ဧရာဝတီ
ဗညားအောင်
သူ့အတွေး သူ့အမြင်
24 September 2025
ဩဂုတ်လ ၃၀ ရက်က ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်နှင့် မွတ်စလင်အသိုင်းအဝိုင်း ဘာသာရေးခေါင်းဆောင်များနှင့် တွေ့ဆုံစဉ်/Arakan Princess Media
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) / ရက္ခိုင့်တပ်တော် (AA) သည် စစ်အာဏာရှင်များကို စစ်ရေးအရ တိုက်ခိုက်ချေမှုန်းရန် သူ၏ အင်အားများကို စည်းရုံး၊ စုဖွဲ့၊ လေ့ကျင့်၊ လက်နက်တပ်ဆင်ပြီး ရခိုင်ပြည်နယ်သို့ စွန့်လွှတ်စွန့်စား ထိုးဖောက်ဝင်ရောက်တိုက်ခိုက်ခြင်းကို တဆင့်ချင်း အပင်ပန်းအဆင်းရဲခံ လုပ်ဆောင်ခဲ့ရသည်။
ULA/AA အနေဖြင့် တဖက်တွင် အင်အားကြီးသော စစ်အုပ်စုနှင့် စစ်ရေးအရ ရင်ဆိုင်ဖြေရှင်းရမည်ဖြစ်သကဲ့သို့တဖက်တွင်လည်း နိုင်ငံရေးအရ မလွှဲမရှောင်သာ ဖြေရှင်းရမည့် ပြဿနာကြီးတခုက ULA/AA ကို စောင့်ဆိုင်းနေ သည်။
ထိုပြဿနာသည် ရခိုင်ရှိ ရိုဟင်ဂျာ မွတ်စလင်အရေးဖြစ်၏။ ၂၀၁၀ ပြည့်နှစ်တွင် စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က ပါတီဝင်ကတ်များ၊ white card များ ထုတ်ပေးပြီး ရခိုင်ရှိ မွတ်စလင်များအား စည်းရုံးသိမ်းသွင်းခဲ့ကြ၏။
သို့သော် USDP သည် ၎င်းတို့အာဏာရပြီးနောက် ကတိကဝတ် ဖျက်ပစ်ခဲ့ခြင်းကြောင့် မကြေမလည်ဖြစ်လာသည့် အခြေအနေကို ရခိုင်နှင့်မွတ်စလင်ကြား လူမျိုးရေး၊ ဘာသာရေး မီးထိုးပေးသဖြင့် ၂၀၁၂ ခုနှစ် ရခိုင်တွင် လူမျိုးရေး၊ ဘာသာရေး အရေးအခင်းတရပ် ပေါ်ပေါက်ခဲ့သည်။
သို့သော် USDP သည် ၎င်းတို့အာဏာရပြီးနောက် ကတိကဝတ် ဖျက်ပစ်ခဲ့ခြင်းကြောင့် မကြေမလည်ဖြစ်လာသည့် အခြေအနေကို ရခိုင်နှင့်မွတ်စလင်ကြား လူမျိုးရေး၊ ဘာသာရေး မီးထိုးပေးသဖြင့် ၂၀၁၂ ခုနှစ် ရခိုင်တွင် လူမျိုးရေး၊ ဘာသာရေး အရေးအခင်းတရပ် ပေါ်ပေါက်ခဲ့သည်။
ထိုအချိန်မှစ၍ ရိုဟင်ဂျာ မွတ်စလင်နှင့် ရခိုင်ဒုက္ခသည်စခန်းများ ပေါ်ပေါက်လာခဲ့၏။ နောက်ပိုင်းတွင် ရခိုင်ဒုက္ခ သည်များက ရပ်ရွာပြန်ခွင့်ရကြသော်လည်း မွတ်စလင်ဒုက္ခသည်များကမူ ရပ်ရွာပြန်ခွင့် မရကြတော့။
ရိုဟင်ဂျာ မွတ်စလင်ဒုက္ခသည်များသာမက အခြားရပ်ရွာများတွင် နေထိုင်ကြသည့် မွတ်စလင်များသည်လည်း မြို့ပြများသို့ သွားခွင့်မရှိကြ၊ အခြားနယ်များသို့ သွားလာခွင့် မရကြတော့ပေ။ သို့နှင့် ပြဿနာက ပိုဆိုးလာသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် မစ္စတာ ကိုဖီအာနန် ကော်မရှင်ဖွဲ့ပြီး ဖြေရှင်းရန် ကြိုးစားသော်လည်း ဆေးမမီတော့ပေ။ မကြေမလည်ဖြစ်နေသော မွတ်စလင်တို့၏ ပုန်ကန်တိုက်ခိုက်မှု၊ စစ်တပ်၏ အလွန်အကျွံအသုံးပြုပြီး နှိမ်နင်းမှုတို့ကြောင့် ၂၀၁၇ ခုနှစ်တွင် ပြဿနာသည် အဆိုးဝါးဆုံးအဆင့်သို့ ရောက်သွား၏။
မွတ်စလင်များစွာ အသတ်ခံရမှု၊ သေဆုံးမှု၊ မွတ်စလင် အိုးအိမ်များစွာ မီးရှို့ဖျက်ဆီးခံရမှုနှင့် မွတ်စလင် သိန်းနှင့်ချီ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးသွားခဲ့ပြီး ရခိုင်ရှိ ရိုဟင်ဂျာ မွတ်စလင်အရေးသည်လည်း နိုင်ငံတကာ ပြဿ နာအဖြစ်သို့ ရောက်ရှိသွားခဲ့သည်။
ULA/AA သည် စစ်အာဏာရှင်စနစ် ဖြိုချပစ်ရေးနှင့်အတူ ရိုဟင်ဂျာ မွတ်စလင်အရေး ဖြေရှင်းသည် နိုင်ငံရေးအရ အရေးကြီးသည့် ပြဿနာတရပ်ဖြစ်ခဲ့၏။ မွတ်စလင်အရေးသည် လွယ်ကူလှသည့် ပြဿနာတော့ မဟုတ်ပေ။ USDP အစိုးရရော၊ NLD အစိုးရရော၊ စစ်တပ်ပါ မဖြေရှင်းနိုင်သည့်ပြဿနာ ဖြစ်နေခဲ့သည့်အပြင် နိုင်ငံတကာကလည်း အာရုံစိုက်နေသည့် အကဲဆတ်သောပြဿနာ ဖြစ်နေခဲ့သည်။
ULA/AA သည် စစ်အာဏာရှင်စနစ် ဖြိုချပစ်ရေးနှင့်အတူ ရိုဟင်ဂျာ မွတ်စလင်အရေး ဖြေရှင်းသည် နိုင်ငံရေးအရ အရေးကြီးသည့် ပြဿနာတရပ်ဖြစ်ခဲ့၏။ မွတ်စလင်အရေးသည် လွယ်ကူလှသည့် ပြဿနာတော့ မဟုတ်ပေ။ USDP အစိုးရရော၊ NLD အစိုးရရော၊ စစ်တပ်ပါ မဖြေရှင်းနိုင်သည့်ပြဿနာ ဖြစ်နေခဲ့သည့်အပြင် နိုင်ငံတကာကလည်း အာရုံစိုက်နေသည့် အကဲဆတ်သောပြဿနာ ဖြစ်နေခဲ့သည်။
ရိုဟင်ဂျာကျေးရွာတွေမှာ ရွာခံရိုဟင်ဂျာတွေကို ရွာအလိုက် အုပ်ချုပ်စေပြီးတော့ ပြည်သူ့ရဲတပ်ဖွဲ့ဝင်အဖြစ် ခန့်အပ်ထားတာ တွေ့ရတယ်/ဧရာဝတီအစောပိုင်းကာလ
၂၀၁၅ ခုနှစ်တွင် ရခိုင်၌ စတင်အခြေချခဲ့သည့် ULA/AA သည် ၂၀၁၉၊ ၂၀၂၀ ပြည့်နှစ်တွင် ရခိုင်မြောက်ပိုင်း၌ အခြေပြုနိုင်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်တွင် စစ်တပ်နှင့် ယာယီအပစ်ရပ်သည့်အခါ အုပ်ချုပ်ယန္တရားများ ထူထောင်နိုင်ခဲ့ကာ ရိုဟင်ဂျာ မွတ်စလင်အရေးကို စတင်ဖြေရှင်းခဲ့သည်။
ULA/AA က အုပ်ချုပ်ရေး စတင် အကောင်အထည်ဖော်ကတည်းက ရခိုင်နှင့် မွတ်စလင် လူ့အဖွဲ့အစည်းနှစ်ခုကြား သင့်မြတ်ရေး၊ နိုင်ငံသားအားလုံးတန်းတူ အခွင့်အရေးရရှိမှုပေါ်တို့တွင် အခြေပြု၍ ဖွဲ့စည်းခဲ့၏။ မွတ်စလင်ကျေးရွာများတွင် ဒေသခံ မွတ်စလင်များပါသည့် အုပ်ချုပ်ရေး၊ တရားစီရင်ရေး ယန္တရားကို ထူထောင်ခဲ့သည်။ စစ်တပ်က မွတ်စလင်များကို ကန့်သတ်ထားသည့် ခရီးသွားလာခွင့်များကို ဖျက်သိမ်းခဲ့သည်။
