" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, November 17, 2023

ICJ တရားရုံးအမှုမှာ ခြောက်နိုင်ငံ ပူးပေါင်းပါဝင်လာ

RFA
RFA Burmese
2023.11.17

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုစွပ်စွဲချက် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့က ကြားနာစစ်ဆေးစဉ်။ICJ 

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု စွဲချက်နဲ့ မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက နိုင်ငံတကာတ ရားရုံး (ICJ) မှာ တရားစွဲဆိုထားတဲ့ အမှုကို ကနေဒါ၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန် နဲ့ ဗြိတိန် စတဲ့ ခြောက်နိုင်ငံက ပူးပေါင်းပါဝင်တယ်လို့ ICJ က နိုဝင်ဘာ ၁၆ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်
အမျိုးသမီးနဲ့ ကလေးငယ်တွေ အကြမ်းဖက်တိုက်ခိုက်ခံရတဲ့ အခြေအနေကို အဓိကထားပြီး ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ ဂျာမနီ နိုင်ငံခြားရေးဝန်ကြီး တာနီရာ ဗွန် အာစလာက တွစ်တာမှာ ရေးသား လိုက်ပါတယ်။

၂ဝ၁၇ ခုနှစ်က ရိုဟင်ဂျာ ခုနစ်သိန်းကျော်ကို အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲကို မောင်းထုတ်ခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ ရှင်းလင်းရေး စစ်ဆင်ရေးတွေဟာ လူမျိုးတုံးစေလိုတဲ့ ဆောင်ရွက်ချက်တွေ ပါဝင် တယ်လို့ ကုလသမဂ္ဂရဲ့ အချက်အလက်ရှာဖွေရေးမစ်ရှင်အဖွဲ့က သုံးသပ်ထားပါတယ်။

မြန်မာနိုင်ငံဘက်ကတော့ ကုလသမဂ္ဂရဲ့ တွေ့ရှိချက်တွေဟာ မှားယွင်းပြီး ဘက်လိုက်မှုရှိနေတယ်လို့ တုံ့ပြန်ထားပြီး လူမျိုးတုံးသတ်ဖြတ်မှု စွဲချက်ကို ငြင်းဆန်ထားပါတယ်။ မြန်မာစစ်တပ်ရဲ့ စစ်ဆင်ရေး တွေဟာ ရိုဟင်ဂျာ လက်နက်ကိုင်တွေကို ပစ်မှတ်ထား နှိမ်နှင်းတာသာ ဖြစ်တယ်လို့ ပြောထားပါတယ်။

ဒီခြောက်နိုင်ငံအပြင် တောင်အာရှက မော်လဒိုက်နိုင်ငံကလည်း မြန်မာနိုင်ငံကို စွဲဆိုထားတဲ့အမှုမှာ ပူးပေါင်းပါဝင်ထားတယ်လို့ ICJ တရားရုံးက ထုတ်ပြန်ထားပါတယ်။

ဗြိတိန်အခြေစိုက် မြန်မာ-ရိုဟင်ဂျာအသင်း (ယူကေ)ရဲ့ ဥက္ကဋ္ဌ ဦးထွန်းခင်က... ဒီခြောက်နိုင်ငံက အခု လို ပူးပေါင်းပါဝင်တာဟာ ရိုဟင်ဂျာတွေ တရားမျှတမှုရဖို့အတွက် အရေးကြီးတဲ့ ခြေလှမ်းဖြစ်ပြီး ဒါ ဟာ မြန်မာစစ်တပ်အပေါ် ဖိအားတွေ တိုးလာစေတယ်လို့ ကြေညာချက်ထုတ်ပြန်ထားပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */