By Admin
10 Oct 2025
ရခိုင်နှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် ဖြစ်နေသည့် မွတ်ဆလင်လက်နက်ကိုင်တပ် (ARSA) နှင့် အာရက္ခတပ်တော် (AA) တို့၏ တိုက်ပွဲကြောင့် နယ်စပ်တစ်လျှောက်တွင် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် (BGB) က တပ်ဖြန့်ထားကြောင်း ဘင်္ဂလားဒေ့ရှ်အခြေစိုက် သတင်းဌာနများက ဖော်ပြသည်။
၂၀၂၄ ခုနှစ်အတွင်း တွေ့ရသည့် BGB တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - BGB
ရခိုင်နှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် ဖြစ်နေသည့် မွတ်ဆလင်လက်နက်ကိုင်တပ် (ARSA) နှင့် အာရက္ခတပ်တော် (AA) တို့၏ တိုက်ပွဲကြောင့် နယ်စပ်တစ်လျှောက်တွင် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် (BGB) က တပ်ဖြန့်ထားကြောင်း ဘင်္ဂလားဒေ့ရှ်အခြေစိုက် သတင်းဌာနများက ဖော်ပြသည်။
ရခိုင်ဘက်ခြမ်းတွင် တိုက်ပွဲများ ပြင်းထန်နေခြင်းကြောင့် အောက်တိုဘာ ၉ ရက် ညအချိန်တွင် နယ်စပ်မကျော် လာစေရန် BGB က တပ်ဖြန့်ထားပြီး နယ်စပ်အနီးမှာ ဒုက္ခသည်များနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများကိုလည်း သတိပေးထားကြောင်း Dhaka Tribune သတင်းဌာနက ဖော်ပြသည်။
ရခိုင်ဘက်ခြမ်းတိုက်ပွဲမှ ကျရောက်လာသည့် ကျည်ဆံထိမှန်ခြင်းကြောင့် ယမန်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားခရိုင် အူခီးယားမြို့နယ်အတွင်း ခိုလှုံနေသည့် မွတ်ဆလင်ဒုက္ခသည်တစ်ဦး ဒဏ်ရာရခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။
အဆိုပါ တိုက်ပွဲများအတွက် မွတ်ဆလင်လက်နက်ကိုင်တပ်ဖွဲ့များကို စစ်ကောင်စီက လက်နက်ထောက်ပံ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကလည်း သူတို့ နိုင်ငံတွင်း ARSA အုပ်စုများကို လှုပ်ရှားသွားလာခွင့်နှင့် ထောက်ပံ့မှုများ ပေးထားကြောင်း နယ်စပ်ဒေသခံများက ပြောသည်။
" စစ်ကောင်စီကတော့ စိန့်မာတင်ကျွန်းအနီးမှာ ရှိတဲ့ နေဗီက တစ်ဆင့် ငါးဖမ်းသမားလို ဟန်ဆောင်ထားတဲ့ မွတ်ဆလင်အကြမ်းဖက် စက်လှေတွေကို လက်နက်တွေ ထောက်ပံ့တယ်။ ဘင်္ဂလားဒေ့ရှ်ကတော့ နိုင်ငံတွင်း သွားလာလှုပ်ရှားလို့ရအောင်၊ စခန်းချလို့ရအောင် ကိုယ်တိုင် မထောက်ပံ့ပေမယ့် နေရာပေးထားတဲ့ သဘောပေါ့ " ဟု နယ်စပ်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