၂၀၁၂ ခုနှစ်ကတည်းက သီးခြားစီဖြစ်နေသည့် ရခိုင်နှင့် မွတ်စလင် လူ့အဖွဲ့အစည်းနှစ်ရပ်အား နေ့စဉ်ဘဝများတွင် အတူတကွ ရှင်သန် ဆက်ဆံ ကြီးပြင်းစေခဲ့၏။ ဈေးများ၊ ကျောင်းများ၊ အားကစားပွဲများတွင် ရခိုင်နှင့် မွတ်စလင်တို့ အတူတကွယှဉ်တွဲ၍ ပြန်လည်တွေ့ရှိရပြီး သဟဇာတဖြစ်ရေး မူဝါဒကို အစပြုခဲ့သည်။ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကိစ္စအားလုံးတွင် တန်းတူထား ဖြေရှင်းခဲ့သည်။
ULA/AA ကို ထိုးနှက်သည့် ပြဿနာများ
ပြဿနာတခုမှာ ပြည်ပရောက် ရိုဟင်ဂျာ မွတ်စလင်အရေး တက်ကြွလှုပ်ရှားသူဟု ဆိုသူများသည် ULA/AA က စစ်အုပ်စုကို တိုက်ခိုက်ပြီး အုပ်ချုပ်ရေးယန္တရား ထူထောင်လာနိုင်သည့်နောက်ပိုင်းတွင် ULA/AA ကို ပြောင်းလဲပြီး စတင် တိုက်ခိုက်လာခြင်းဖြစ်သည်။
ပထမဆုံးဖြစ်ပွားသည့်ပြဿနာမှာ မြောက်ဦးမြောက်ပိုင်းရှိ မွတ်စလင်ကျေးရွာတခုဖြစ်သော လက်မရွာတွင် ဖြစ် ပွား သည့် ပြဿနာဖြစ်ပြီး ၂၀၂၀၊ ၂၀၂၁ ခုနှစ်က ဖြစ်ပွားခဲ့သည်ကို တွေ့ရ၏။ ၂၀၁၉၊ ၂၀၂၀ ပြည့်နှစ် ULA/AA နှင့် စစ်တပ်ကြား ပြင်းထန်စွာ တိုက်ပွဲဖြစ်ပြီးနောက် မည်သည့်ဘက်ကမှ အုပ်ချုပ်ရေးအာဏာ မသက်ရောက်သည့် ကြားကာလတွင် မွတ်စလင် လက်မကျေးရွာတွင် လူမိုက်တစု ရမ်းကားသောင်းကျန်းနေသဖြင့် လက်မရွာမှ ရပ်မိရပ်ဖများက ULA/AA ကို အကူအညီတောင်းပြီး ထိုရမ်းကားနေသော လူမိုက်တစုအား ဖမ်းဆီးအပြစ်ပေးသော ဖြစ်စဉ်တခုရှိခဲ့ဖူးသည်။
ထိုဖြစ်စဉ်ကို အခြေပြု၍ မြေပြင်အခြေအနေနှင့် ကင်းကွာပြီး ပြည်ပရောက် ရိုဟင်ဂျာ မွတ်စလင်အရေး တက်ကြွသူဆိုသူများက ULA/AA သည် မွတ်စလင်များအား ဖိနှိပ်နေသည်ဆိုကာ ပြစ်တင်ရှုတ်ချသည့် ကြောညာချက်များ၊ သတင်းမှားများ ထုတ်ပြန်ခဲ့ကြ၏။ ထိုသူများ၏ ထုတ်ပြန် ပြောဆိုမှုများ မဟုတ်မမှန်ကြောင်းကို မြောက်ဦး၊ မင်းပြားရှိ ဒေသခံ ရိုဟင်ဂျာ မွတ်စလင်များက ပြန်လည် ကြေညာချက် ထုတ်ပြန်ခဲ့ရသည်။
၂၀၂၄ ခုနှစ်၊ မတ်လ၊ ဧပြီလ၊ မေလများတွင် ဘူးသီးတောင်ဒေသ၌ အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၁၅) နှင့် တပ်ရင်းဌာနချုပ်များကို တိုက်ခိုက်စဉ်ကာလကလည်း ပြည်ပရောက် ရိုဟင်ဂျာ မွတ်စလင် တက်ကြွသူဆိုသူများသည် မွတ်စလင်များကို ULA/AA က လူမျိုးတုံးသတ်ဖြတ်နေပါသည် စွပ်စွဲကာ ပြဿနာကို ရှုပ်ထွေးစေခဲ့၏။
