူး၊ ကြောက်စိတ်ပါတာပေ့ါဗျာ၊ အမှန်တရားပြောမယ်ဆိုရင်၊ သူတို့က အစိုးရနဲ့ ဆန်ကျင်ပြီး တစ်ယောက်မှ ပြောမှာမဟုတ်ဘူး၊ ဒုက္ခသည်စခန်းပြောရင်တော့ လွတ်လွတ်လပ်လပ် ပြောလို့ရတယ်၊ ဒီမှာက အကုန်လုံး သိတဲ့အတိုင်းပဲ။ ကြောက်စိတ်ပါတယ်လေ။"
နိုင်ငံတကာ အဖွဲ့အစည်းတွေပါတဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဆိုရင်တော့ ဒေသခံတွေ အနေနဲ့ အမှန်အတိုင်း ပြောဆိုကြမယ်လို့ ဆိုပါတယ်။
၂ဝ၁၇ ခုနှစ်က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တပ်မတော်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်ချိန်အတွင်း ရိုဟင်ဂျာ မွတ်စလင် အရပ်သား အမြောက်အမြားကို သတ်ဖြတ်ခဲ့ရာမှာ ကိုယ်တိုင်ပါဝင်ခဲ့တယ်လို့ ဝန်ခံထားတဲ့ တပ် သား မျိုးဝင်းထွန်းနဲ့ တပ်သား ဇော်နိုင်ထွန်းတို့ကို နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာ တရားရုံး (ICC) မှာ သက်သေအဖြစ်ထွက်ဆိုဖို့ ရောက်ရှိနေတယ်လို့ နိုင်ငံတကာမီဒီယာတွေမှာ ဖော်ပြကြပါတယ်။။
ဒီတပ်သား နှစ်ဦးဟာ ရက္ခိုင့်တပ်တော်(AA) က ထိန်းသိမ်းထားခဲ့သူတွေဖြစ်ပြီး၊ ဘူးသီးတောင်မြို့နယ် တောင်ဘဇားကျေးရွာမှာ တပ်က ရိုဟင်ဂျာ အယောက် ၃ဝ ခန့် သတ်ဖြတ်မှုမှာ ကိုယ်တိုင်ပါဝင်ခဲ့တယ်လို့ AA အဖွဲ့က မေလ ၂၈ ရက်နေ့က ထုတ်ပြန်တဲ့ ရုပ်သံမှာ ထွက်ဆိုထားကြပါတယ်။
အဲဒီရုပ်သံထဲမှာ တပ်သား မျိုးမင်းထွန်းဟာ ၂၀၁၇ စက်တင်ဘာလအတွင်း တောင်ဘဇာကျေးရွာက ကလေးငယ်တွေ အပါအဝင် ရိုဟင်ဂျာ အမျိုးသား၊ အမျိုးသမီး ၃၀ ထက်မနည်း သတ်ဖြတ်ရာမှာ ပါဝင်ခဲ့ပြီး၊ ဘူးသီးတောင်မြို့နယ်က တခြား ကျေးရွာတွေမှာ အရပ်သား ၆၀ ကနေ ၇၀ လောက်အထိ သတ်ဖြတ်ရာ မှာ ပါဝင်ခဲ့ရကြောင်း ဝန်ခံထားပါတယ်။
တပ်သား ဇော်နိုင်ထွန်း ကလည်း ၂၀၁၇ ခုနှစ် နယ်မြေရှင်းလင်းရေး လုပ်ဆောင်စဉ် အတွင်းမှာ မောင်တော မြို့ နယ်က ကျေးရွာ ၂၀လောက်မှာ ရိုဟင်ဂျာ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးငယ် စုစုပေါင်း ၈၀ လောက်ကို သတ် ဖြတ်တာနဲ့ အလောင်းတွေကို မြေမြှုပ်ဖျောက်ဖျက်ရာမှာ ပါဝင်ခဲ့ကြောင်း ဝန်ခံထားပါ တယ်။
တပ်က စုံစမ်းစစ်ဆေးတာတွေ မလုပ်ခဲ့ဘဲ တပ်မတော်သား နှစ်ဦး ICC ရောက်မှ စုံစမ်းစစ်ဆေးမယ် ဆိုတာ ဟာ ယုံကြည်ဖို့ ခက်ခဲတယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူ Fortify Rights အဖွဲ့က ကိုနစ်ကီဒိုင်းမွန်းက သုံး သပ်ပါတယ်။
စုံစမ်းစစ်ဆေးမှုတွေကို လူထုနဲ့ နိုင်ငံတကာ လက်ခံဖို့ဆိုရင် လွတ်လပ်တဲ့ အဖွဲ့အစည်းတွေနဲ့ သတင်းမီဒီယာတွေ ပါဝင်ဖို့ လိုအပ်တယ်လို့ ကိုနစ်ကီဒိုင်းမွန်းက ပြောပါတယ်။