မွတ်ဆလင်လက်နက်ကိုင်များ လှုပ်ရှားမှုအတွင်း BGB အရာရှိအချို့က အားပေးအားမြှောက် ပါဝင်ပတ်သက်နေကြောင်းနှင့် ဘင်္ဂလားဒေ့ရှ်အစိုးရဘက်မှ အရေးယူ ထိန်းကျောင်းမှုမရှိလျှင် နှစ်ဖက်ဆက်ဆံရေး တင်းမာလာနိုင်ကြောင်း စက်တင်ဘာ ၂၇ ရက်က AA က ထုတ်ပြန်ခဲ့သည်။
BGB ဖက်မှလည်း ARSA၊ RSO တို့နှင့် ပတ်သတ်ဆက်နွယ်ခြင်းမရှိကြောင်းအပြင် အာရက္ခတပ်တော်ကို မူးယစ်ဆေးဝါး ကုန်သွယ်မှု၌ ပါဝင်ပတ်သတ်နေသည်ဟု စွပ်စွဲထားပြီး နယ်စပ်ဒေသ တိုက်ပွဲများမှ အာရက္ခတပ်တော် တပ်သားသစ်များ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးမှုများ ရှိကြောင်း စက်တင်ဘာ ၂၉ ရက်နေ့က တန်ပြန်စွပ်စွဲထားသည်။
ဒုက္ခသည်များ နေရပ်ပြန်ရေးအတွက် ဘင်္ဂလားဒေ့ရှ်အနေဖြင့် မွတ်ဆလင်လက်နက်ကိုင်များကို ထိရောက်စွာ ထိန်းချုပ်ကန့်သတ်ရန် လိုအပ်ပြီး မွတ်ဆလင်ဒုက္ခသည်များ အင်အားကြီးလာခြင်းသည် ဒုက္ခသည်များ နေရပ်ပြန်ရေး မျှော်လင့်ချက် ပျောက်ဆုံးသွားနိုင်ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်ကြသည်။
" ယူနွတ်အစိုးရကတော့ ဒုက္ခသည်နေရပ်ပြန်ရေးကို မကြာမကြာ ပြောနေတာ တွေ့ရတယ်။ ဒါပေမဲ့ မြေပြင်မှာ မွတ်ဆလင်လက်နက်ကိုင်တွေကို လွှတ်ပေးထားတာက ပြောတာနဲ့ လုပ်နေတာ ဆန့်ကျင်ဖက် ဖြစ်တယ်။ ဒီတော့ ဒုက္ခသည် နေရပ်ပြန်ရေးဆိုတာကို တကယ်လို ချင်တာလားဆိုတာ မေးခွန်းထုတ်ရတော့မယ်။ ဒုက္ခသည် ၁ သန်းကျော်က သူတို့အတွက် ဝန်ထုပ်ဝန်ပိုးဆိုပေမယ့် တစ်ဖက်မှာလည်း လုပ်သားအင်အား တစ်သန်းကျော်ရှိတာပဲ" ဟု နိုင်ငံရေးလေ့လာသူတစ်ဦးက ရှုမြင်သည်။
လက်ရှိတွင် အာရက္ခတပ်တော်သည် နယ်စပ်လုံခြုံရေးကို အထူးအရေးထား ဆောင်ရွက်နေပြီး ARSA အုပ်စုကိုလည်း တိုက်ထုတ်နေကြောင်း နယ်စပ်သတင်းရင်းများက ဆိုသည်။
လက်ရှိတိုက်ပွဲများသည် မောင်တောမြောက်ပိုင်း နယ်စပ်မိုင်တိုင် PB ၅၄၊ ၅၆၊ ၅၇ စသည့် မယူတောင်ကြော နေရာတို့တွင် တိုက်ပွဲများ ရှိနေပြီး တောင်ပြိုလက်ဝဲမြို့ တောင်ဘက် နတ်မြစ်အနီး ကျီးကျွန်းတွင်လည်း မကြာခဏ တိုက်ပွဲများ ရှိနေကြောင်း သိရသည်။
တောတောင်ထူထပ်ပြီး မိုင်ပေါင်း ၁၆၈ မိုင် ရှည်လျားသည့် ဘင်္ဂလားဒေ့ရှ်နယ်စပ်တစ်ခုလုံးကို အပြည့်အဝ ထိန်းချုပ်နိုင်ရန် အာရက္ခတပ်တော်အနေဖြင့် မွတ်ဆလင်လက်နက်ကိုင်များ၏ နှောင့်ယှက်မှုကြောင့် ခက်ခဲနအုံးမည်ဟု လေ့လာသူများက သုံးသပ်ကြသည်။
Link : Here

No comments:
Post a Comment