လက်တွေ့တွင် စစ်တပ်က မွတ်စလင်အစွန်းရောက် လူငယ်များကို သွေးတိုးလှုံ့ဆော်ပေးပြီး ဘူးသီးတောင်ရှိ ရခိုင်နှင့်ဟိန္ဒူတို့၏ အိုးအိမ်များ၊ ဘာသာရေးအဆောက်အအုံများကို မီးရှို့ခိုင်းခဲ့သည်ကို တွေ့ကြရသလို လက်တွေ့တွင် ဘူးသီးတောင်၌ မီးလောင်ပျက်စီးသည်မှာ မွတ်စလင်တို့၏ အိုးအိမ်များထက် ရခိုင်နှင့် ဟိန္ဒူများ၏ အိုးအိမ်များက ပိုများသည်ကို တွေ့မြင်ရ၏
လက်တွေ့တွင် စစ်တပ်က မွတ်စလင်အစွန်းရောက် လူငယ်များကို သွေးတိုးလှုံ့ဆော်ပေးပြီး ဘူးသီးတောင်ရှိ ရခိုင်နှင့်ဟိန္ဒူတို့၏ အိုးအိမ်များ၊ ဘာသာရေးအဆောက်အအုံများကို မီးရှို့ခိုင်းခဲ့သည်ကို တွေ့ကြရသလို လက်တွေ့တွင် ဘူးသီးတောင်၌ မီးလောင်ပျက်စီးသည်မှာ မွတ်စလင်တို့၏ အိုးအိမ်များထက် ရခိုင်နှင့် ဟိန္ဒူများ၏ အိုးအိမ်များက ပိုများသည်ကို တွေ့မြင်ရ၏။
ရိုဟင်ဂျာ ပျူစောထီးများ
ဘူးသီးတောင်တိုက်ပွဲ စတွေ့သည်မှာ စစ်တပ်က လေ့ကျင့်၊ လက်နက်တပ်ဆင်ပေးသည့် မွတ်စလင် ပျူစောထီးများဖြစ်၏။ စစ်တွေ၊ ကျောက်ဖြူရှိ မွတ်စလင်များကို စစ်တပ်က အဓမ္မစစ်သားစုဆောင်းသည်ဟု ဆိုနိုင်သော်လည်း ဘူးသီးတောင်၊ မောင်တောဒေသတွင် စစ်တပ်နှင့် ပူးပေါင်းသည့် ရိုဟင်ဂျာ ပျူစောထီးများမှာ အလွန်အမင်း တက်ကြွ သည်ကို တွေ့ရပြီး မောင်တောဒေသရှိ ရခိုင်ကျေးရွာအား မီးရှို့ဖျက်ဆီးသည့် ဗီဒီယိုဖိုင်ကိုပင် ရိုဟင်ဂျာ ပျူစောထီးများက တက်ကြွစွာ လွှင့်နေသည်ကို တွေ့ရသည်။
၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်း မောင်တောဒေသရှိ စစ်တပ်၏ အခိုင်အမာစခန်းများအား ရှင်းလင်းပြီးနောက် မွတ်စလင် ပျူစောထီးများသည် ဘင်္ဂလားဒေ့ရှ်နယ်စပ်သို့ ပြန်ဆုတ်ခွာသွားပြီး အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ်(ARSA) ၊ အာရကန် ရိုဟင်ဂျာတပ် (ARA)၊ ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့ (RSO) စသည့် မူလအမည်များဖြင့် ပြန်လည် ရပ်တည်ကြသည်ကို တွေ့ရ၏။
ထိုမွတ်စလင် လက်နက်ကိုင်များ ဦးတည်တိုက်ခိုက်သည်မှာ ULA/AA ကို ဖြစ်ပြီး ၎င်းတို့ကိုင်ဆောင်သော လက်နက်ခဲယမ်းများမှာ မြန်မာစစ်တပ်က တပ်ဆင်ပေးထားသော လက်နက်ခဲယမ်းများ ဖြစ်သည်။
