ဧရာဝတီ
20 September 2025
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်းမှာရှိတဲ့ အာရက္ခတပ်တော် (AA) ရဲ့ တပ်စခန်းကို မွတ်ဆလင်လက် နက်ကိုင်တပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်နေတယ်လို့ AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် က ပြောပါတယ်။
မွတ်စလင် လက်နက်ကိုင်တပ်တွေဖြစ်တဲ့ အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော် (ARSA) နဲ့ ရိုဟင်ဂျာ စည်းလုံးညီညွတ်ရေး အဖွဲ့ (RSO) တွေက စက်တင်ဘာလ ၁၈ ရက်နေ့ညမှ စတင်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဧရာဝတီနဲ့ သီးသန့်အင်တာဗျူးမှာ ထည့်သွင်း ပြောဆို သွားတာပါ။
အာဏာသိမ်း စစ်တပ်ကို တိုက်နေရတဲ့ AA ဟာ သူတို့ထိန်းချုပ်နယ်မြေအတွင်း အုပ်ချုပ်ရေး၊ ငြိမ်းချမ်းတည်ငြိမ်ရေးကိစ္စတွေ ဆောင်ရွက်နေရချိန်မှာ ဘင်္ဂလားဒေ့ရှ် အရာရှိတချို့ရဲ့ နောက်ကွယ်က တွန်းအားနဲ့ စိမ့်ဝင်လာတဲ့ ARSA နဲ့ RSO အဖွဲ့တွေရဲ့ ဝင်တိုက်မှုကို ကြုံနေရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
#မြန်မာ #ဧရာဝတီ #AA #ARSA #RSO #WhatsHappeningInMyanmar
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Link : Here
No comments:
Post a Comment