BBC
၂၈ စက်တင်ဘာ ၂၀၂၅,
မောင်တော နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ-၅) ကိုသိမ်းပိုက်အပြီးတွေ့ရစဉ် (ပုံဟောင်း)
မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာ အာရကန် ရိုဟင်ဂျာ ကယ်တင်ခြင်းတပ်(ARSA)နဲ့ ရိုဟင်ဂျာ သွေးစည်းညွတ်ရေးအဖွဲ့(RSO)လက်နက်ကိုင်အဖွဲ့တွေရဲ့တိုက်ခိုက်မှုကို ထောက်ပြပြီး ဘင်္ဂလားဒေ့ရှ် အစိုးရအနေနဲ့ နှစ်ဖက်ပြေလည်စေမယ့်နည်းလမ်းတွေ အမြန်ဆုံးရှာဖွေပြီး အာရက္ခတပ်တော်(AA)က တောင်းဆိုလိုက်ပါတယ်။ မြန်မာစစ်တပ်နယ်ခြားစောင့်တပ် လက်ထဲကနေ အေအေ သိမ်းခဲ့တဲ့ မောင်တောမြို့နယ်ထဲက စခန်းအချို့ကို ARSA နဲ့ RSO တို့က ပြီးခဲ့တဲ့ရက်ပိုင်း တိုက်ခိုက်မှုတွေကို အေအေက စက်တင်ဘာ ၂၇ ရက်ညပိုင်းမှာ သတင်းထုတ်ပြန်ရင်း အခုလိုတိုက်တွန်းလိုက်တာဖြစ်ပါတယ်။
ဒီအဖွဲ့တွေကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB)က အရာရှိတချို့က အကူအညီပေးနေတယ်လို့ အေအေက စွပ်စွဲပြောဆိုပြီး ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ ဒါကို ဖော်ထုတ်အရေးယူပေးဖို့နဲ့ အရေးမယူဘူးဆိုရင် နှစ်ဖက်နယ်စပ် တည်ငြိမ်ရေး၊ လုံခြုံရေး၊ ဆက်ဆံရေးတို့ ထိခိုက်နိုင်တယ်လို့လည်း ပြောပါတယ်။
ဒါ့အပြင် BGB စခန်းတွေနားမှာတင် ရိုဟင်ဂျာတပ်စခန်းတွေ တပ်စွဲခွင့်ရရှိထားတာကိုလည်း အေအေက ထောက်ပြ စွပ်စွဲပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်မှာ ARSA တပ်ဖွဲ့ဝင်တွေက အေအေ ထိန်းချုပ်ထားတဲ့ မောင်တောက စခန်းအချို့ကို ရုတ်တရက် ဝင်တိုက်ပြီး သိမ်းယူခဲ့တယ်လို့ အာဆာသတင်းတွေကို ထုတ်ပြန်တဲ့လူမှုကွန်ရက်တွေကနေ ရေးသားဖော်ပြခဲ့ကြပါတယ်။
အေအေကတော့ တိုက်ခိုက်မှုဖြစ်တဲ့နေရာဟာ ဘင်္ဂလားဒေ့ရှ်နဲ့ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း နယ်စပ်မှတ်တိုင် ၅၆ နဲ့ ၅၇ ကြားမှာရှိတဲ့ ပွိုင့် ၆၀၁ စခန်းကုန်းကို စက်တင်ဘာ ၁၆ ရက်ကစပြီး ARSA အဖွဲ့ဝင်တွေ တိုက်ခိုက်တာကြောင့် တိုက်ပွဲ ၄ ရက်ဖြစ်ပွားခဲ့ကြပေမဲ့ အဲဒီစခန်းကို အေအေက ထိန်းချုပ်ထားဆဲဖြစ်တယ်လို့ ပြောပါတယ်။

အေအေနဲ့ ARSA တပ်တွေဟာ စက်တင်ဘာ ၂၇ ရက်အထိ ပွိုင့် ၆၀၁ စခန်းပတ်လည်နေရာ ၆ ခုမှာ ထိတွေ့မှုပေါင်း ၁၂ ကြိမ်အထက် ရှိခဲ့ပြီး အာဆာအဖွဲ့ဝင်တွေရဲ့ အလောင်းနဲ့ စစ်အသုံးအဆောင်တွေ သိမ်းမိခဲ့တယ်လို့ ဆိုပါတယ်။
နောက်ပြီး ဘင်္ဂလားဒေ့ရှ်နဲ့ ရခိုင်နယ်စပ် ကားလမ်းတိုက်ပွဲမှာတော့ အာဆာအဖွဲ့တွေက စက်တင်ဘာ ၂၄ ရက်မှာ ခြုံခိုတိုက်ခိုက်တာကြောင့် အေအေတပ်ဖွဲ့ဝင်တချို့ ဒဏ်ရာရှိတယ်လို့ အေအေက ပြောပါတယ်။
အေအေတပ်ဖွဲ့တွေဟာ စစ်တွေမြို့၊ ကျောက်ဖြူမြို့အပါအဝင် ရခိုင်ပြည်နယ်နဲ့ ဆက်စပ်တဲ့ တခြားနေရာ ၃ ခုမှာ စစ်တပ်နဲ့ တိုက်ပွဲဖြစ်နေတာကို အခွင့်ကောင်းယူပြီး အာဆာနဲ့ RSO အဖွဲ့တွေက စစ်တပ်နဲ့ပူးပေါင်းပြီး နယ်စပ်က အေအေစခန်းတွေကို တိုက်ခိုက်နေတယ်လို့ အေအေက စွပ်စွဲထားပါတယ်။
ရိုဟင်ဂျာ လက်နက်ကိုင်တွေ ဝင်ရောက်တိုက်ခိုက်တဲ့ အေအေနယ်စပ်စခန်းနေရာတွေကို ထုတ်ပြန်ထားတာပါ
No comments:
Post a Comment