အဆိုပါ မွတ်စလင် လက်နက်ကိုင်အဖွဲ့များသည် ဘူးသီးတောင်၊ မောင်တော နယ်စပ်တလျှောက် လှုပ်ရှားကြ၏။ AA နှင့် တိုက်ပွဲဖြစ်ပွားသည်ဟု တိုက်ပွဲတုများ လိမ်ညာဖန်တီးလှုံ့ဆော်မှုပြကြပြီး လက်တွေ့တွင် ဘူးသီးတောင်၊ မောင်တောဒေသရှိ ရခိုင်မျိုးနွယ်စုဝင်များအား အလစ် ဝင်ရောက်သတ်ဖြတ်ကာ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေသည်ကို တွေ့ရသည်။
ထန်းရှောက်ခံပြဿနာ
၂၀၂၅ ခုနှစ် နှစ်လယ်ခန့်တွင် ဘူးသီးတောင်အနီး ထန်းရှောက်ခံကျေးရွာမှ မွတ်စလင် ၆၀၀ ခန့်အား ULA/AA က လူမျိုးတုံးသတ်ဖြတ်ပါသည်ဟူ၍ ပြည်ပရောက် မွတ်စလင်အရေးတက်ကြွသူဆိုသူများက စွပ်စွဲသည်ကို တွေ့ရ၏။ ULA/AA က သတင်းသမားများကို ထိုဖြစ်စဉ် ဖြစ်ပွားသည့် ထန်းရှောက်ခံရွာသို့ ခေါ်သွားပြီး ဖမ်းဆီးရမိထားသည့် စကခ ၁၅ ဒုစကခ မှူးနှင့် ထန်းရှောက်ခံရွာသားများကို တွေ့ဆုံပေးခဲ့သည်။
ထန်းရှောက်ခံရွာအနီး သေဆုံးသူများမှာ မွတ်စလင်ရွာသားများ မဟုတ်ကြဘဲ မြန်မာစစ်တပ်က စစ်သားများနှင့် မွတ်စလင် ပြူစောထီးအချို့သာ ဖြစ်ကြောင်းတွေ့ရ၏။ ထို့ပြင် ထန်းရှောက်ခံ ရွာသားအများစုမှာလည်း နေရာသစ်တွင် ကောင်းမွန်စွာ ရှိနေကြောင်းသိရသည်။

နိုင်ငံရေးလမ်းပျောက်နေသူများ
ပြည်ပရောက် မွတ်စလင်တက်ကြွလှုပ်ရှားသူများ၊ နယ်စပ်ရှိ မွတ်စလင် ပျူစောထီးများ၊ မွတ်စလင် လက်နက်ကိုင်များနှင့် သူတို့၏ ဩဇာအောက်တွင်ရောက်နေသော ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းမှ ဒုက္ခသည်များတွင် တွေ့ရသည်မှာ ၎င်းတို့၏ ပြဿနာကို ဖြေရှင်းရန် ရှင်းလင်းသည့် လမ်းကြောင်းမရှိဘဲ လမ်းပျောက်နေခြင်းဖြစ်သည်။
ပြည်ပရောက် မွတ်စလင်အရေး တက်ကြွလှုပ်ရှားသူဆိုသူများက ၎င်းတို့မွတ်စလင်များအား လူမျိုးတုံးသတ်ဖြတ်သည်ဟုဆိုကာ မြန်မာစစ်တပ်ကိုသာမက ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့ကိုလည်း နိုင်ငံတကာတွင် တရားစွဲခြင်း၊ ULA/AA ခေါင်းဆောင်များကိုလည်း တရားစွဲခြင်း ပြုလုပ်သည်ကို တွေ့ရသည်။
ပြည်ပရောက် မွတ်စလင်အရေး တက်ကြွလှုပ်ရှားသူဆိုသူများက ၎င်းတို့မွတ်စလင်များအား လူမျိုးတုံးသတ်ဖြတ် သည်ဟုဆိုကာ မြန်မာစစ်တပ်ကိုသာမက ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့ကိုလည်း နိုင်ငံတကာတွင် တရားစွဲခြင်း၊ ULA/AA ခေါင်းဆောင်များကိုလည်း တရားစွဲခြင်း ပြုလုပ်သည်ကို တွေ့ရသည်။
