" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, December 7, 2023

စစ်ခေါင်းဆောင်တွေကို နိုင်ငံတကာ ဖမ်းဝရမ်းထုတ်နိုင်ဖို့ အာဂျင်တီးနားတရားရုံးမှာ တောင်းဆို

VOA
ဗွီအိုအေ (မြန်မာဌာန)

၀၇ ဒီဇင်ဘာ၊ ၂၀၂၃ 

 စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရုရှားနိုင်ငံ မော်စကိုမြို့က Roscosmos နဲ့အစည်းအဝေးအတွင်းတွေ့ရစဉ် (ဇူလိုင် ၁၂၊ ၂၀၂၂)

ရိုဟင်ဂျာတွေအပေါ် လူမျိုးသုဥ်းသတ်ဖြတ်မှုမှာ တာဝန်ရှိတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ အာဏာသိမ်းစစ် ခေါင်း ဆောင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ မြန်မာစစ်အရာရှိ ခြောက်ဦးကို နိုင်ငံတကာ ဖမ်းဝရမ်းထုတ်ဖို့ အာဂျင်တီးနားနိုင်ငံက တရားရုံးတခုမှာ ရိုဟင်ဂျာအဖွဲ့တခု က ဒီဇင်ဘာ ၆ ရက်က တင်သွင်းလိုက်ပါတယ်။
“ဒါဟာ ရိုဟင်ဂျာတွေအပေါ် ဆယ်စုနှစ်များစွာကြာ လူမျိုးသုဥ်းသတ်ဖြတ်မှုအတွက် တာဝန်ခံမှုဆီဦး တည်တဲ့ သမိုင်းခြေလှမ်းဖြစ်ပြီး တရားမျှတမှုအတွက် ကာလရှည်ကြာတိုက်ပွဲဝင်ခဲ့တဲ့ အသီးအပွင့်တွေ စတင်နေပြီဆိုတာ ပြသနေတယ်” လို့ ဗြိတိန်နိုင်ငံအခြေစိုက် မြန်မာရိုဟင်ဂျာများအဖွဲ့ (Burmese Rohingya Organisation UK – BROUK) ဥက္ကဋ္ဌ ဦးထွန်းခင်က အဖွဲ့ရဲ့ ထုတ်ပြန်ချက်ထဲမှာ ပြောပါ တယ်။ “အာဂျင်တီးနားတရားစီရင်ရေးစနစ်က ဒီရာဇ၀တ်မှုတွေကို စုံစမ်းစစ်ဆေးဖို့ ကတိကဝတ်ပြု ထားပြီး အခု ဒီ ပုဂ္ဂိုလ်ခုနစ်ဦးမှာ တာဝန်ရှိကြောင်းနဲ့ နိုင်ငံတကာ ဖမ်းဝရမ်းထုတ်ပေးဖို့ တရားရုံးကို တောင်းဆိုထားကြောင်း” သူက ပြောပါတယ်။ လူမျိုးသုဥ်း သတ်ဖြတ်မှုကျူးလွန်တဲ့သူတွေဟာ ဥပဒေ လက်ကနေ လွတ်မြောက်မနေသင့်ဘူးလို့ သူက ဆိုပါတယ်။

အခု တောင်းဆိုချက်ကို ဗျူနိုအေးရိစ်က ဖက်ဒရယ်တရားရုံးအမှတ် ၁ နဲ့ တရားစွဲအဖွဲ့က ထည့်သွင်း စဉ်း စားရမှာဖြစ်ပြီး တရားရုံးကလက်ခံရင် နိုင်ငံတကာရဲတပ်ဖွဲ့ အင်တာပိုလ်မှာ နိုင်ငံတကာ ဖမ်းဝရမ်း ထုတ်နိုင်တဲ့အထိ အလိုအလျောက်ဖြစ်လာနိုင်တယ်လို့ BROUK အဖွဲ့က ပြောပါတယ်။ အခု ဖမ်းဝရမ်း တောင်းခံမှုမှာ တာဝန်ရှိသူ ခုနစ်ဦးကို အမည်တပ်ပေမယ့် နောက်ထပ်လည်း ပြစ်မှုကျူးလွန်သူတွေကို ထပ်တိုးနိုင်တယ်လို့ ဆိုပါတယ်။ အခု တောင်းဆိုတဲ့ စာရင်းထဲမှာ အာဏာသိမ်းစစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒုတိယခေါင်းဆောင် ဒုတိယကာကွယ်ရေးစစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီး စိုးဝင်း တို့ပါဝင်ပါတယ်။

ဒါ့အပြင် ၂၀၁၇ ခုနှစ်တုန်းက ရခိုင်မြောက်ပိုင်းဖြစ်ပွားခဲ့တဲ့ ရိုဟင်ဂျာတွေအပေါ် တိုက်ခိုက်မှုအတွင်း သတ်ဖြတ်မှုနဲ့ မုဒိမ်းမှုတွေကို တိုက်ရိုက်ကျူးလွန်သူတွေအဖြစ် စွပ်စွဲခံရတဲ့ ကျေးရွာဥက္ကဋ္ဌတဦးနဲ့ ရဲအ ရာရှိတဦးတို့လည်း ပါဝင်ပါတယ်။ ကုလသမဂ္ဂရဲ့မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာ ဖွေရေး မစ်ရှင် (IIMM) ရဲ့ ၂၀၁၈ ခုနှစ် အစီရင်ခံစာထဲမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ အခြားကျူးလွန်သူ တွေ ကို ရိုဟင်ဂျာလူမျိုးသုဥ်းသတ်ဖြတ်မှုအတွက် တရားစွဲဆိုသင့်ကြောင်း အကြံပြုထားပါတယ်။ အခု စွပ် စွဲခံရသူတွေကို အာဂျင်တီးနား ရာဇသတ်ကြီးဥပဒေအရ လူမျိုးသုဥ်းသတ်ဖြတ်မှု၊ ပြင်းထန်တဲ့ လူသတ် မှု၊ လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုမှုနဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေအပါအဝင် ရာဇ၀တ်မှုတွေနဲ့ စွပ်စွဲခံထား ရပါတယ်။

ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့် နိယာမအရ ဒီလို ကြီးလေးတဲ့ ရာဇ၀တ်မှုတွေကို ကမ္ဘာ့ ဘယ်နေ ရာမှာ ကျူးလွန်ခဲ့တာဖြစ်ပါစေ၊ ကမ္ဘာပေါ်က ဘယ်နေရာမှာမဆို စုံစမ်းစစ်ဆေးနိုင်ကြောင်း အဖွဲ့ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။ BROUK အဖွဲ့က ဒီအမှုကို ၂၀၂၁ ခုနှစ်မှာ အမှုဖွင့်ခဲ့ တာဖြစ်ပါ တယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */