RFA
ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)
2025.03.13
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အူခီရာဒုက္ခသည်စခန်းအတွင်း ရိက္ခာဝေသည့် နေရာတွင် စောင့်ဆိုင်းနေသော ရိုဟင်ဂျာကလေးငယ်တစ်ဦးအား ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလအတွင်းက တွေ့ရစဉ်။ Photo: AFP
ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည်တစ်ဦးကို တစ်လ ၁၂ ဒေါ်လာခွဲနှုန်း ရိက္ခာထောက်ပံ့ပေးနေရာကနေ တစ်လ ခြောက်ဒေါ်လာအထိ လျှော့ချဖြတ်တောက်တော့မဲ့အကြောင်း ကုလသမဂ္ဂတာဝန်ရှိသူတွေနဲ့ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတာဝန်ရှိသူတွေက အတည်ပြုပြောထားတယ်လို့ မတ်လ ၅ ရက်နေ့က ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
“ရိုဟင်ဂျာတွေဟာ အရင်ကတည်းက မသေရုံတမယ် စားနေရတာပါ။ အခုလို ဖြတ်တောက်လိုက်တဲ့အတွက် ဖြည်းဖြည်းချင်း သေဒဏ်ပေးသလိုပါပဲ”
အခုလို ရိက္ခာအကူအညီဖြတ်တောက်မခံရအောင် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP က ဧပြီ ၁ ရက်နေ့ မတိုင်ခင် ဒေါ်လာ ၈၁ သန်း အလှူငွေရဖို့ ကြိုးစားနေပေမဲ့ အလှူရှင် ရှာမတွေ့နိုင်သေးဘူးလို့လည်း ရိုက်တာသတင်းက ဖော်ပြပါတယ်။
မြန်မာရိုဟင်ဂျာအသင်း ယူကေ BROUK ရဲ့ ဥက္ကဋ္ဌ ဦးထွန်းခင်က “ရိုဟင်ဂျာတွေဟာ အရင်ကတည်း က မသေရုံတမယ် စားနေရတာပါ။ အခုလို ဖြတ်တောက်လိုက်တဲ့အတွက် ဖြည်းဖြည်းချင်း သေဒဏ်ပေးသလိုပါပဲ” လို့ မတ်လ ၅ ရက်နေ့ ကြေညာချက်ထဲမှာ ထည့်ပြောထားပါတယ်။
ရိုဟင်ဂျာဒုက္ခသည်တွေကို စားနပ်ရိက္ခာ ဖြတ်တောက်လိုက်ရင် အသက်သေဆုံးတဲ့အထိ ထိခိုက်လာနိုင်တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ကိုယ်စားလှယ် ရာနာ ဖလားဝါးက မတ်လ ၁၁ ရက်က ကျင်းပတဲ့ ကုလသမဂ္ဂရဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားပါတယ်။
“ရိုဟင်ဂျာတွေအတွက် စားနပ်ရိက္ခာထောက်ပံ့မှုတွေ စိုးရိမ်စရာ အနိမ့်ဆုံးအခြေအနေ ရောက်လာတဲ့အကြောင်း WFP ကနေ ပြီးခဲ့တဲ့လက သတိပေးခဲ့ပါတယ်။ ထပ်ပြီး ရန်ပုံငွေ မရတော့ရင်၊ ရိုဟင်ဂျာတွေအတွက် ပေးနေတဲ့ စားနပ်ရိက္ခာတွေကို တစ်ဝက်ကျော်ကျော်လောက် တစ်လကို ခြောက်ဒေါ်လာနှုန်းအထိ လျှော့ချရတော့မှာ ဖြစ်ပါတယ်။ ဒါက အာဟာရ လိုအပ်ချက် အနိမ့်ဆုံး သတ်မှတ်ချက်ထက် အများကြီး နည်းပါတယ်။ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေ၊ သူတို့ရဲ့ နို့စို့အရွယ် ကလေးငယ်တွေအတွက် အထိခိုက်ဆုံး ဖြစ်ပါလိမ့်မယ်။ ကလေးငယ်တွေအတွက် နောက် ဆက်တွဲ ထိခိုက်မှုက မြန်ဆန်ပြီး အသက်သေဆုံးတဲ့အထိ ဖြစ်လာနိုင်ပါတယ်”
ဒါဟာ ရိုဟင်ဂျာတွေအတွက် ၂၀၁၇ ခုနှစ် နောက်ပိုင်း အဆိုးဆုံးအခြေအနေတစ်ခု ဖြစ်လာနိုင်တယ်လို့ မြန်မာရိုဟင်ဂျာ အသင်း (ယူကေ) BROUK ရဲ့ ဥက္ကဋ္ဌ ဦးထွန်းခင်က ပြောပါတယ်။
“လူမျိုးတုံးသတ်ဖြတ်မှုကနေ လွတ်မြောက်လာတဲ့ ရိုဟင်ဂျာတွေအတွက် ၂၀၁၇ ခုနှစ် နောက်ပိုင်း အဆိုးဝါးဆုံး အခြေအနေကို ရင်ဆိုင်ရဖို့ ရှိမယ်။ ၅၁ ရာခိုင်နှုန်းက ကလေးငယ်တွေ၊ အမျိုးသမီးတွေ ဖြစ်တယ်။ ဒုက္ခသည် စခန်းထဲမှာ ရိုဟင်ဂျာတွေက အလုပ်လုပ်ခွင့်လဲ မရှိဘူး။ ဒီ အကူအညီတွေကိုပဲ မှီခိုနေရတာဆိုတော့ ၁၂ ဒေါ်လာကနေ ခြောက်ဒေါ်လာအထိ လျှော့ချလိုက်တယ်ဆိုတာက တော်တော်လေး ဆိုးဝါးတဲ့ အခြေအနေတစ်ခု ရင်ဆိုင်ရဖို့ ရှိတယ်။ ဒီလိုအနေအထားမှာ ရိုဟင်ဂျာတွေကို နိုင်ငံတကာကနေ ဘယ်လိုနည်းနဲ့ ဖြစ်ဖြစ် ဒီအထောက်အပံ့ကို ဖြည့်ဆည်းပေးရမှာပေါ့။ ၁၂ ဒေါ်လာကို ပြန်ပြီး ရအောင်လုပ်ဖို့ လိုတယ်ဆိုတာ ကျွန်တော်တို့အနေနဲ့ advocacy (အကြံပြု တိုက်တွန်းချက်တွေ) လုပ်နေပါတယ်”

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားရှိ ဘာလုခါလီဒုက္ခသည်စခန်းတွင် ထောက်ပံ့ပေးအပ်သည့် ရိက္ခာများအား ယူဆောင်လာသည့် ရိုဟင်ဂျာဒုက္ခသည်ကလေးတစ်ဦးအား ၂ဝ၁၇ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့က တွေ့ရစဉ်။ (Photo: Reuters)
No comments:
Post a Comment