ဘင်္ဂလားဒေ့ဒုက္ခသည်စခန်းများတွင် ပြုလုပ်သည် အခမ်းအနားများတွင် မြန်မာစစ်တပ်သာမက၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နှင့် ဗိုလ်ချုပ် ထွန်းမြတ်နိုင်တို့ကိုပါ ဦးတည်ဆန့်ကျင်နေသည်ကို တွေ့ရ၏။ မြန်မာအစိမ်းရော၊အနီ ရော၊ ရခိုင်ရော အားလုံးကို ဆန့်ကျင်သည့် အစွန်းရောက် လူမျိုးရေးအမြင်ကို ဖော်ပြနေသည်ကို တွေ့ရသည်။ ချုပ်၍ဆိုရလျှင် နိုင်ငံရေးနှင့်ပတ်သက်၍ ခိုင်မာသည့်မူဝါဒအမြင်မရှိဘဲ အစွန်းရောက် လူမျိုးရေးအမြင်ဖြင့်သာ လှုပ် ရှားနေကြသည်။
ရိုဟင်ဂျာ မွတ်စလင်အရေး တက်ကြွလှုပ်ရှားသူဆိုသူများရော ARSA, ARA, RSO စသည့် လက်နက်ကိုင်အဖွဲ့အစည်းများ၌ တူညီသည့်အချက်မှာ မြန်မာစစ်တပ်ကို လူမျိုးတုံးသတ်ဖြတ်ပါသည်ဟု စွပ်စွဲနေသော်လည်း ၂၀၂၁ ခုနှစ် မြန်မာစစ်တပ်အာဏာသိမ်းပြီးနောက် စစ်တပ်ကို လက်တွေ့တိုက်ခိုက်ခြင်း မရှိပေ။
ရိုဟင်ဂျာ မွတ်စလင် တက်ကြွလှုပ်ရှားသူဆိုသူများသည် စစ်တပ်အား လူမျိုးတုံးသတ်ဖြတ်ပါသည်ဟု ဆိုသော်လည်း လက်တွေ့တွင် စစ်တပ်အား လက်တွေ့တိုက်ခိုက်ခြင်း မရှိ။ ARSA, ARA, RSO စသည့် အဖွဲ့များမှာလည်း မြန်မာစစ်တပ်နောက်လိုက် ပျူစောထီးများ ဖြစ်နေ၏။ ရိုဟင်ဂျာ မွတ်စလင်အရေး တက်ကြွလှုပ်ရှားသူ ဆိုသူများသည် စစ်တပ်ကို လက်တွေ့ ရင်ဆိုင်တိုက်ခိုက်နေသည့် NUG, PDF နှင့် ULA/AA တို့ကို နောက်ကျော ဓားနှင့်ထိုးသည့်အလုပ်သာ ပြုလုပ်နေသည်ကို တွေ့ရသည်။
ထို့ပြင် မြန်မာစစ်တပ်၏ ပျူစောထီးလုပ်ပြီး စစ်တပ်၏ လက်နက်ခဲယမ်း အထောက်အပံ့ဖြင့် လှုပ်ရှားနေသော ARSA, ARA, RSO အဖွဲ့များကို ရိုဟင်ဂျာ မွတ်စလင်အရေး တက်ကြွလှုပ်ရှားသူများက ပြစ်တင်ရှုတ်ချခြင်း ပြုလုပ်သည်ကို မတွေ့ရပေ။
လက်တွေ့ဆွေးနွေး အကောင်အထည်ဖော်ခြင်း
ရိုဟင်ဂျာ မွတ်စလင်နှင့် ရခိုင်ကြား ပြဿနာကို ဆွေးနွေးအဖြေရှာကြရန် တိုက်တွန်းကြ၏။ ရခိုင်ကိုယ်စားပြု ULA/AA က ဤအချက်ကို လက်ခံသည်။ သို့သော် များပြားလှသော မွတ်စလင်အဖွဲ့အစည်းများသည် တကယ်တမ်းအား ဖြင့် မွတ်စလင်လူထုအား ကိုယ်စားပြုပါ၏လောဆိုသည့် မေးခွန်းရှိ၏။ ပြည်ပတွင် အခြေစိုက်သည့် မွတ်စလင်အရေး တက်ကြွလှုပ်ရှားသူများ၏ အဖွဲ့အစည်းများစွာရှိသကဲ့သို့ နယ်စပ်တွင် လက်နက်ကိုင်အဖွဲ့အစည်းများလည်း ရှိသည်။
ထို့ပြင် ဘင်္ဂလားဒေ့ရှ်အစိုးရ၊ ကုလသမဂ္ဂအဖွဲ့အစည်းများက ထောက်ခံမှုပေးသည့် အဖွဲ့အစည်းအချို့လည်း ရှိသည်။ တကယ်တမ်းပြဿနာမှာ ပြည်ပရောက် မွတ်စလင်အဖွဲ့အစည်းများဆိုသည်မှာ တက်ကြွလှုပ်သူများ၏ အဖွဲ့အစည်း များသာဖြစ်ပြီး မွတ်စလင်လူထုအား စနစ်တကျ စည်းရုံးဖွဲ့စည်းထားနိုင်သည့် နိုင်ငံရေးအဖွဲ့အစည်းများ မဟုတ်ကြပေ။