"စုံစမ်းစစ်ဆေးမှုတွေက လူထု လက်ခံနိုင်မှုရယ်၊ နိုင်ငံတကာ လက်ခံနိုင်မှုရှိဖို့ဆိုရင် နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ လွတ်လပ်တဲ့ မီဒီယာတွေရဲ့ ပူးပေါင်းဆောင်ရွက်မှု လိုအပ်တယ်၊ စစ်တပ်ကချည်းပဲ သူတို့က စုံ စမ်းဖော်ထုတ်နေတယ်ဆိုတာနဲ့ နိုင်ငံတကာက ယုံကြည်မှုရမှာ မဟုတ်ဘူး၊ သူတို့လုပ်နေတာတွေကို နိုင်ငံတကာရဲ့ ယုံကြည်မှုရဖို့အတွက်ဆိုရင် ပြည်တွင်းပြည်ပ သတင်းမီဒီယာတွေ၊ လွတ်လပ်တဲ့ လူ့အခွင့်ရေး အ ဖွဲ့တွေ ပူးပေါင်းပြီး ဖော်ထုတ်ဖို့ လိုတယ်။"
၂ဝ၁၇ ခုနှစ်က မြန်မာ့တပ်မတော်ရဲ့ စစ်ဆင်ရေးအတွင်း ဘူးသီးတောင်မြို့နယ် ဂူတာပြင်ရွာမှာ လူအစု အပြုံ လိုက် သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး အရာရှိ နှစ်ဦးနဲ့ စစ်သည် တစ်ဦးကို စစ်တရားရုံးက အပြစ်ရှိ ကြောင်း နဲ့ ပြစ် ဒဏ် ချမှတ်လိုက်တယ်ဆိုပြီး တပ်မတော်က သတင်းထုတ်ပြန်ပေမယ့် ဘယ်လို ချမှတ် တယ် ဆိုတာ မပါဝင်တာကြောင့် ဝေဖန်မှုတွေ မြင့်တက်ခဲ့ပါတယ်။
ဒီဂူတာပြင်ဖြစ်စဉ်နဲ့ ပတ်သက်ပြီး တပ်မတော်သားတွေကို ဘယ်လိုအရေးယူထားတယ်၊ ဘယ်လို့ဆောင်ရွက်ထား တယ် ဆိုတာနဲ့ ပတ်သက်ပြီး စက်တင်ဘာလ ၅ ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာရှင်း လင်းပွဲမှာ RFA က မေးမြန်းခဲ့ပေမယ့် ခုံရုံးစီရင်ချက်နဲ့ပတ်သက်ပြီး မပြောနိုင်ဘူးလို့ ဗိုလ်ချုပ် ဇော် မင်း ထွန်းက ငြင်းဆိုခဲ့ပါတယ်။
ဂူတာပြင်ကိစ္စလို တပ်မတော်က စုံစမ်းစစ်ဆေးမှုတွေ၊ အရေးယူမှုတွေဟာ ပွင့်လင်းမြင်သာမှု မရှိတာ ကြောင့် တရားမျှတမှု ရှိမှာမဟုတ်ဘူးလို့ လူအခွင့်ရေးလှုပ်ရှားသူတွေက ပြောကြပါတယ်။
တပ်မတော်က ကျူးလွန်တဲ့အမှုတွေကို စစ်ဆေးအရေးယူတဲ့အခါ ကျူးလွန်မှုတွေ ထုတ်ဖော်ပြောဆိုပါ့ မလား၊ ကျူးလွန်တဲ့ အထောက်အထားတွေ ထွက်လာပါ့မလားနဲ့ ထိန်ချန်မလား ဆိုပြီး သံသယတွေ လူတွေမှာ အရင်ကတည်း ရှိတယ်လို့ လူ့အခွင့်ရေးလှုပ်ရှားသူ Equality Myanmar အဖွဲ့က ဦးအောင်မျိုးမင်းက ပြောပါတယ်။
"တကယ်လို့ စုံစမ်းစစ်ဆေးလို့ပြီးရင်ရော တရားစီရင်မှုအရ တကယ်ထိရောက်စွာ အရေးယူပါမလားဆိုတဲ့ သံသ ယက အမြဲတမ်း ရှိပါတယ်၊ တပ်မတော်အနေနဲ့ အရင်တုန်းက ကျူးလွန်တယ်ဆိုတဲ့လူတွေကို သူတို့အနေနဲ့ အ ရေးယူတယ်ဆိုတာ သိတယ်၊ ပြောတယ်၊ ဒါပေမဲ့ ဘယ်လောက်ထိ အရေးယူသလဲ၊ ဘယ်လိုမျိုး ထွက်ဆိုချက်တွေကို နားထောင်ပြီးတော့ အရေးယူလဲဆိုတဲ့အချက်ကို ကျနော်တို့ မသိရဘူး၊ ပွင့်လင်းမြင်သာမှုမရှိသောတရား စီရင်မှုတွေ၊ ပွင့်လင်းမြင့်သာမှု မရှိသော ပြစ်ဒဏ်ပေးမှုတွေက နောက်ထပ် သံသယကို ပိုကြီးပါစေတယ်။"
ဒီလိုလူအခွင့်ရေးအဖွဲ့တွေက တပ်မတော်ရဲ့စုံစမ်းစစ်ဆေးမှုတွေဟာ တရားမျှတမှု မရှိနိုင်ဘူးဆိုတာနဲ့ ပတ်သက်ပြီး တပ်မတော်အနေနဲ့ ဘာမှမှတ်ချက်မပေးလိုဘဲ မြန်မာနိုင်ငံမှာ အစိုးရရဲ့ အရပ်သားတရား စီရင်မှုရော၊ တပ်မတော်ရဲ့ တရားစီရင်မှုစနစ်ဟာ ကောင်းမွန်စွာအလုပ်လုပ်နေပြီး တရားဥပဒေအတိုင်း ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

Link : Here
No comments:
Post a Comment