ထို့အတူ ပြည်တွင်း၌ နေကြသူများ မဟုတ်ဘဲ ပြည်ပတွင်နေထိုင်သူများဖြစ်ကြရာ ပြည်တွင်း လက်တွေ့အခြေအနေနှင့် ကင်းကွာ၏။ လက်နက်ကိုင်အဖွဲ့များသည်လည်း အလားတူပင်ဖြစ်သည်။ အာမခံချက်ရှိသည့် ကိုယ်စားပြုမှု မရှိကြပေ။
ဤအခြေအနေတွင် ULA/AA သည် တွေ့ဆုံဆွေးနွေးမှု မပြုလုပ်သည် မဟုတ်ပေ။ ရခိုင်ရှိ မွတ်စလင်လူ့အဖွဲ့အစည်းဝင်များ၊ သူတို့၏ ဘာသာရေး၊ လူမှုရေး ခေါင်းဆောင်များနှင့် ဆွေးနွေး၏။ ဒေသခံ မွတ်စလင်များပါဝင်သည့် အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ရဲလုပ်ငန်းများ အောင်မြင်စွာ ထူထောင်သည်ကို တွေ့မြင်ရသည်။
ဤအခြေအနေတွင် ULA/AA သည် တွေ့ဆုံဆွေးနွေးမှု မပြုလုပ်သည် မဟုတ်ပေ။ ရခိုင်ရှိ မွတ်စလင်လူ့အဖွဲအစည်း ဝင်များ၊ သူတို့၏ ဘာသာရေး၊ လူမှုရေး ခေါင်းဆောင်များနှင့် ဆွေးနွေး၏။ ဒေသခံ မွတ်စလင်များပါဝင်သည့် အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ရဲလုပ်ငန်းများ အောင်မြင်စွာ ထူထောင်သည်ကို တွေ့မြင်ရသည်။
ထို့အတူ စစ်တပ်က ၂၀၁၂ ခုနှစ်ကတည်းက ပိတ်ထားသည့် မောင်တော မြို့မဂျာမေဗလီကို ပြန်လည် ဖွင့်လှစ်ပေးခဲ့သည်။ စစ်တပ်နှင့် မွတ်စလင်အစွန်းရောက်တို့က မည်သို့ပင် လူမျိုးရေးအစွန်းရောက် လှုံ့ဆော်မှုများ ပြုလုပ်သော်လည်း ULA/AA က ရခိုင်တွင် လူမျိုးရေး အဓိကရုဏ်းမဖြစ်အောင် ထိန်းထားနိုင်ပြီး ရခိုင်ပြည်တွင်ရှိသည့် မွတ်စ လင်တို့၏ ယုံကြည်မှုကို တည်ဆောက်နိုင်ခဲ့ကြောင်း တွေ့ရသည်။
ULA/AA က စစ်အာဏာရှင်စနစ်ကို ပြင်းပြင်းထန်ထန် တိုက်ပွဲဝင်ရင်း ရခိုင်လူ့အဖွဲ့အစည်းတွင် သဟဇာတဖြစ်ရေး မူဝါဒကို ကိုင်စွဲပြီး ရခိုင်ဖြစ်စေ၊ မွတ်စလင်ဖြစ်စေ နိုင်ငံသားအပြည့်အဝရရှိရေး မူဝါဒကို ကိုင်စွဲ၍ လက်တွေ့ဆောင် ရွက်ပြီး အောင်မြင်မှုများရနေသည်။
ရိုဟင်ဂျာ မွတ်စလင်အရေး တက်ကြွလှုပ်ရှားသူဆိုသူများနှင့် မွတ်စလင် လက်နက်ကိုင်အဖွဲ့အစည်းအချို့ကမူ နိုင်ငံ ရေးလမ်းပျောက်နေသည်။ လူမျိုးရေးအမုန်းတရားများဖြင့် စစ်အာဏာရှင်စနစ်အား ဆန့်ကျင်တိုက်ပွဲဝင်နေသူများကို နောက်ကျောမှ ဓားနှင့်ထိုးရန် ကြံရွယ်နေကြသည်။
မောင်တော မြို့မဂျာမေဗလီ ပြန်ဖွင့်သည့်သတင်းနှင့်အတူ မွတ်စလင် လက်နက်ကိုင်အဖွဲ့အချို့က မောင်တောဒေသ ခံ ရခိုင်မျိုးစုဝင် သုံးဦးကို သတ်ဖြတ်သည့်သတင်း တွေ့ရ၏။ ထို့ပြင် ၂၀၂၅ ခုနှစ်။ စက်တင်ဘာ ၁၈ ရက်ကစပြီး မောင်တောမြောက်ပိုင်းအား ARSA/RSO စသည့် မြန်မာစစ်တပ်နှင့် ပူးပေါင်းသည့် လက်နက်ကိုင်အဖွဲ့များ ဝင်ရောက်တိုက်ခိုက်နေသည်ကို တွေ့ရသည်။
ဤသို့ အစွန်းရောက်လှုပ်ရှားမှုများ ရှိနေသော်လည်း ULA/AA သည် စစ်အာဏာရှင်စနစ်ဖြုတ်ချရေး၊ ရခိုင်လူ့အဖွဲ့အစည်း သဟဇာတဖြစ်ရေးနှင့် ရခိုင်ရှိ နိုင်ငံသားတိုင်း အခွင့်အရေးအပြည့်အဝ ရရှိရေးလမ်းကြောင်းမှ သွေဖည်ခြင်းမရှိဘဲ မွတ်စလင်အရေးကို စိုက်လိုက်မတ်တပ် တဆင့်ပြီးတဆင့် ဖြေရှင်းနေသည်ကို တွေ့ရပေသည်။
ရခိုင်ရှိ မွတ်စလင်အရေး ဖြေရှင်းရေးအတွက် စစ်အာဏာရှင်စနစ်ဖြုတ်ချရေး၊ ရခိုင်လူ့အဖွဲ့အစည်း သဟဇာတဖြစ်ရေးနှင့် ရခိုင်ရှိ နိုင်ငံသားတိုင်း အခွင့်အရေးအပြည့်အဝ ရရှိရေးကို အခြေခံမူဝါဒအဖြစ် ကိုင်စွဲခြင်းသည် ပြဿနာကို ဖြေရှင်းနိုင်မည့် အခြေခံဖြစ်ပေလိမ့်မည
ရခိုင်ရှိ မွတ်စလင်အရေး ဖြေရှင်းရေးအတွက် စစ်အာဏာရှင်စနစ်ဖြုတ်ချရေး၊ ရခိုင်လူ့အဖွဲ့အစည်း သဟဇာတဖြစ်ရေးနှင့် ရခိုင်ရှိ နိုင်ငံသားတိုင်း အခွင့်အရေးအပြည့်အဝ ရရှိရေးကို အခြေခံမူဝါဒအဖြစ် ကိုင်စွဲခြင်းသည် ပြဿနာကို ဖြေရှင်းနိုင်မည့် အခြေခံဖြစ်ပေလိမ့်မည်။
ထို့ပြင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မှတ်ချက်ပြုသကဲ့သို့ပင် ရခိုင်တွင် မွတ်စလင်ဒုက္ခသည်ပြသနာ ဖြေရှင်းရန် ULA/AA ကို ဖယ်ထုတ်ပြီး စဉ်းစား၍ မရနိုင်ပေ။ ULA/AA ကို မဏ္ဍိုင်ပြု စဉ်းစားမှသာ ပြဿနာကို အေးချမ်းစွာ ဖြေရှင်းနိုင်ပေလိမ့်မည်။
(ဗညားအောင်သည် နိုင်ငံရေးနှင့် တိုင်းရင်းသားရေးရာများဆိုင်ရာ သုတေသီတဦး ဖြစ်သည်။)
You may also like these stories:
- မောင်တော မြို့မဂျာမေဗလီ ဖွင့်ပွဲ တက်ရောက်ခြင်း
- ရိုဟင်ဂျာတွေ အသတ်ခံရတယ်ဆိုတဲ့ ထန်းရှောက်ခံရွာသို့
- ဂုဏ်သိက္ခာရှိရှိ တာဝန်ထမ်းဆောင်ခွင့်ရတာ ကျနော် ဝမ်းသာတယ်
- စစ်ပွဲစည်းကမ်း ကျော်လွန်လုပ်ဆောင်မှုကြောင့် BNA သတင်းထောက်ကို စစ်ဆေးနေဟု AA ပြော
- အပြောထက် လက်တွေ့လုပ်ရအောင် (ရုပ်/သံ)
- မူးယစ်ဆေးတွေရဲ့ လက်သည် ဘယ်သူလဲလို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင် မေးခွန်းထုတ် (ရုပ်/သံ)
No comments:
Post a Comment